Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CNLD ပါတီဥက္ကဌဟောင်း SNDP ကျားဖြူပါတီ ကိုယ်စားပြုပြီး ရန်ကုန်မှာ ရွေးကောက်ပွဲ ဝင်မည်

CNLD ပါတီဥက္ကဌဟောင်း SNDP ကျားဖြူပါတီ ကိုယ်စားပြုပြီး ရန်ကုန်မှာ ရွေးကောက်ပွဲ ဝင်မည်

0
By Editor on October 22, 2025 Headline

(006SV)

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ဥက္ကဌဟောင်း ပူးဇိုဇမ်းသည် လာမည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကိုယ်စားပြုပြီး ရန်ကုန်တွင် အမျိုးသားလွတ်တော် မဲဆန္ဒနယ် အမှတ် ၆ (အချိုးကျ ကိုယ်စားပြုစနစ်) မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

“ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (NBF)ကိုယ်စားဝင်ပြိုင်ထာပါဗျ။ တိုင်းရင်းသားပါတီတွေ စုပေါင်း ထားတဲ့ NBF မှာလည်း ကျနော်က ၂၀၁၀ ကနေ ဒီနေ့အထိ ပူးတွဲ တည်ထောင်သူတွေနဲ့ ပြောရေးဆိုခွင့် တာဝန်တွေကို ယူထားတာပါ။ အဲဒါ သူတို့အတွက် အမျိုးသားလွှတ်တော်ကနေပြီး အလုပ်လုပ်ပေးချင်လို့ပါဗျ၊၊ CNPနဲ့ CNLD ချင်းပါတီ တွေလည်း NBF ထဲပါခဲ့၊ ဦးဆောင်ခဲ့တဲ့ မဟာမိတ်တွေလည်း ဖြစ်ပါတယ်” ဟု ပူးဇိုဇမ်းက ပြောသည်။

NBF ပါတီများထဲက ကျားဖြူပါတီ ဟူ၍ လူသိများသော ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကို ရွေးချယ်ရခြင်းသည် တိုင်းရင်းသားများပူးပေါင်း၍ ဆောင်ရွက်ချင်သောကြောင့်ဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသားများ အခွင့်အရေးကို တိုက်ပွဲဝင်သွားမည်ဟု ဝါရင့် ချင်းနိုင်ငံရေးသမား ပူးဇိုဇမ်းက ပြောသည်။

“ကျနော်က လက်နက်နဲ့ အာဏာ ရယူထားတာ မကြိုက်ဘူး။ နှုတ်ပါးစပ်နဲ့ ဆွေးနွေးထာကိုပဲ ယုံတယ်၊၊ ကျနော်က Peacemaker (ငြိမ်းချမ်းရေးဖော်ဆောင်သူ) ကောင်းတစ်ဦးပဲ ဖြစ်ချင်တယ်၊၊ သေတဲ့ အထိ လုပ်ဖို့ ရည်ရွယ်ထားတာက Peace developing/Peace building (ငြိမ်းချမ်းရေးတည်ဆောက် အကောင်အထည်ဖော်သူ) လုပ်ဖို့ပါပဲ၊၊ တိုင်းရင်း သားများ အခွင့်အရေးကို ပြည်ထောင်စုလွှတ်တော်ထဲကနေ တိုက်ပွဲဝင်ပေးချင်ပါတယ်၊၊ အဓိက ဒီအချက်ပါပဲ” ဟု ပူးဇိုဇမ်းက ပြောသည်။

ပူးဇိုဇမ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းအမျိုးသားပါတီ (CNP) ကို တည်ထောင်ပြီး တီးတိန်မြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ အနိုင်ရရှိကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်း ၃ ပါတီ ပေါင်း စည်းထားသော ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD) တွင် အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ဖူးကြောင်း သိရသည်။

နာမည်ကျော် ချင်းကာတွန်း ဆရာတစ်ဦးလည်း ဖြစ်သော ပူးဇိုဇမ်းသည် ၂၀၁၅ ခုနှစ်က တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် အသိသက်သေအဖြစ် ပါဝင်ခဲ့ပြီး ၂၀၂၁ အာဏာသိမ်းနောက်ပိုင်း စစ်တပ်၏ NCA အခမ်းအနားများတွင်လည်း ပါဝင်နေသူဖြစ်ကြောင်း သိရသည်။

၂၀၂၅ ရွေးကောက်ပွဲအတွက် စစ်တပ်က ပါတီများကို ပြန်လည်မှတ်ပုံတင်ခိုင်းရာတွင် CNLD ပါတီသည် မှတ်ပုံမတင်ခဲ့ သည့်အတွက် ပါတီဖျက်သိမ်းခံထားရသည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် စစ်တပ်၏ ရွေးကောက်ပွဲတွင် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)သည် လွှတ်တော်ကိုယ်စားလှယ် ၅၈၀ ကျော်ဖြင့် နိုင်ငံတဝန်းတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.