Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»PDF (Kalay) တပ်ရင်း-၃ ဝင်စီးခံရချိန် PDF ရဲဘော် ၂ ဦးနှင့် ဆေးတပ်ဖွဲ့မှ အမျိုးသမီးတစ်ဦး ကျဆုံး

PDF (Kalay) တပ်ရင်း-၃ ဝင်စီးခံရချိန် PDF ရဲဘော် ၂ ဦးနှင့် ဆေးတပ်ဖွဲ့မှ အမျိုးသမီးတစ်ဦး ကျဆုံး

0
By Editor on November 18, 2021 Headline

ကလေးမြို့အနောက်တောင်ဘက်ရှိ PDF (Kalay) တပ်ရင်း ၃ လက်အောက်မှ တပ်ခွဲစခန်းတစ်ခု နိုဝင်ဘာလ ၁၆ ရက်နေ့ က စစ်ကောင်းစီတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းစဉ်တွင် PDF ရဲဘော် ၂ ဦးနှင့် ဆေးတပ်ဖွဲ့မှ အမျိုးသမီးတစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

PDF (Kalay) တပ်ရင်း ၃ လက်အောက်မှ တပ်ခွဲစခန်းတစ်ခုကို နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ ဝင်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စီးနင်းသိမ်းပိုက်ခဲ့ပြီးနောက် PDF (Kalay) ဆေးတပ်ဖွဲ့မှ အမျိုးသမီး ၁၀ ဦးနှင့် ရဲဘော် ၂ ဦး စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးကာ ရဲဘော် ၂ ဦးနှင့် ချင်းအမျိုးသမီး မိုင်ချင်ချင်တို့ ၃ ဦးမှာ သေနတ်ဒဏ်ရာဖြင့် ကျဆုံးခဲ့ကြသည်ဟု PDF (Kalay) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“စခန်းသိမ်းတဲ့အချိန်မှာ ပစ်သတ်ခံရတာ၊ နဖူးတည့်တည့်မှာ ပစ်သတ်ခံရတာ’’ ဟု PDF (Kalay) တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ကျဆုံးသွားသည့် PDF ရဲဘော်များ၏ ရုပ်အလောင်းကို တော်တွင်းတစ်နေရာတွင် မြေမြုပ်သဂြိုလ်လိုက်ကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် PDF (Kalay) တပ်ရင်း-၃ မှ ဖမ်းဆီးခံလိုက်ရသည့် ဆေးတပ်ဖွဲ့ဝင်အမျိုးသမီး ၉ ဦးကို နဂါးပွက်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြပြီး နဂါးပွက်ကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို ယနေ့ နံနက်ပိုင်း ၁၀ နာရီက PDF (Kalay) တပ်ဖွဲ့မှ သွားရောက်ပစ်ခတ်ကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.