• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»PDF (Kalay) တပ်ရင်း-၃ ဝင်စီးခံရချိန် PDF ရဲဘော် ၂ ဦးနှင့် ဆေးတပ်ဖွဲ့မှ အမျိုးသမီးတစ်ဦး ကျဆုံး

PDF (Kalay) တပ်ရင်း-၃ ဝင်စီးခံရချိန် PDF ရဲဘော် ၂ ဦးနှင့် ဆေးတပ်ဖွဲ့မှ အမျိုးသမီးတစ်ဦး ကျဆုံး

0
By Editor on November 18, 2021 Headline

ကလေးမြို့အနောက်တောင်ဘက်ရှိ PDF (Kalay) တပ်ရင်း ၃ လက်အောက်မှ တပ်ခွဲစခန်းတစ်ခု နိုဝင်ဘာလ ၁၆ ရက်နေ့ က စစ်ကောင်းစီတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းစဉ်တွင် PDF ရဲဘော် ၂ ဦးနှင့် ဆေးတပ်ဖွဲ့မှ အမျိုးသမီးတစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

PDF (Kalay) တပ်ရင်း ၃ လက်အောက်မှ တပ်ခွဲစခန်းတစ်ခုကို နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ ဝင်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စီးနင်းသိမ်းပိုက်ခဲ့ပြီးနောက် PDF (Kalay) ဆေးတပ်ဖွဲ့မှ အမျိုးသမီး ၁၀ ဦးနှင့် ရဲဘော် ၂ ဦး စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးကာ ရဲဘော် ၂ ဦးနှင့် ချင်းအမျိုးသမီး မိုင်ချင်ချင်တို့ ၃ ဦးမှာ သေနတ်ဒဏ်ရာဖြင့် ကျဆုံးခဲ့ကြသည်ဟု PDF (Kalay) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“စခန်းသိမ်းတဲ့အချိန်မှာ ပစ်သတ်ခံရတာ၊ နဖူးတည့်တည့်မှာ ပစ်သတ်ခံရတာ’’ ဟု PDF (Kalay) တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ကျဆုံးသွားသည့် PDF ရဲဘော်များ၏ ရုပ်အလောင်းကို တော်တွင်းတစ်နေရာတွင် မြေမြုပ်သဂြိုလ်လိုက်ကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် PDF (Kalay) တပ်ရင်း-၃ မှ ဖမ်းဆီးခံလိုက်ရသည့် ဆေးတပ်ဖွဲ့ဝင်အမျိုးသမီး ၉ ဦးကို နဂါးပွက်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြပြီး နဂါးပွက်ကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို ယနေ့ နံနက်ပိုင်း ၁၀ နာရီက PDF (Kalay) တပ်ဖွဲ့မှ သွားရောက်ပစ်ခတ်ကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.