ချင်းပြည်နယ် ထန်တလန်မြို့နယ် Sopum ကျေးရွာသို့ ယမန်နေ့က ရောက်ရှိခဲ့သည့် စစ်သားများမှ ယနေ့မနက်တွင် ပြန်လည်ဆုတ်ခွာသွားပြီး မည်သည့်နေရာသို့ သွားရောက်မည်ကို မသိရှိရသေးကြောင်း ရွာသားတစ်ဦးထံမှ သိရသည်။
“မနေ့က ရောက်လာတဲ့ စစ်သားတွေက ဒီနေ့မနက်ဘဲ ပြန်ဆုတ်သွားပြီ၊ သူတို့အားလုံးပေါင်းက ၁၀၃ ယောက်ရှိတယ်၊ စစ်သားတွေက ခြေကျင်နဲ့ဘဲ ထန်တလန်ဘက်ကိုသွားတာ၊ ပစ္စည်းတွေတော့ကားနဲ့သယ်သွားတယ်၊ ဘယ်ကိုသွားတာလည်းဆိုတာတော့မသိဘူး” ဟု Sopum ရွာသားတစ်ဦးထံမှသိရသည်။
စစ်ကောင်စီမှ ယခုရက်ပိုင်းတွင် ထန်တလန်ဘက်သို့ စစ်သားဖြည့်တင်းမှုများ လုပ်ဆောင်နေပြီး ထန်တလန်မြို့နယ်မှာ CNF ဌာနချုပ်တည်ရှိရာ ဒေသဖြစ်သဖြင့် စစ်ရေးတင်းမားမှုများရှိလာမည်ကိုလည်း ဒေသခံများမှ စိုးရိမ်နေကြကြောင်းသိရသည်။
စစ်ကောင်စီတပ်များ ယန်မနေ့တွင်သွားရောက်ခဲ့သည့် Sopum ကျေးရွာမှာ CNF ဌာနချုပ်သွားရာလမ်းတွင်တည်ရှိပြီး Sopum ကျေးရွာအကျော် Vanzang ကျေးရွာမှ စတင်ကာ CNF နယ်မြေစတင်ကြောင်း သိရသည်။