Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»UNICEF ၏ ထောက်ပံ့ပစ္စည်းများအား မင်းတပ်မြို့ပေါ် စစ်ဘေးရှောင်စခန်းတွင် စတင်ဖြန့်ဝေ

UNICEF ၏ ထောက်ပံ့ပစ္စည်းများအား မင်းတပ်မြို့ပေါ် စစ်ဘေးရှောင်စခန်းတွင် စတင်ဖြန့်ဝေ

0
By Editor on August 14, 2021 Headline

ချင်းပြည်နယ်တောင်းပိုင်း၊ မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင်ရှိသော မိခင်နှင့် ကလေးသူငယ်များအတွက် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထောက်ပံ့ပစ္စည်းများ မင်းတပ်မြို့ပေါ် စစ်ဘေးရှောင်စခန်းတွင် ယနေ့ စတင်ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း သိရသည်။

“ဒီမနက် ၉ နာရီ ၁ဝ နာရီလောက်က လာပေးတယ်၊ နည်းနည်းပါးပါးလောက်တော့ လာပေးသေးတယ်၊ အကုန်လုံးတော့ လာမပေးသေးဘူး၊ အခု သူတို့ပေးတာကြတော့ အမျိုးအမည် တအားများတယ်၊ ကိုယ်ဝန်ဆောင်တွေအတွက်ဆေး၊ နို့တိုက်မိခင်တို့၊ ၅ နှစ်အောက်ကလေးနဲ့ ၁၀ နှစ် ၁၈ နှစ်ဆိုပြီးခွဲတယ်၊ ကျွန်တော်တို့ Camp က ၅ နှစ်အောက်က ကလေးတွေပဲရသေးတယ်၊ ၁၀ အိမ်ကျော်ကျော်လောက်တော့ ရအုံးမယ်ထင်တယ်။ သူတို့လာမယ်လို့မသိတော့ တောင်ယာသွားတဲ့သူတွေ ဖြစ်နေတော့ မရှိတဲ့သူတွေကိုတော့ မပေးဘူး၊ သူတို့လာတဲ့အချိန် Camp မှာရှိတဲ့သူ တွေပဲရတယ်၊ တခြား ဘယ် Camp တွေကို သွားပေးမယ်ဆိုတာ အတိအကျ မပြောနိုင်ဘူး၊ သူတို့ပြောတာတော့ ဘဝသစ် RC ကို သွားမယ်လို့ပြောတယ်” ဟု မင်းတပ်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီက ခွင့်ပြုထားသော စစ်ဘေးရှောင်စခန်း ၁၀ ခုခန့်ရှိသည်ဟုသိရပြီး စစ်ဘေးရှောင်စခန်းတွင် စာရင်းပြုစုချက်အရ အိမ်ထောင်စု ၁ ထောင်ကျော်နှင့် လူဦးရေ ၆ ထောင်ဝန်းကျင်ခန့်ရှိဟု သိရသည်။

သို့သော်လည်း ယင်းစစ်ဘေးရှောင်ပြည်သူများအစုမှာ နေအိမ်သို့ပြန်သွားကြပြီး လက်ရှိ Camp ၃ ခု ၄ ခုလောက်တွင်သာ စစ်ဘေးရှောင်ပြည်သူ အနည်းစုသာ နေထိုင်ကြကြောင်းလည်း သိရသည်။

မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ဇူလိုင် ၁၉ ရက်နေ့က လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရောက်ရှိလာသည့် ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က လှူဒါန်းသော ကူညီထောက်ပံ့ရေးပစ္စည်းများကို စစ်ကောင်စီ၏ ပိတ်ပင်ကန့်သတ်ချက်ကြောင့် စစ်ဘေးရှောင်ပြည်သူအများစုအား ထောက်ပံ့ခွင့်မရှိဘဲ မင်းတပ်မြို့ပေါ် စစ်ဘေးရှောင်များသာ ရရှိခဲ့ကြသည်။

မင်းတပ်မြို့နယ်အတွင်းရှိ ရိက္ခာသယ်ယူသည့် လမ်းကြောင်းတွင် စစ်ကောင်စီ၏ တင်းကြပ်မှုနှင့် ရိက္ခာသယ်ယူရာတွင် အကန့်သတ်ဖြင့် သယ်ယူနေရသောကြောင့် မင်းတပ်မြို့ပေါ်နှင့် စစ်ဘေးရှောင်စခန်းများတွင် ရိက္ခာများပြတ်လပ်လာဖွယ် အခြေအနေကြုံနေကြရကြောင်းလည်း သိရသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ဧပြီလကုန်ပိုင်းကစပြီး စစ်အာဏာသိမ်းမှုဆန့်ကျင် ကန့်ကွက်ဆန္ဒဖော်ထုတ်ကြသည့် ပြည်သူများအား စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးပစ်ခတ်မှုရှိလာခြင်းကြောင့် မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF-Mindat) ဖွဲ့စည်းကာ စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံ တစ်သောင်းကျော်သည် ကျေးရွာနှင့် တောထဲသို့ အိုးအိမ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီထောက်ပံ့မှု လိုအပ်လျှက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.