Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကနေဒီတောင်နှင့် တီးတိန်မြို့ကြားမှာ စစ်တပ်နှင့် ZRA – EC တို့ ကြားဖြတ်တိုက်ခိုက်ခံရ၊ ZRA – EC တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် ၆ ဦး သေဆုံး

ကနေဒီတောင်နှင့် တီးတိန်မြို့ကြားမှာ စစ်တပ်နှင့် ZRA – EC တို့ ကြားဖြတ်တိုက်ခိုက်ခံရ၊ ZRA – EC တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် ၆ ဦး သေဆုံး

0
By Editor on July 23, 2026 Headline

(006SV)

ကနေဒီတောင်နှင့် တီးတိန်မြို့ကြား ချီတက်လာသော အာဏာသိမ်းစစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ZRA – EC တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် စစ်ကောင်စီတပ်မှ ၆ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိကြောင်း PDF – Zoland ထံမှ သိရသည်။

ဇူလိုင်လ ၂၁ ရက် ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်းရှိ ကနေဒီတောင်နှင့် တီးတိန်မြို့ကြား စစ်ကြောင်းထိုးလာနေသော စစ်တပ်၏ တပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ ZFU/ PDF Zoland က ဇူလိုင်လ ၂၂ ရက်မှာ ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ ZRA- EC တပ်ဖွဲ့ဝင် ၃ ဦး ပါဝင်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်ဟု PDF- Zoland ထံမှ သိရသည်။

အဆိုပါ စစ်ဆင်ရေးသည် PDF – Zoland နှင့် အာဏာသိမ်းစစ်တပ်တို့ကြားမှ တိုက်ပွဲတစ်ခုသာ ဖြစ်ကြောင်း ပြည်သူများ သိရှိစေရန် အသိပေးထုတ်ပြန်ရသည်ဟု PDF – Zoland က ဆိုသည်။

တိုက်ပွဲသည် ဇူလိုင်လ ၂၁ ညဦးပိုင်း ၈ နာရီခန့်တွင် စစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်တို့၏ ကင်းလှည့်ကားကို မြေမြုပ်မိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် PDF – Zoland က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ZRA-EC တပ်ဖွဲ့ဝင် Joshua Zomi က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

သေဆုံးသွားသည့် ZRA-EC တပ်ဖွဲ့ဝင် ၃ ဦးမှာ လမ်ဇမ်းရွာသား မွန်ဂျက်၊ ဘွမ်းလီရွာသား ကေဗီ နှင့် လဲဇန် ရွာသား ထန်နို တို့ဖြစ်ကြောင်း သိရသည်။

စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ရေး အားကောင်းသော ချင်းပြည်နယ်တွင် ZRA – EC တပ်ဖွဲ့သည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များကို ဖိနှိပ်နေသော တပ်ဖွဲ့ဖြစ်ကာ တွန်းဇံမြို့နှင့် တီးတိန်မြို့အပါအဝင် ချင်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားနေသော အဖွဲ့ဖြစ်သည်။

၂၀၂၆ မေလက ချင်းကာကွယ်ရေးတပ်ဖွဲ့က ထိန်းချုပ်ထားသော တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်း၍ ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သလို ချင်းပူးပေါင်းတပ်ဖွဲ့၏ တီးတိန်မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ သတင်းများ ထွက်လာစဉ်ကလည်း မြို့လုံခြုံရေးကိုလည်း စစ်တပ်နှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့သော အဖွဲ့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

ကန်ပက်လက်က စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

August 21, 2026

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.