• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မြို့တွင် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တစ်ဦး စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်

ကန်ပက်လက်မြို့တွင် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တစ်ဦး စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်

0
By Editor on December 14, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့တွင် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်ပါစတာတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်မှု ဒီဇင်ဘာလ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ကန်ပက်လက်မြို့ မြို့ဟောင်းကျေးရွာရှိ ခရစ်တော်အသင်းတော် (Church of Christ) မှ အသက် ၃၀ ခန့်အရွယ် ပါစတာ ဦးအွမ်ကီးသည် ဒီဇင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြပြီး နောက်တနေ့တွင် သေနတ်ဖြင့် ပစ်သတ်ကာ ကန်ပက်လက်မြို့အထွက်ဘက် ဟိုတယ်အနီးလမ်းဘေးတွင် ပစ်ထားခဲ့ကြသည်ဟု ကန်ပက်လက်မြို့မှ အမည်မဖော်လိုသည့် အသင်းတော်ပါစတာတစ်ဦးကပြောသည်။

“ကန်ပက်လက်မြို့ဟောင်းကနေ ကန်ပက်လက်မြို့ကြားမှာပေါ့နော အုတ်ဖိုရွာဆိုတာရှိတယ်၊ အုတ်ဖိုဘက်ကို လာဖို့ ဆင်းလာတဲ့အချိန်မှာ ဖမ်းတယ်လို့ကြားတယ်၊ အဲဒီဘက်မှာလည်း တိုက်ပွဲတွေ လူငယ်တွေကလည်းပစ်ထား တာရှိတော့ သူ့ကိုပြန်ပြီးမှတိုက်ခိုက်တဲ့သဘောဖြစ်မယ်ထင်တယ်၊ ဟိုတယ်ရှေ့နားမှာဘဲအလောင်းကိုပစ်ထားကြတယ်’’ ဟု အသင်းတော်ပါစတာတစ်ဦးကပြောသည်။

ပါစတာဦးအွမ်ကီး၏ ရုပ်အလောင်းကို ကန်ပက်လက်မြို့မှ ဝိတိုရိယတောင်ဘက်သွားသည့် ပန်းလေပြည်ဟိုတယ်အနီး လမ်းဘေးတွင် စစ်ကောင်စီက စွန့်ပစ်ထားသည်ကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ တွေ့ရှိခဲ့ကြပြီး ကန်ပက်လက်မြို့ဟောင်း သချုႋင်းတွင် ဒေသခံပြည်သူများနှင့် လူငယ်များက သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းကစ၍ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် CDF-Kanpetlet တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုများလာပြီး စစ်ကောင်စီဘက်က အကျအဆုံးများကာ အထိနာနေကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးသည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်မှုကြောင့် ချင်းပြည်နယ် တွင် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်ပါစတာ ၃ ဦး သေဆုံးသွားပြီဖြစ်ပြီး ၎င်းတို့မှ ထန်တလန်မြို့မှ ပါစတာကျူံးဗျက်ဟုမ်း၊ မတူပီမြို့မှ ဦးငိုင်ကုန်းနှင့် ကန်ပက်လက်မြို့မှ ဦးအွမ်ကီးတို့ဖြစ်ကြသည်။

ထန်တလန်မြို့TCBC အသင်းတော်ပါစတာကျူံးဗျက်ဟုမ်းသည် စက်တင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မီးလောင်ကျွမ်းသည့်လူနေအိမ်များအားငြိမ်းသတ်ရန်သွားရောက်စဉ်တွင် စစ်ကောင်စီ တပ်သားများက ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး၊ မတူပီမြို့နယ် ငလိုင်းကျေးရွာ သတင်းကောင်းအသင်းတော်မှ ပါစတာ ဦးငိုင်ကုန်းသည်လည်း စက်တင်ဘာလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးကာ ယနေ့ချိန်ထိသတင်းအစအန မရှိပျောက်ဆုံးလျက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.