Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မြို့တွင် ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရဆဲ

ကန်ပက်လက်မြို့တွင် ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရဆဲ

0
By Editor on June 24, 2021 Headline

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲ ဖြစ်ပွားမှုမရှိသော်လည်း ဒေသခံပြည်သူများအများစုသည် နေရပ်သို့မပြန်ရဲကြသေးဘဲ စစ်ဘေးတိမ်းရှောင်သူ ၂၀၀၀ ကျော်ရှိနေသေးကြောင်းသိရသည်။

“ ကျွန်တော်တို့ ကန်ပက်လက်မှာ ကြက်ခြေနီက စစ်ရှောင်စခန်း တရားဝင်အနေနဲ့ စစ်ရှောင်စခန်းတစ်ခု ဖွင့်ထားတယ်၊ ဆောလာင်းကျေးရွာမှာ၊ အညာကတင်း စစ်ရှောင်စခန်းမှာလည်း လူဦးရေ ၄၀၀ ဝန်းကျင်ခန့်ရှိမယ်၊ တီးကုန်ရွာတို့ လောင်းရှည်တို့မှာလည်းရှိ တယ်လို့ကြားတယ်၊အကုန်လုံးခြုံငုံလို့ပြောရင် ၁၄၀၀ လောက်ကိုရှိမယ်၊ ဒါက မြို့ပေါ်ကတွေမပါသေးပဲနဲ့၊ နောက်ပြီး တောထဲပုန်းရှောင်တာတို့၊ အဆင်မပြေတဲ့စစ်ရှောင်တို့၊ ရွာတွေမှာသွားနေတာတွေ သိပ်မပါသေးပဲနဲ့ စစ်ရှောင်စုစုပေါင်းပေါ့နော်” ဟု ကန်ပလက်မြို့ စစ်​ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

မိုးတွင်းကာလရောက်လာရောက်ရှိလာသောကြောင့် တောထဲသို့ပုန်းရှောင်နေကြရသည့် ကန်ပက်လက်စစ်ဘေး ရှောင်ပြည်သူများသည် အမိုးကာများမရှိသည့်အတွက် ဌက်ပျောရွက်၊ သစ်ရွက်များကို အသုံး ပြုကြရကာ အစား အသောက်၊ ဆေးဝါး များအကူအညီလိုအပ်မှုတွေကြုံတွေ့နေရသည်ဟု သိရသည်။

ကန်ပလက်မြို့၊ ကြက်ခြေနီက စစ်ဘေးရှောင်စခန်း (၁) ခုကို ဖွင့်လှစ်ပေးထားကာ မြို့ပေါ်နေပြည်သူ တချို့မှာ မိမိတို့ ဇာတိရွာအပြင် ဆောမြို့တို့တွင် အိမ်ဌားကာ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

ကန်ပလက်မြို့၊ ကြက်ခြေနီအဖွဲ့ ဇွန်လ ၃ ရက်ကစတင်ပြီး ကန်ပလက်မြို့ပေါ်နှင့် တောထဲရှိ တိုက်ပွဲရှောင်ပြည်သူများ အတွက် လိုအပ်သော ဆေးဝါး၊ အစားအသောက်၊ အဝတ်အထည် နှင့် မိုးကာများကိုလည်း ပံ့ပိုးကူညီပေးနေကြောင်းလည်း သိရသည်။ H2

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.