Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စကစ စစ်ကြောင်းအထိနာ၊ အေယာက် ၂၀ လောက်သေဆုံး

ကန်ပက်လက်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စကစ စစ်ကြောင်းအထိနာ၊ အေယာက် ၂၀ လောက်သေဆုံး

0
By Editor on February 24, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အနည်းဆုံးအယောက် ၂၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မကွေးတိုင်း၊ ဆောမြို့နယ် လောင်းရှည်ကျေးရွာဘက်ကနေ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ဘက်ကို စစ်အင်အား အလုံးအရင်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဖေဖော်ဝါရီလ ၁၉ ရက်ကစပြီး ယမန့်နေ့ ဖေဖော်ဝါရီ လ ၂၂ ရက်နေ့အထိ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်ပွား ခဲ့ကြတာဖြစ်ပါ တယ်။

လောင်းရှည်ကျေးရွာဘက်ကနေ စစ်ကား ၁၆ စီးနဲ့ အင်အား ၃၀၀ နီးပါးလောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျင်းဒွေး မြို့မှာ စစ်အင်အားဖြည့်တင်းဖို့တက်လာကြတာဖြစ်ပြီး CDF-Kanpetlet၊ CDF-Dai, Saw-PDF နဲ့ CNA ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အနည်းဆုံးအယောက် ၂၀ လောက်သေဆုံးခဲ့တယ်လို့ CDF-Kanpetlet တပ်ဖွဲ့က တပ်မမှူးကပြောပါ တယ်။

“ကျင်ဒွေးကို သူတို့မရမကအရောက်သွားဖို့ ပြင်ဆင်ကြတယ် လမ်းတစ်လျှောက်လုံးမှာတိုက်ပွဲဖြစ်တာတော့ ၁၉ ရက်နေ့ ကတည်းကဖြစ်တာ မနေ့ကအထိပေါ့ ၁၉ ရက်နေ့မှာ မနက်ပိုင်းတစ်ခါ ညနေပိုင်းတစ်ခါပေါ့ မနက်ပိုင်းမှာ ၂ ယောက်ကျ တယ် ညနေပိုင်းမှာတော့ ၄ ယောက်ကျတယ် ၂၁ ရက်နေ့မှာ ကျနော်တို့တိုက်ပွဲထပ်ဖြစ်တယ် သူတို့ ၃၊ ၄ ယောက်တော့ ကျတယ် သူတို့အင်အားအလုံးအရင်းဆိုတော့ ကျနော်တို့က နောက်တဆင့်ပြန်ဆုတ်ပေးတယ် ၂၂ ရက်နေ့မနေ့ကတော့ တနေ့ကုန်နီးပါးတော်တော်လေးပြင်းထန်ခဲ့တယ် ၁၁ ယောက်ကတော့အနည်းဆုံးသေချာတယ် ဒဏ်ရာရတဲ့ဟာလည်း များနိုင်သေးတယ် ဒီနေ့ ၂၃ ရက်နေ့အထိတော့ သူတို့ကျင်ဒွေးကိုတော့မရောက်နိုင်သေးဘူး’’ လို႔ CDF-Kanpetlet တပ်ဖွဲ့က တပ်မမှူးကပြောပါ တယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ လောင်းရှည်နဲ့ ကျင်ဒွေးမြို့အကြားမှာရှိတဲ့ ဆွဲလွဲကျင်၊ မောချောင်း၊ ရေရှောင်လမ်းမြက်ခင်းပြင် အနီးတွေမှာ ၃ ရက်အတွင်း တိုက်ပွဲအနည်းဆုံး ၄ ကြိမ်လောက်ဖြစ်ပွားခဲ့ကြ တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေမှာ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က လက်နက်နဲ့ကျည်ဆံမလုံလောက်မှုကြောင့် ဆုတ်ခွါစနစ်နဲ့ တိုက်ခိုက်ခဲ့ကြတာလို့ သူကဆက်ပြောပါတယ်။

“ကျနော်တို့မှာ လက်နက်အင်အား ရှိတဲ့ဟာလေးတောင်မှ ကျနော်တို့ကျည်စိတ်ကြိုက်လုပ်ဖို့မရှိဘူး ကျည်က အခက်အခဲဖြစ်တော့လေ ကျနော်တို့ဆုတ်ဆုတ်ပေးလိုက်ရတယ်” လို႔ တပ်မမှူးကပြောပါတယ်။

ယခုလက်ရှိမှတော့ လောင်းရှည်နဲ့ ကျင်းဒွေးမြို့အကြားမှာရှိတဲ့ ကျေးရွာ ၅ ရွာလောက်က ပြည်သူတွေဟာ ဘေးလွတ်ရာတောထဲကို တိမ်းရှောင်နေကြပြီး စစ်ကောင်စီဘက်က အထိနာနေတာကြောင့် မောချောင်းကျေးရွာမှ လူနေအိမ် ၄ လုံးကို မီးရှိုခဲ့သလို မဆာတွီကျေးရွာက နေအိမ်တွေကိုလည်းဖောက်ထွင်းတာတွေလုပ်ဆောင်နေတယ် လို့ သိရပါတယ်။

“လောင်းရှည်နဲ့ ကျင်ဒွေးအကြားပေါ့နော် ကြားထဲမှာရှိတဲ့ရွာတွေက အားလုံးစစ်ဘေးရှောင်ရတယ် ဘယ်ရွာတွေကတော့ ဘယ်နေ့ရောက်နိုင်မယ်ခန့်မှန်းပေးတယ် ရွာမရောက်ခင်မှာသူတို့အားလုံးကိုရှောင်ခိုင်းတယ် သူတို့ကျော်သွားရင် ရွာကိုပြန် ဝင်ခိုင်းတယ် ဒါပေမယ့်တိုက်ပွဲကပြင်းထန်တော့ ပြည်သူတွေကပြန်မဝင်ရဲဘူး စစ်ဘေးရှောင်အရည်တွက်ကနည်းနည်းများ သွားတယ်သူတို့အထိနာတော့ မောချောင်းရွာကပြည်သူအိမ် ၄ လုံးမီးရှို့တယ် မောချောင်းရွာဝန်းကျင်မှာသူတို့ အထိနာ တော့လေ’’ CDF-Kanpetlet တပ်မမှူးက ပြောပါတယ်။

လောင်းရှည် နဲ့ ကျင်ဒွေးမြို့ဟာ ၂၃ မိုင်ကျော်ကျော်လောက်ကွာဝေးပေမယ့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်တွေဟာ ယနေ့ထိ ကျင်ဒွေးမြို့ကိုမရောက်နိုင်ကြသေးဘူးလို့ သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.