(04SS)
စစ်ကိုင်းတိုင်း ကလေးမြို့၊ တောင်ဖီလာရပ်ကွက်တွင် လမ်းသွားလမ်းလာ ဆိုင်ကယ်နှင့် ကားများ စစ်ဆေးကာ ငွေကြေး တောင်းခံနေသည့် စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်ခံရပြီး ၄ ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဩဂုတ် ၃ ရက်ေန့ မနက်ပိုင်း ၉ နာရီဝန်းကျင်၌ တောင်ဖီလာရပ်ကွက် အ.ထ.က- ၂ ကျောင်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့များသည် လမ်းသွားလမ်းလာ ကားနှင့် ဆိုင်ကယ်များထံ ငွေကြေးတောင်းခံနေစဉ် အသင့် စောင့်ကြို နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဖောက်ခွဲပြီးနောက် နှစ်ဘက် ပစ်ခတ်မှု ဖြစ်ပွါးခဲ့ခြင်းဟု သိရသည်။
“စစ်သားေတွက နောက်တန်းဘက်မှာ ကားရော ဆိုင်ကယ်ရော စစ်နေတာ ပြီးတော့ ပိုက်ဆံတောင်းတယ်။ အဲမှာ ရွာဘက်ပြန်မယ့် skat ကားတစ်စီးကို စစ်သားတွေက စစ်ဆေးပြီးေတာ့ သူတို့ ပစည်းတွေရော ထုတ်ခိုင်းတယ် အဲမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်သားတွေကို စပစ်တယ်။ ပစ်ခတ်သံကြားတော့ အဲကားလည်း အမြန်ထွက်ပြေးပြီးတော့ ကားပေါ်က ပစည်းတွေလဲ လမ်းတလျှောက်မှာ ပြန့်ကျဲသွားတယ်။ ပြီးတော့ အဲမှာ စစ်သားတစ်ယောက် ပိုက်မှာပစ်ခံရတော့ သေသွားတယ်” ဟု ကလေးမြို့ ဒေသခံတစ်ဦးက ပြောသည်။
ထို့နောက် အဆိုပါပစ်ခတ်မှုတွင် ဒါဏ်ရာပြင်းထန်သည့် စစ်သား ၃ ဦးလည်း ထပ်မံသေဆုံးသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်များသည် ကလေးမြို့တွင် လမ်းသွားလမ်းလာ ကားနှင့် ဆိုင်ကယ်များအား နေ့တိုင်းလိုလို စစ်ဆေးမှုပြုလုပ်ကာ ငွေကြေးတောင်းခံမှုများ မကြာခဏ ပြုလုပ်လေ့ရှိသောကြောင့် ဒေသခံများအပြင်ထွက်လျှင် စိုးရိမ်မှုများနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။