ကလေးမြို့တွင် ကိုဗစ် ၁၉ ရောဂါကြောင့် ယနေ့တစ်ရက်တည်းလူ (၁၀) ဦးသေဆုံးခဲ့ကြောင်း ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး အဖွဲ ့ထံမှသိရသည်။
“အချို့တွေကတော့ သံသယလူနာတွေဖြစ်တယ် ပြည်သူ့ဆေးရုံကနေ ၄ ဦး Home quarantain က ၆ ဦးသေဆုံးခဲ့တယ် အများသောအားဖြင့် သေဆုံးသူတေတွေကအသက်ကြီးပိုင်းတွေဖြစ်တယ် ရောဂါအခံရှိပြီးသူတွေ ဆီးချိုရောဂါသည်တွေဆိုရင် အောက်ဆီဂျင်ဘယ်လောက်ပေးပေး မခံနိုင်တဲ့အခြေအနေတွေရှိတယ် အဲလိုဖြစ်နေတယ်” ဟု ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး အဖွဲ ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကိုဗစ် ၁၉ ရောဂါကြောင့် ယနေ့သေဆုံးသူများမှာ တာဟန်းရပ်ကွက်တွင် (၄) ဦး၊မြို့လှရပ်ကွက် (၁) ဦး Positive လူနာ၊ ကလေးမြို့ ၂ ဦး၊ ပျဉ်းခုံလေးရွာမှ ၁ ဦး၊ လက်ပံချောင်း ၁ ဦး ကျန်တစ်ဥိီး မသိရသေးကြောင်း သေဆုံးသူများအားလုံးမှာ အသက်ကြီးပိုင်းများဖြစ်ကြသည်။
ယနေ့ သေဆုံးသူ (၁၀) ဦးအနက် သဂြိုလ်ပြီး (၇) ဦးရှိပြီး ၃ ဦးမှာ အချိန်နောက်ကျသွားပြီးဖြစ်သည့်အတွက်ကြောင့် မသဂြိုလ်ရကြောင်းသိရသည်။
ကလေးမြို့တွင်ကိုဗစ် ၁၉ ရောဂါကူးစက်ခံရခြင်းကြောင့် သေဆုံးသူ စုစုပေါင်း (၄၆) ဦးရှိပြီဖြစ်ကြောင်းသိရသည်။ L