ကလေးမြို့တွင် ကိုဗစ် ၁၉ ရောဂါကြောင့် Positive လူနာ ၁ ဦး နှင့် သံသယလူနာ ၁၉ ဦး စုစုပေါင်း အယောက် ၂၀ ယနေ့သေဆုံး ကြောင်း ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေး Volunteer အဖွဲ့ထံမှ သိရသည်။
“ယနေ့ သေဆုံဆုံးသူတွေ တာဟန်းရက်ကွက်ဘက်က သေဆုံးမှုနှုန်းကျတယ် ကလေးမြို့ဘက်ကများတယ်ပေါ့ ဒီနေ့ဆိုရင်လည်းအသက်ကြီးပိုင်းပဲများတယ် အခုကအားလုံးမှာပြန့်နေပြီမို့ သေဆုံးမှုတော့ ရှိနေဆဲပါ ဒီနေ့တော့ အိတ်စွတ်ကျေးရွာကွာရန်တင်းစင်တာမှာ သေဆုံးသူတော့မရှိဘူး နေအိမ်ကွာရန်တင်းများတယ်” ဟု ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေး Volunteer တစ်ဦး ကပြောသည်။
ယနေ့ ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူမှာ ကလေးမြို့ပြည်သူ့ဆေးရုံမှ ကုသဆဲပိုးတွေ့လူနာတစ်ဦးဖြစ်ပြီး ကျန်သေဆုံးသူများမှာ နေအိမ်ကွာရန်တင်းများဖြစ်ကြောင်းသိရသည်။
ကလေးမြို့တွင် သံသယလူနာများအပါအဝင် ကိုဗစ် ၁၉ ရောဂါကြောင့် တစ်လအတွင်း လူ ၂၀၀ ကျော်သေဆုံးပြီဟု ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေး Volunteer အဖွဲ့ထံမှသိရသည်။ L