• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူ ၃ ဦးသေဆုံး

ကလေးမြို့ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူ ၃ ဦးသေဆုံး

0
By Editor on May 29, 2022 Headline

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ဘက် တာဟန်းရပ်ကွက်တွင် ယမန်နေ့ည ၈ နာရီဝန်းကျင်ခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။

ယမန်နေ့ည ၇ နာရီဝန်းကျင်ခန့်ကစ၍ ကလေးမြို့ထဲတွင် သေနတ်ပစ်ခတ်သံများတရစပ်ထွက်ပေါ်ကာ စစ်ကောင်စီတပ် ဖက်က လက်နက်ကြီး ၅ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ပြီး တာဟန်းရပ်ကွက် မေတ္တာ (Agape) ဆေးရုံအနောက်ဖက် ကပ်ရပ်နေအိမ်တွင် ကျရောက်ပေါက်ကွဲကာ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့သည်။

တာဟန်းဒေသခံကတစ်ဦးက “မနေ့ညက မီးကလည်းပြတ်တော့ အိမ်ဝရံတာလေးမှာ သူတို့ထွက်ထိုင်ကြတာ၊ အဲဒီချိန်မှာ လက်နက်ကြီးက အိမ်ရှေ့ကျလာပြီး ဗုံးအစတွေထိမှန်ပြီး သေဆုံးသွားတာ၊ နှစ်ယောက်က ပွဲချင်းသေတယ်၊ တစ်ယောက်ကတော့ မနက်ပိုင်း ၂ နာရီလောက်မှာ ဆုံးသွားတာ” ဟု ပြောသည်။

သေဆုံးသူ ၂ ဦးမှာ အသက် ၄၅ နှင့် အသက် ၂၇ နှစ်အရွယ်ခန့်ရှိသော သားအမိဖြစ်ကြပြီး မင်းကင်းဘက်မှ တာဟန်းဘက်သို့ စစ်ဘေးတိမ်းရှောင်သူလာများဖြစ်ကြကာ ကျန်တစ်ဦးမှာ အသက် ၂၃ နှစ်အရွယ်ခန့်ရှိပြီး ခင်ပွန်းနှင့် ၇ လသားအရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

အလားတူ တာဟန်းရပ်ကွက်တစ်နေရာတွင်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိူးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ကုသမှုခံယူလျှက်ရှိသည်ဟု သိရသည်။

ကလေးမြို့တွင် ယမန်နေ့ညကတည်းက ယခုသတင်းရေးသားနေသည့်အချိန်ထိ စစ်ကောင်စီက လျှပ်စစ်မီး ဖြတ်တောက်ထားပြီး အင်တာနက် Wifi လိုင်းများလည်း အသုံးမရဖြစ်နေသည်ဟု သိရသည်။

တာဟန်းရပ်ကွက်တွင် မေလအတွင်း စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု အနည်းဆုံး ၃ ကြိမ်ရှိသွားပြီဖြစ်ကာ မေလ ၁၀ ရက်နှင့် ၂၅ ရက်နေ့ကလည်း လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.