စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်များထွက်ပြေးတိမ်းရှောင်ရင်း မြစ်သာမြစ်တံတားဖြတ်ကူးစဉ် တံတားကျိူးကျပြီး စစ်ဘေးရှောင်ပြည်သူအနည်းဆုံး ၁၀ ဦးထက်မနည်းသေဆုံးခဲ့သည် သိရသည်။
ပြီးခဲ့သည့်ဧပြီလ ၂၀ ရက်ဝန်းကျင်ခန့်ကစ၍ ကလေးမြို့နယ်တောင်ပိ်ုင်းဒေသတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့အကြား နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေခဲ့ကြပြီး ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်က အရှေ့စည်းကျေးရွာ ဘက်တွင် တိုက်ပွဲထပ်မံဖြစ်ပွားကာ အရှေ့စည်းနှင့် ဒိုးနွယ်ကျေးရွာကပြည်သူများ ဘေးလွတ်ရာသို့တိမ်းရှောင်ကြရာတွင် တံတာကျိူးကျကာ ရင်ဝယ်ပိုက်ကလေးနှင့်မိခင်အပါအဝင် ၁၀ ဦးကျော်ရေနစ်သေဆုံးခဲ့သည်ဟု ကလေးမြို့နယ်တောင် ပိုင်း စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။
“စစ်ကောင်စီတပ်သားတွေလာတဲ့အချိန်မှာ ပြေးရင်းတောထဲကိုရှောင်တိမ်း ကြတဲ့အချိန်မှာ ဒိုးနွယ်တံတားက ကျိုးသွားပြီး စစ်ဘေးရှောင်တွေရေထဲကို ကျသွားတာ။ ၂ နှစ်ရွယ်ကလေးနဲ့ ကျန်တဲ့စုစုပေါင်းခြောက် ယောက်ကိုတော့ ဆယ်ယူရ ထားပြီး။ ဆိုင်ကယ် အစီး နှစ်ဆယ်ကျတာ ၉ စီးပဲ ဆယ်ရသေးတယ်။ လောလောဆယ်က ငုတ်လို့မရသေးဘူး လက်နက်ြ ကီးပစ်လို့။ အဆင်ပြေတဲ့အချိန်ရှာနေတာ” ဟု ကလေးမြို့နယ် တောင်ပိုင်း စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးကေ ပြာသည်။
အဆိုပါတံတားမှာ ကလေးမြို့တောင်ဘက် ဒိုးနွယ်ကျေးရွာအနီးဖြတ်သန်းစီးဆင်းသော မြစ်သာမြစ်ကူးတံတားဖြစ်ပြီး ဒေသခံပြည်သူများမှ ဝါးဖြင့်ပြုလုပ်ထားသည့်တံတားငယ်တစ်ခုဖြစ်သည်။ ယင်းတံတားမှာ အကျယ် ၅ ပေနှင့် အရှည်ပေ ၂၀၀ ခန့်ရှိပြီး ဝန်အားမမျှ၍ ကျိူးကျသွားခြင်းဖြစ်နိုင်သည်ဟု သိရသည်။
အရှေ့စည်းကျေးရွာနှင့် ဒိုးနွယ်ကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ နှစ်ဘက်တိုက်ပွဲများပြင်းထန်နေပြီး ပြည်သူများ ကလေးမြို့ဘက်နှင့် တောထဲ၊ နီးစပ်ရာကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေ သောကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် ကျေးရွာ ၁၀ ရွာဝန်းကျင်ရှိပြီး ခန့်မှန့်ခြေ လူဦးရေ (၅၀၀၀) ခန့်ရှိသည်ဟု သိရသည်။