Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၇ ဦးသေဆုံး

ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၇ ဦးသေဆုံး

0
By Editor on February 10, 2022 Khonumthung

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိ်ုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား ၁၇ ဦးလောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း၊ ရန်ကြီးအောင်ရွာဘက်မှ ကလေးမြို့သို့ ဦးတည်မောင်းနှင်လာသော ကား ၈ စီးပါဝင်တဲ့ စစ်ယာဉ်တန်းကို PDF (Kalay), CNDF, CDF (KKG), RKDF နဲ့ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလ ၇ ရက်မနက်ပိုင်း ၁၀ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ကာ လက်နက်ငယ်တွေနဲ့ တပြိုင်နက်တည်းတရစပ်ပစ်ခတ်ခဲ့ကြပြီးနောက် အပြန်အလှန်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၉ ဦးသေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ CNDF ရဲဘော်တစ်ဦး လက်နက်ကြီး ထိမှန်ကျဆုံးခဲ့သလို နောက်ထပ်ရဲဘော် ၅ ဦးလည်း လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကြတယ်လို့ PDF(Kalay) ထုတ်ပြန်ချ က်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ကလေးမြို့ဘက်ကနေ တဖြည်းဖြည်းရွေ့လျားလာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို မွန်လွဲ ၂ နာရီခွဲလောက်မှာ နတ်မြောင်းရွာနှင့် စည်သာ ရွာအကြားမှာ ၂ ကြိမ်၊ စည်သာ နဲ့ ကြာအင်းရွာအကြားမှ တစ်ကြိမ် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ သောကြောင့် စစ်ကောင်စီ တပ်သား ၈ ဦးထပ်မံသေဆုံးခဲ့တယ်လို့ PDF(Kalay) ကထုတ်ပြန်ပါတယ်။

စစ်ကောင်စီယာဉ်တန်းဟာ ကြာအင်းရွာကနေ ထောက်ကြန့်ရွာသို့ရောက်ရှိလာပြီး ထောက်ကြန့်ရွာမှာ ရှေ့ဆက်မတိုးနိုင်ပဲ သောင်တင်နေတယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း ကလေးနည်းပညာတက္ကသိုလ်ဘက်ကနေ ကလေးမြို့ဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇင်းကလင်းနဲ့ ချင်းဆိုင်ရွာအကြားမှာ PDF(Kalay) တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခို က်မှုကြောင့် စစ်ကောင်စီတပ်သား ၂၀ လောက်ထိမှန်သေဆုံးခဲ့တယ်လို့ PDF (Kalay) က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကလေးမြို့နယ်တောင်ပိုင်း တင်သားရွာဘက်ကို အဝေးပစ်အမြောက်လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်ခဲ့မှုကြောင့် တင်သားရွာက အသက် ၉ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါဝင် ပြည်သူ ၁၀ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကြသလို နေအိမ် ၅ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.