• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့နယ်မြောက်ပိုင်းဒေသကျေးရွာ ၁၀ ခုကျော်က ပြည်သူ ၃ သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေကြရ

ကလေးမြို့နယ်မြောက်ပိုင်းဒေသကျေးရွာ ၁၀ ခုကျော်က ပြည်သူ ၃ သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေကြရ

0
By Editor on April 6, 2023 Headline

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် ကျေးရွာ ၁၀ ခုကျော်က ဒေသခံပြည်သူ ၃ သောင်းနီးပါးခန့်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့နယ်မြောက်ပိုင်းဒေသကို မတ်လကုန်ပိုင်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် မတ်လ ၃၁ ရက်နေ့ကစ၍ ပျဉ်းတောဦးကျေးရွာအနီးတွင် တောက်လျှောက် တိုက်ပွဲဖြစ်ပွားခဲ့ကြရာတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခံရမှုကြောင့် ကလေးမြို့မြောက်ပိုင်းဒေသက ကျေးရွာ ၁၀ ခုကျော်က ဒေသခံပြည်သူများသည် ကလေးမြို့ပေါ်ဘက်သို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ကောင်စီတွေက မတ်လ ၃၀ ရက်နေ့ကတည်းက ချမ်းသာကြီးဘက်ကနေ တက်လာတာပေါ့နော်၊ အဲနေ့က စစ်ရှောင်မများဘူး သူတို့ပြန်သွားကြတယ်၊ နောက်နေ့ ၃၁ ရက်နေ့မှ တိုက်ပွဲက တော်တော်ပြင်းထန်သွားတာ အဲဒါနဲ့ စစ်ရှောင်တာ အခုထိပေါ့၊ ရွာမှာ လူမရှိသလောက်ပါပဲ တစ်ချို့တစ်လေ လူငယ်ပိုင်းပဲ အိမ်စောင့်သဘောနဲ့ ကျန်ခဲ့တာ၊ စကစ ကလဲ သင်္ကြန်တိုင်ခင် ဒီဘက်ကို မရမက ဝင်ချင်နေတဲ့ပုံဆိုတော့ ဒီချိန်မှာက တိုက်ပွဲလည်း ပြင်းထန်နေတော့ သူတို့အတွက် လုံးဝရှောင်လိုက်တာ ကောင်းတယ်။” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။

ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေကြရသော ကျေးရွာများမှာ အောင်ရွာ၊ မင်းလှ၊ ညောင်ကုန်း၊ ပျဉ်တောဦး၊ မြောက်ချောတော၊ လက်ပံချောင်း၊ ချင်းစု၊ သာယာကုန်း၊ နန်းချောင်း၊ ပြည်တော်သာ၊ ချမ်းသာကြီး စသည့်ကျေးရွာများဖြစ်ကြပြီး ယင်းကျေးရွာများအားလုံးသည် ချင်းလူမျိုးအများစုနေထိုင်သော ကျေးရွာများဖြစ်ကြသည်။

စစ်ဘေးရှောင်ပြည်သူများကို ကလေးမြို့ပေါ်က အရပ်ဖက်အဖွဲ့အစည်းများနှင့် အသင်းတော်များမှ နေရာထိုင်ခင်း၊ အစားအသောက်များ စီစဉ်ပေးထားကြပြီး အမျိုးသား ၁၂,၆၀၀ ကျော်နှင့် အမျိုးသမီး ၁၄,၅၀၀ စုစုပေါင်း ၂၇,၀၀၀ ကျော်ရှိသည်ဟု Kalay Township People’s Administration ၏ ဧပြီလ ၄ ရက်နေ့အထိ စစ်ဘေးရှောင်စာရင်းပြုစုချက်အရ သိရသည်။

“အသင်းတော်ဝန်းတွေမှာ နေရာထိုင်ခင်းစီစဉ်ပေးတာတွေရှိတယ်၊ ပြီးတော့ကျွန်တော်တို့ ဘုရားကျောင်းတွေ၊ ကျမ်းစာကျောင်းတွေ၊ ဘာသာရေးရုံးတွေမှာ ချထားပေးတာတွေလဲ ရှိတာပေါ့နော်၊ သူတို့အတွက် အစားအသောက်တွေကတော့ သက်ဆိုင်ရာ အသင်းတော်တွေကပဲ အကျွေးအမွေးပြုတယ်” ဟု စစ်ဘေးရှောင်များကို ကူညီလက်ခံပေးနေသော ကလေးမြို့ရှိ အသင်းတော်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ဘေးရှောင်ပြည်သူအများစုမှာ အရပ်ဖက်အဖွဲ့အစည်းနှင့် အသင်းတော်များမှ စီစဉ်ပေးသောနေရာများတွင် ဝင်ရောက်ခိုလုံနေကြပြီး တစ်ချိူ့မှာလည်း ဆွေမျိုးများထံ ခိုလုံသူများလည်းရှိသည်ဟု သိရသည်။

ပျဉ်တောဦးကျေးရွာမှ ကလေးမြို့သို့ စစ်ဘေးတိမ်းရှောင်နေသူတစ်ဦးက “တကယ်တော့လန့်လန့်နဲ့ စစ်ဘေးရှောင်ရတာ စိတ်နဲ့ကိုယ်နဲ့လဲ မကပ်ဘူး၊ ဘာယူသွားရကောင်းမှန်းသိပ်မသိဘူး ဒီလိုနဲ့ပဲ အတူသွားရမဲ့သူုရှိတုန်း ထွက်လာတာ၊ အခုလောလောဆယ်တော့ အမျိုးအိမ်မှာ ခဏနေနေတယ်၊ အကြာကြီးမရှောင်ရဖို့မျှော်လင့်တယ် ဒါပေမဲ့ ကြာသွားခဲ့ရင်တော့ စစ်ရှောင်တွေအတွက်နေရာချပေးတဲ့ ဘုရားကျောင်းတွေမှာ နေမယ်ပေါ့ အဲလိုတွေးထားတယ်။ ဖြစ်နိုင်ရင်တော့ မြန်မြန်ပြန်ချင်တယ်။” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၃ ရက်နေ့ကလည်း ပျဉ်းတော်ဦးကျေးရွာဘက်ကို တိုက်လေယာဉ်အပါအဝင် Mi35 ရဟတ်ယာဉ်များဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့သည့်အပြင် ကလေးမြို့ပေါ်ကနေလည်း လက်နက်ကြီးများဖြင့် အကြိမ်ပေါင်းများစွာ ပစ်ကူခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က နောက်ဆုပ်ခဲ့ကြရသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပျဉ်းတောဦးကျေးရွာထဲသို့ ဝင်ရောက်နေရာယူလာပြီဖြစ်ကာ စစ်ရေးအခြေအနေများလည်း ပိုမိုပြင်းထန်လာနိုင်ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်တောင်ပိုင်း မတူပီမြို့နယ်တွင် စကစ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုရှိ၊ မင်းတပ်-မတူပီလမ်းကို အသုံးမပြုရန် ထုတ်ပြန်

ချင်းပြည်နယ်သို့ ပြင်ပမှ ခရီးသည်များဝင်ရောက်ခွင့် CNF တားမြစ်

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.