ကလေးမြို့နယ်တောင်ပိုင်း ထိုမာကျေးရွာတွင် ဇွန်လ ၆ ရက်နေ့ညက စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ၅ လုံးကျရောက်ပေါက်ကွဲကာ နေအိမ်တစ်လုံးထိမှန်ပြီး ပြည်သူ ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိသည်ဟု သိရသည်။
စစ်ကောင်စီက ပစ်ခတ်လိုက်သောသော လက်နက်ကြီးကျည်သည် ထိုမာရွာထဲ ၃ လုံးကျပြီး ရွာပြင်မှာ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။
ယင်းလက်နက်ကြီးကျည်ကြောင့် လူကြီး ၂ ဦးနှင့် ကလေးတစ်ဦးတို့ မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်ကဆိုသည်။
ယခုရက်ပိုင်း ကလေးမြို့နယ်တွင် စစ်ရေးတင်းမာနေကြောင်း သိရသည်။