စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှ လက်ပံချောင်းကျေးရွာဘက်သွားသည့် တာဟန်း AG ဘုရားကျောင်းဘေးတွင် ယနေ့ သြဂုတ် ၂၄ ရက် ညနေ ၅ နာရီခန့်က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၅၃ နှစ်အရွယ် ကုန်စိမ်းသည် ချင်းအမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။
အဆိုပါဗုံးပေါက်ကွဲမှုကြောင့် တာဟန်းဈေးတွင် ကုန်စိမ်းများနေ့စဉ်ရောင်းကာ အသက်မွေးဝမ်းကျောင်းပြုနေသော Pi Za Nei Thluai သေဆုံးခဲ့ပြီး နောက်ထပ် ကုန်စိမ်းသည်အမျိုးသမီးတစ်ဦးလည်း ဦးခေါင်တွင် ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဗုံးကျရောက်ပေါက်ကွဲသည့် နေရာအနီးတွင် ကုန်စိမ်းဒိုင်ရှိပြီး မနက်ဖြန်မနက်ပိုင်း ဈေးထဲတွင် ရောင်းချရန် ကုန်စမ်းများ သွားရောက်ဝယ်ယူသည့်အချိန်တွင် ယခုကဲ့သို့ ဗုံးဆံထိမှန် သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။