• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့ သံဖိုရွာအနီးမှာရှိတဲ့ PDF အကြမ်းဖက် စခန်း ၁ ခုအား သိမ်းဆည်းရရှိဆိုတဲ့ သတင်းအမှား

ကလေးမြို့ သံဖိုရွာအနီးမှာရှိတဲ့ PDF အကြမ်းဖက် စခန်း ၁ ခုအား သိမ်းဆည်းရရှိဆိုတဲ့ သတင်းအမှား

0
By Editor on February 27, 2022 Khonumthung

ဒီသတင်းအမှားကို Fifty Two News အကောင့်မှာ “ဖေဖော်ဝါရီ ၂၄ ရက်နေ့ နေ့လည် ၁၁ နာရီခန့်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ သံဖိုရွာအနီးမှာ လုံခြုံရေးအဖွဲ့များ နယ်မြေရှင်းလင်းစဉ် PDF အကြမ်းဖက်စခန်း ၁ ခုကို ကျား ၁ လောင်း၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၇ လုံး၊ မှန်ပြောင်း ၁  လက်၊ ၁၂ ဗို့ကျည် ၃၄ တောင့်၊ လူနေတဲ ၂၃ လုံး၊ ယူနီဖောင်း ၂ စုံ၊ ယမ်းကြိုး/ ယမ်းမှုန့်များ၊ ဆက်စပ်ပစ္စည်းများနဲ့အတူ သိမ်းဆည်းရမိကြောင်း သိရှိရပါတယ်” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ – ကလေး-ကဘော်-ဂန့်ဂေါ (CDF-KKG)  ဘက်ကိုဆက်သွယ်မေးမြန်တဲ့အခါသတင်းအမှားဖြစ်ကြောင်းအခုလိုပြောပါတယ်။

“ကျနော်တို့ရရှိတဲ့ သတင်းအချက်လက်တွေအရ ပြည်သူတွေနေထိုင်တဲ့ စစ်ဘေးရှောင်စခန်း ပြည်သူတွေ နေထိုင်တဲ့နေရာတစ်ခုပဲခင်ဗျ…PDF စခန်းတော့မဟုတ်ဘူး… ရရှိတဲ့ သတင်းအချက်တွေအရ စခန်းသိမ်းမိ တယ်ဆိုတာကတော့ သတင်းအမှားပါ”

ဒီအကြောင်းနဲ့ပတ်သက်ပြီး သံဖိုရွာသားတစ်ဦးကလည်း “အဲ့ဒီစစ်ရှောင်စခန်းမှာ ရွာသားတွေနေတာ တစ်နှစ်နီးပါးရှိပါပြီ၊ စစ်ကောင်စီဘက်က PDF စခန်းလို့ ဝါဒဖြန့်ပြီးရေးတယ်။ ဒါပေမယ့် အဲ့ဒါက ရွားသားတွေစစ်ရှောင်နေတဲ့နေရာပါ” လို့ သတင်းတစ်ခုမှာ ‌ပြောထားပါတယ်။

စစ်ကောင်စီများက PDF စခန်းလို့ဆိုကာ လက်နက်ကြီးများနဲ့ပစ်ခတ်သိမ်းယူခဲ့တဲ့  စစ်ရှောင်စခန်းဟာ ကလေးမြို့နယ် သံဖိုရွာအနောက်ဘက် ချင်းတောင်ခြေရင်းမှာတည်ရှိတာဖြစ်ပါတယ်။

ထိုပစ်ခတ်မှုများကြောင့် စစ်ရှောင်းစခန်းမှာရှိတဲ့ အမျိုးသားတစ်ဦးဟာ လက်နက်ကြီးကြောင့် ဦးခေါင်းမှာ ပြင်းထန်ဒဏ်ရာရှိခဲ့တာပဲဖြစ်ပါတယ်။

Fifty Two News သတင်းအမှားမှာဖော်ပြထားသလို PDF စခန်းမဟုတ်ပါဘူး။ ဒါကြောင့်ပြည်သူတွေအနေနဲ့ သတင်းတွေဖတ်တဲ့အခါ ယုံကြည်စိတ်ချရတဲ့သတင်းဌာနက သတင်းတွေကိုသာဖတ်ပြီးပြန်လည်မျှဝေသင့်ပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုကြားက သတင်းတု သတင်းအမှားကို အထူဂရုပြုသင့်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.