Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးအကျဉ်းထောင်တွင်းပစ်ခတ်မှု အကျဉ်းသား ၇ ဦးသေဆုံး အများအပြားဒဏ်ရာရ

ကလေးအကျဉ်းထောင်တွင်းပစ်ခတ်မှု အကျဉ်းသား ၇ ဦးသေဆုံး အများအပြားဒဏ်ရာရ

0
By Editor on March 17, 2022 Khonumthung

စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ မတ်လ ၁၅ ရက်ညနေပိုင်းက ထောင်တွင်းပစ်ခတ်မှုဖြစ်ပွားပြီး ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNDF ရဲဘော်တစ်ဦးအပါအဝင် အကျဉ်းသား အနည်းဆုံး ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ ရှိခဲ့တယ်လို့သိရပါတယ်။

ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအရ အကျဉ်းကျနေတဲ့သူတွေကို ထောင်အာဏာပိုင်တွေက ခွဲခြားဆက်ဆံမှုရှိရာကနေ မကျေမနပ်ဖြစ်မှုကြောင့် မတ်လ ၁၅ ရက် ညနေပိုင်း ၄ နာရီလောက်ကစပြီး ထောင်အာဏာပိုင်တွေနဲ့ စတင်စကားများ ပြသနာတက်တာကို စစ်တပ်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံးအကျဉ်းသား ၇ ဦးသေဆုံးပြီး အယောက် ၃၀ လောက်ဒဏ်ရာရရှိနိုင်တယ်လို့ ကလေးမြို့က ထောင်နဲ့နီးစပ်သူ ဒေသခံတစ်ဦးကပြောပါတယ်။

“ထောင်ထဲမှာနိုင်ငံရေးအရရောက်နေတဲ့သူတွေကို ထောင်ဝန်ထမ်းတွေ၊ ထောင်မှူးတွေ ထောင်ပိုင်တွေက ခွဲခြားဖိနှိပ်ပြီး တော့ ဆက်ဆံတဲ့ပုံစံမျိုးပေါ့နော် အဲဒီမှာ စကားများရင်းနဲ့ပြသာနာတက်တာကို ကင်းစောင့်တဲ့တဲတွေကနေ လှမ်းပစ်တယ် ပြောတယ် အဲလိုလှမ်းပစ်တော့ ၇ ယောက်လို့သူတို့ထုတ်ပြန်တယ် အဲဒီထက်လည်းမကလောက်ဘူးဖြစ်နုင်တယ်ပေါ့နော် ဒဏ်ရာရတဲ့သူတွေကလည်းတော်တော်များများ အယောက် ၃၀ လောက်တောင်ထိတာလို့သိရတယ်၊ သေတာကတော့ ၇ ယောက်ထက်မနည်းရှိနိုင်တယ်’’

သေဆုံးသူတွေထဲမှာ ချင်းအမျိုးသားကွယ်ရေးတပ်ဖွဲ့ CNDF က ရဲဘော် ရှလွန်ရှန်းထန်းလျန် ခေါ် ဗန်ဒိန်း လည်း ပါဝင်တယ်လို့သိရပါတယ်။ ဆလိုင်း ရှလွန်ရှန်းထန်းလျန်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ကလေးမြို့မှာ စစ်အာဏာရှင် တော်လှန် ရေး အစီအစဉ်တစ်ခု တာဝန် ထမ်းဆောင်နေစဉ် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံရပြီး ကလေး အကျဉ်းထောင်တွင် အချုပ်ကျနေသူဖြစ်ပါတယ်။

ရှလွန်ရှန်းထန်းလျန်ကျဆုံးမှုနဲ့ပတ်သက်ပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ခုလိုပြောဆိုပါတယ်။

“စစ်ကောင်စီက စာထုတ်ထားတဲ့ပုံစံအရတော့ ထောင်ထဲကထွက်ပြေးဖို့ကြိုးစားတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ရေးထားတယ် အဲဒါကြောင့် ထိန်းမရလို့သေနတ်နဲ့ပစ်လိုက်ရတဲ့ပုံစံဆိုပြီးတော့ရေးထား တယ် အဲဒါလုံးဝမဖြစ် နိုင်ဘူး ထောင်ထဲမှာအပ်တစ်ချောင်းတောင်ကိုင်လို့မရတဲ့သူတွေကို ထွက်ပြေးဖို့ကြိုးစားတယ်ဆိုတဲ့ပုံစံမျိုးက ဖြစ်ကိုမဖြစ် နိုင်တဲ့ဟာ ဆူပူခဲ့ရင်တောင်ပစ်တဲ့ခတ်တဲ့အ ထိတော့ မလုပ်ပဲနဲ့ ထိန်းနိုင်တဲ့အခြေအနေမှာရှိတယ် အကြမ်းဖက်စစ်ကောင်စီ ရဲ့ယုတ်မာမှုလို့ပဲပြောရမယ်’’

ကလေးမြို့အကျဉ်းထောင်တွင်း ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ကလေးအကျဉ်းထောင်ထဲက အကျဉ်းသား၊ အချုပ်သား ၅၀ လောက်ဟာ အကျဉ်းထောင် တာဝန်ခံအရာရှိအပါအဝင် အရာရှိ ၃ ဦးအား ဓားစာခံ ပြုလုပ်ပြီး အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြံစည် ကြိုးစားတာကြောင့် ချောက်လန့်တဲ့သဘောနဲ့ မိုးပေါ်ထောင်ပစ်ခတ်ခဲ့ရာမှာ အမျိူးသား ၁၂ ဦးဒဏ်ရာရရှိပြီးတော့ အချုပ်သား ၆ ဦး နဲ့ အကျဉ်းသား ၁ စုစုပေါင်း ၇ ဦးဆေဆုံးခဲ့တယ်လို့ စစ်ကောင်စီဘက်က မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ သူတို့ပစ်သတ်တဲ့ရုပ်အလောင်းတွေကို ကလေးမြို့ပြည်သူ့ဆေးရုံကို ညတွင်းချင်းသယ်ဆောင်သွားကြပြီး အခင်းဖြစ်စဉ်နဲ့သတ်ပြီး ထုတ်ပြန်ချက်ကတော့ မဖြစ်နိုင်ဘူးလို့
ကလေးအကျဉ်းထောင်နဲ့နီးစပ်တဲ့ဒေသခံတစ်ဦးကဆိုပါတယ်။

“ပြည်သူ့ဆေးရုံကို ညတွင်းချင်း ထောင်ထဲမှာသေတဲ့အလောင်းတွေကို ရင်ခွဲရုံကို ည ၈ နာရီနဲ့ ၉ နာရီကြားလောက်မှာ ကားတွေနဲ့သယ်ခဲ့တာတော့သေချာတယ်၊ ဒါပေမယ့် ဖြစ်စဉ်ကတော့ သူတို့ထုတ်ပြန်သလို မဖြစ်နိုင်ဘူးပေါ့နော၊ သတို့ကအမြဲတမ်းလိမ်ညာပြီးမှထုတ်ပြန်နေတာဆိုတော့”

ကလေးမြို့အကျဉ်းထောင်တွင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေကတော့ ချမ်းမင်းကို၊ မျိုးမင်းထွန်း၊ တူးခိုင်၊ ညွန့်ဝင်းအောင်၊ ဝင်းကိုနိုင်၊ ဦးတင်ဖေ နဲ့ ရှလွန်းရှန်းထန်းလျန်တို့ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.