• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကာချူပ်ကို ချင်းသူရဲကောင်းဘွဲ့ချီးမြှင့်မှု ဇိုမီး/ချင်းအမျိုးသားထုနှင့်မသက်ဆိုင်ကြောင်း အဖွဲ့ (၂၀) ကျော်ကထုတ်ပြန်

ကာချူပ်ကို ချင်းသူရဲကောင်းဘွဲ့ချီးမြှင့်မှု ဇိုမီး/ချင်းအမျိုးသားထုနှင့်မသက်ဆိုင်ကြောင်း အဖွဲ့ (၂၀) ကျော်ကထုတ်ပြန်

0
By Editor on December 6, 2018 Headline

By လားနွန် – တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ကာချူပ်) ကို ချင်းသူရဲကောင်းဘွဲ့ ဂုဏ်ပြုချီးမြှင့်မှုသည် ဇိုမီး/ချင်းအမျိုးသားထုနှင့် လုံးဝမသက်ဆိုင်ကြောင်း ဇိုမီး/ချင်းလူမှုအဖွဲ့အစည်း (၂၀) ကျော်က ဒီဇင်ဘာလ (၅) ရက်နေ့၌ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

တီးတိန် (ဇိုမီး) အသင်းမှ ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီး Rev. Fr. Joseph Thang Nen Zo Mung ဦးဆောင်သည့် အဖွဲ့ဝင်များသည် ဒီဇင်ဘာလ (၄) နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံ၍ ချင်းသူရဲကောင်းဘွဲ့ (Gal Hang PahTawi Na Award) ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့မှုအပေါ် ဇိုမီး/ချင်းလူမှုအဖွဲ့အစည်း (၂၂) ဖွဲ့က ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဇိုမီးကျောင်းသားလူငယ်များအဖွဲ့ တာဝန်ခံ ကိုကိမ်တွောမ်က “ဒါကမဖြစ်သင့်ဘူး၊ ဘာကြောင့်လဲဆိုရင်တော့ ထုံးစံအရ (Gal Hang PahTawi Na Award) အရင်ထုံးစံအရတော့ မုဆိုးကျော်တွေရတာများတယ်၊ နောက် ဒီရန်သူတွေနှင့်တိုက်ပွဲမှာ စွမ်းဆောင်နိုင်တဲ့ ယောက်ျားကောင်းတွေမှ ရနိုင်တယ်၊ ဒါပေမယ့် အခုပြည်တွင်းစစ်ဖြစ်နေတုန်းပဲ၊ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေမရပ်သေးဘူး၊ ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နောက် စစ်ဘေးဒုက္ခသည်တွေအများကြီး တိုင်းရင်းသားပြည်သူတွေ ဒုက္ခအများကြီးဖြစ်နေတဲ့ဟာဆိုတော့ အဲဒါကိုမှ သွားပြီး စစ်သူရဲကောင်းသွားလုပ်တယ်ဆိုတာ လုံးဝကို မသင့်တော်ဘူး၊ ပြည်ပရန်ကာကွယ်တာလည်းမဟုတ်ဘူး” ဟုပြောသည်။

ကယ်တင်ရှင်ယေရှုခရစ်တော် လူ့ဇာတိခံယူမွေးဖွားသည့် သတင်းကောင်းဝေငှခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်းနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းသည် အင်မတန်ထူးမြတ်ကောင်းမွန်သော လုပ်ဆောင်မှုတခုဖြစ်သော်လည်း ချင်းသူရဲကောင်းဘွဲ့ (Gal Hang PahTawi Na Award) ဂုဏ်ပြုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ဇိုမီး/ချင်းလူမျိုးများ၊ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်ဆရာတော်ကြီးများ၊ ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ လူမျိုးစုခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ သိရှိသဘောတူဆုံးဖြတ်ခြင်း၊ ကိုယ်စားစေလွှတ်ခြင်း လုံးဝ (လုံးဝ) မရှိခဲ့ကြောင်း ၎င်းတို့၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ထို့အပြင် ယင်းလုပ်ရပ်သည် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသားအချင်းချင်းချစ်ကြည်စည်းလုံးရေးကို ထိခိုက်စေနိုင်သည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Area Peace and Development Forward မှ ဒါရိုက်တာ GS mang က “ကျွန်တော်တို့တိုင်းရင်းသားဒေသတွေမှာ အထူးသဖြင့် ကချင်၊ ရှမ်း၊ ကရင်တို့ဘက်မှာ တိုက်ပွဲတွေက ဆက်လက်ပြီးပြင်းထန်နေတုန်းပဲ၊ အဲဒါကြီးကို ကျွန်တော်တို့က ဒီဘက်မှာ တဖက်သတ်ပြီး တဖက်လူကို သူရဲကောင်းဘွဲ့တွေချီးမြှင့်တာတို့ ဘာတို့ဆိုတာကို လုံးဝမဖြစ်သင့်တဲ့ကိစ္စ၊ အဲတော့ ကျွန်တော်တို့တိုင်းရင်းသားတွေဘက်က ပြန်ကြည့်မယ်ဆိုရင်တော့ မကောင်းဘူး၊ နောက်ပြီးတော့ ကျွန်တော်တို့ ဇိုမီးဖက်မှာဆိုရင်၊ ချင်းထုံးစံမှာဆိုရင် သူရဲကောင်းဘွဲ့ချီးမြှင့်တဲ့အစဉ်အလာဆိုတာက ဒါမျိုးမဟုတ်ဘူး၊ အဲဒါကြောင့် ကျွန်တော်တို့က လက်မခံနိုင်ဘူး” ဟုပြောသည်။

ပူးတွဲကြေညာချက်ထုတ်ပြန်သည့် အဖွဲ့များမှာ Area Peace and Development Forward (APDF), Chin Ethnic Peasants Union (Tedim), Chin Land Affairs Network (CLAN), DimzangZomi Youth Association (DZYA), Kindness Youth Association (KYA), Leilum Youth Association (LLYA), Mwetaung Area Development Group (MADG), Myanmar Zomi Media Council, New Step (ခြေလှမ်းသစ်), Sakollam Social Service (SSS), Tedim CSOs Network, Tedim Youth Fellowship (TYF), TeltuiVontawi (TedimMyo), Tonzang Youth Association (TYA),  Women of Indigenous Network (WIN/ Tedim), Zomi Literature and Culture Association (Zomi LCA), Zomi National Council of Myanmar (Yangon), Zomi Social Society, ZomiStudents and Youth Organization (ZSYO), Zomi Youth Association (Tedim), တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအခြေခံအလုပ်သမားအဖွဲ့အစည်း (Tedim) နှင့် တီးတိန်မြို့နယ် မသန်စွမ်းသူများအဖွဲ့အစည်းများ ဖြစ်ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.