ကိုဗစ်-၁၉ ရောဂါကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ဝင်ပေါက်များ လုံခြုံရေးတင်းကြပ်မည်

0

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံဘက် အထူးသဖြင့် အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်း အခြေစိုက်ရာမြို့ ချင်းပြည်နယ် ရိခေါဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အဆမတန်မြင့်တက်လာမှုကြောင့် နယ်စပ်ဒေသတလျှောက်ရှိ ဝင်ပေါက်များကို မီဇိုရမ်ဘက်မှ လုံခြုံရေးတင်းကြပ်သွားမည်ဟု သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူ အရှိန်မြင့်တက်လာသည့်အတွက် ဇွန်လ ၂၂ ရက်နေ့က Champhai District Bawrhsap (ခရိုင်အုပ်ချုပ်ရေးမှူး) Maria C.T Zuali နှင့် တာဝန်ရှိသူများ အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့ရာ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ် လုံခြုံရေးတင်းကြမည့်ကိစ္စ ဆွေးနွေးခဲ့ကြကြောင်း ဒေသထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

အဆိုပါဆွေးနွေးပွဲတွင် ကာလကြာရှည်စွာ နယ်စပ်ဂိတ်ပိတ်ပင်ထားသော်လည်း တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်လာခြင်း၊ တရားမဝင် မူးယစ်ဆေးဝါးများသယ်ဆောင်လာခြင်းအပြင် နယ်စပ်ဂိတ်မဟုတ်သည့် အခြား သောဝင်ပေါက်လမ်းကြောင်းမှတဆင့် လူဝင်လူထွက်များရှိနေကြောင်းသိရပြီး ယင်းကိစ္စများကို တင်းကြပ်စွာ ကိုင်တွယ်ဖြေရှင်းရမည်ဟု Maria C.T Zuali က ပြောသည်။

ထို့အပြင် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းသည်လည်း နယ်စပ်ဒေသတွင်တည်ရှိသောမြို့ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုမြင့်တက်လာ နိုင်သောနေရာဖြစ်ကာ အားလုံးသတိရှိကြရန်လည်း သူမက ပြောကြားခဲ့သည်။

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်သည် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး မြန်မာစစ်ဘေး ရှောင်အများစုဝင်ရောက်တိမ်းရှောင်နေသော ဒေသတစ်ခုဖြစ်သည်။

ချင်းပြည်နယ်တွင် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) နှင့် အာဏာသိမ်းစစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပြီးနောက် ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်း ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးရှောင် ၅၀၀ ကျော် ရှိနေပြီဖြစ်ကြောင်းနှင့် နယ်စပ်ဒေသတွင် သောင်တင်နေသူ ၅၀၀ ခန့်ရှိနေကြောင်းလည်း သိရသည်။

လက်ရှိအခြေအနေတွင် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် စစ်ဘေးရှောင် ၁၀၅၅ ဦး၊ Vaphai တွင် ၂၂၃ ဦး၊ Khawbung တွင် ၁၇၂ ဦး၊ Thekte တွင် ၁၆၅ ဦး၊ Chawngtui တွင် ၁၅၁ ဦး စသဖြင့် အသီးသီးရှိကြပြီး၊ Central YMA နှင့် MLA Pu Ramthanmawia တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် Farkawn, Vaphai နှင့် Zawlsei ကျေးရွာများတွင် စစ်ဘေးရှောင်များနေထိုင်ရန် Relief Camp များ တည်ဆောက်ရန်စီစဉ်နေကြပြီဟု သိရသည်။ Rc

Share.

About Author

Leave A Reply