Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကျောက်ထုတိုက်နယ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၀ ဦးခန့် သေဆုံး၊ ၃၀ ဦးကျော် ထိခိုက်ဒဏ်ရာများရရှိ၊ ရွာလုံးကျွတ် ထွက်ပြေးနေရ

ကျောက်ထုတိုက်နယ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၀ ဦးခန့် သေဆုံး၊ ၃၀ ဦးကျော် ထိခိုက်ဒဏ်ရာများရရှိ၊ ရွာလုံးကျွတ် ထွက်ပြေးနေရ

0
By Editor on May 9, 2024 Headline

(006SV)

မကွေးတိုင်း၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ပြည်သူများ အစည်းအဝေး ပြုလုပ်နေစဉ် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒေသခံပြည်သူ ၂၀ ဦးခန့် သေဆုံးပြီး ၃၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

“လူဦးရေက များတယ်။ တကျောင်းကြီးကို မီးလောင်ပြာကျအောင် ပစ်လိုက်တယ်ဆိုတော့ ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ အလောင်း ၁၃ လောင်းကို ဆွဲထုတ်လို့ ရတယ်။ ဒါပေမဲ့ ဒီထဲမှာလည်း အများကြီး ပါသွားနိုင်တယ်။ ဒဏ်ရာ ရတဲ့ လူတွေလည်းပဲ ရေတွက်လို့ မရသေးဘူး။ ခန့်မှန်းခြေက ထိုခိုက်ဒဏ်ရာရတာက ၃၀ လောက်ရှိလိမ့်မယ်။ ဆေးကုသဖို့ ထွက်သွားကြတာလေ”ဟု ကျောက်ထုနှင့် ယောတွင် စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

မေလ ၉ ရက် မနက် ၁၁ နာရီခန့်တွင် မကွေးတိုင်း၊ ဆောမြို့နှင့် ၆ မိုင်ခန့်အကွာက အကြည်ပန်း ပလွန်း ကျေးရွာ ဘုန်းကြီးကျောင်း တွင် ပြည်သူများ အစည်းအဝေး ကျင်းပနေစဉ် စစ်ကောင်စီသည် လေကြောင်း တိုက်ခိုက်မှုဖြင့် ပထမတစ်ကြိမ်တွင် ပေါက်ကွဲအားပြင်းထန်သော ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ်တွင်လည်း ဘုန်းကြီးကျောင်းတည့်တည့်ကို လေကြောင်းမှ ပေါက်ကွဲအား ပြင်းထန်သော ဗုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ ပြီး တတိယအကြိမ်တွင် မီးလောင်စေသော ဗုံးများဖြင့် တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းမှာ အလုံးစုံ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“လူကတော့ ၂၀ ထက်တော့ မကျော်ပါစေနဲ့ ဆုတောင်းနေတာ။ ၂၀ ကတော့ မကနိုင်ဘူးလို့ပဲ အောင်မေ့နေတာ။ အစည်းအဝေးတက်တာက ၆၀ ခန့်အထိ လူက များတယ်။ အစည်းအဝေးကို ပထမလေကြောင်းတိုက်ခိုက်မှု ပစ်လိုက်တယ်။ အဆောက်အဦးတွေ ပြိုကျသွားတယ်။ ပြေးနိုင်လွှာနိုင်တာတွေက ပြေးကြတယ်။ ဒုတိယ အလုံးက အဆောက်အဦး ပြိုတယ်။ ပိတယ်။ တတိယအလုံးကြတော့ မီးလောင်ဗုံးနဲ့ဆိုတော့ ကျောင်းကြီးက မီးလောင်သွားတော့တာကိုး။ တော်တော်ကြီး ဆိုးဝါးတယ်လို့ ပြောရမယ်” ဟု ကျောက်ထုနှင့် ယောတွင် စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

လတ်တလောတွင် သေဆုံးသူ ၁၃ ဦး၏ အလောင်းများကို မည်သူမည်ဝါမှန်းမသိဘဲ ဆွဲထုတ်နိုင်ခဲ့ပြီး ပြိုကျမီးလောင်ပျက်စီးသွားမှုထဲမှာလည်း သေဆုံးမှုများ ရှိနိုင်ကြောင်း၊ သေဆုံးမှု အသေးစိတ်ကို အတိအကျ မသိနိုင်သေးကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာ ရရှိသူများတွင် ခြေပြတ်လက်ပြတ်ဖြစ်သွားသောသူများ ရှိကြပြီး ဒဏ်ရာများမှာ ပြင်းထန်ကြကြောင်း သိရသည်။

အစည်းအဝေးကို ရပ်ရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူသားစာနာမှု ကူညီနေသူများအပါအဝင် ပြည်သူ ၆၀ ခန့် တက်ရောက်ခဲ့ကြောင်း လတ်တလောမှာ စုံစမ်းသိရှိရသည်။

လေကြောင်းတိုက်ခိုက်ခံရသော အကြည်ပန်းပလွန်း ကျေးရွာမှ ဒေသခံများ အားလုံးသည် ရွာတွင် မနေရဲသောကြောင့် နီးစပ်ရာသို့ ထွက်ပြေးကုန်ပြီးဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် အကြည်ပန်းပလွန်းရွာ အနီးတဝိုက်နှင့် ကျောက်ထုနယ်တချို့ကို ဖုန်းလိုင်းများ လတ်တလောတွင် ဖြတ်တောက် ထားပြီး၊ လေကြောင်းတိုက်ခိုက်မှု၏ နောက်ဆက်တွဲ ဖြစ်စဉ်အသေးစိတ်ကို ထပ်မံ မသိရှိရသေးကြောင်း သိရသည်။

အကြည်ပန်းပလွန်းရွာနှင့် အနီးတဝိုက်ကို စစ်ကောင်စီသည် ဒရုန်းဖြင့် ကင်းထောက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.