Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကျောင်းသားတပ်ဦး (SF/ SAF) နှင့်အတူ အာဏာရှင်စနစ် တိုက်ဖျက်ရေး ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု ချင်းညီနောင်ဆို

ကျောင်းသားတပ်ဦး (SF/ SAF) နှင့်အတူ အာဏာရှင်စနစ် တိုက်ဖျက်ရေး ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု ချင်းညီနောင်ဆို

0
By Editor on April 28, 2025 Headline

မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်ရေးမှသည် စစ်အနိုင်တိုက်ရေးကို မဟာမိတ်များနှင့် လက်တွဲတိုက်ပွဲဝင်မည်ဟု SF/ SAF ထုတ်ပြန်

(006SV)

အာဏာရှင်စနစ်မှန်သမျှကို တိုက်ဖျက်ပြီး အမျိုးသားတန်းတူရေးအတွက် ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/ SAF) နှင့်အတူ ပူးပေါင်းကာ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ကပြောသည်။

ဧပြီလ ၂၇ ရက်တွင် ကျရောက်သော ကျောင်းသားတပ်ဦး/ ကျောင်းသား လက်ရုံးတပ်တော် ဖွဲ့စည်း တည်ထောင်ခြင်း ၄ နှစ်ပြည့်မှာ ပေးပို့သည့် ချင်းညီနောင်အဖွဲ့၏ သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

အာဏာရှင်စနစ်မှန်သမျှကို တိုက်ဖျက်ပြီး လူထုအားလုံး အဖိနှိပ်ခံ ဘဝမှ လွတ်မြောက်ရေးအပါအဝင် လူမျိုးကြီးဝါဒနှင့် အမြင် ကျဉ်းမြောင်းသော အစွန်းရောက် အမျိုးသားရေး ဝါဒကို ဆန့်ကျန်ပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ကျောင်းသားလက်ရုံးတပ်တော်နှင့် ပူးပေါင်းကာ တိုက်ပွဲဝင်သွားမည်ဟု ချင်းညီနောင်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးတွင် ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်၏ နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်ပါစေကြောင်းလည်း ချင်းညီနောင်က သဝဏ်လွှာတွင် ဆုတောင်းပေးထားသည်။

လေးနှစ်တာအတွင်း စစ်အာဏာရှင်စန် အမြစ်ဖြတ်ရေး တိုက်ပွဲပေါင်း များစွာကို မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆင်နွှဲရာမှာ အသက်ပေးလှူသွားသော အာဇာနည်များ၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသော ရဲဘော်များကို လေးစားဦးညွတ်ပါကြောင်း ချင်းညီနောင် ထုတ်ပြန်သည်။

ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်၏ ၄ နှစ်ပြည့်ကိုလည်း ချင်းကာကွယ်ရေးတပ် – အရှိုက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး ရည်မှန်းထားသော နိုင်ငံရေး၊ စစ်ရေး‌ မျှော်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်နိုင်ပါစေကြောင်း ထုတ်ပြန်သည်။

ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်နေ့ကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ မြောက်ပိုင်းညီနောင်အဖွဲ့၊ ABSDF၊ BPLA အပါအဝင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၈ ဖွဲ့က မဟာမိတ် သဝဏ်လွှာ ပေးပို့ထားသည်။

ကျောင်းသားလက်ရုံးတပ်တော်သည် နိုင်ငံတဝန်းလုံးရှိ ကျောင်းသား လူငယ်များကို အဓိက အခြေပြုလျက် ဖွဲ့စည်းတည် ထောင်ထားခြင်းဖြစ်ပြီး စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့် ရရှိရေး၊ လူသားအခွင့်အရေးနှင့် နိုင်ငံတော်သစ် ပေါ်ပေါက်ရေးဟူသော အခြေခံမူဝါဒ ၅ ချက်ဖြင့် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေသည်ဟု သိရသည်။

တော်လှန်စစ် ဆင်နွှဲနေသော အဖွဲ့အစည်း အသီးသီးတို့ကို မဟာမိတ်ပြုပြီး လက်ရှိတွင် မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်ရေး ရည်မှန်းချက်မှသည် စစ်အနိုင်တိုက်ရေး ရည်မှန်းချက်အထိ လက်တွဲ တိုက်ပွဲဝင်သွားမည်ဟု ကျောင်းသားတပ်ဦးက ဧပြီလ ၂၇ ရက်၊ တပ်တော် ၄ နှစ်ပြည့်မှာ ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ ၄၀ ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်းများ ဖမ်းမိဟု CB ထုတ်ပြန်

စစ်ရေးအချက်အချာ ကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ် ပြန်ထိန်းချုပ်

အကျဉ်းသား ၁၀၀ ကျော်အပါအဝင် လူနာပေါင်း ၂၇၀ ကျော်ကို တစ်လအတွင်း ဆေးဝါးကုသပေးနိုင်ခဲ့ဟု CDF-Asho ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.