Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

0
By Editor on August 3, 2026 Headline

နစ်နာသူကျောင်းသူ ၂၀ ကျော် လာရောက်ထွက်ဆိုပြီဟု ASV ဆို

(004SS)

ကျောင်းသူများအပေါ် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုရှိသည်ဟု စွပ်စွဲချက်များနှင့် ပတ်သက်၍ YCW ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင်က ငြင်းဆိုလိုက်ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အွန်လိုင်းပေါ်တွင် ဝေဖန်ရေးသားသူ၊ ဖြန့်ဝေသူများနှင့် မှတ်ချက်ပေးသူများကိုပါ ဥပဒေအရ တရားစွဲဆိုသွားမည်ဟု ၎င်း၏ရှေ့နေမှတဆင့် ခြိမ်းခြောက်တုံ့ပြန်လိုက်သည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ သဇင်လမ်းရှိ YCW ကိုယ်ပိုင်အထက်ကျောင်းပိုင်ရှင် ဦးဂျိမ်းဒါရ်ရိုထန်းသည် ကျောင်းသူများအပေါ် လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုများကျူးလွန်မှုရှိခဲ့ကြောင်း ယခင်ပညာသင်နှစ်အသီးသီးတွင် တက်ရောက်ခဲ့ဖူးသည့် ကျောင်းသူဟောင်းများနှင့် နစ်နာသူများက ၎င်းတို့ထံ လာရောက်တိုင်ကြားခဲ့သည်ဟု Against Sexual Violence – ASV Team က ဇူလိုင် ၂၉ ရက်နေ့က ထုတ် ပြန်ခဲ့သည်။

ထိုကဲ့သို့ထုတ်ပြန်ခဲ့ပြီးနောက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေဖန်မှုများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပြီးနောက် YCW ကိုယ်ပိုင်အထက်ကျောင်းပိုင်ရှင် ဦးဂျိမ်းဒါရ်ရိုထန်းက ၎င်း၏ ရှေ့နေ့မှတဆင့် အသိပေးကြေညာချက်ထုတ်ပြန်ပြီး ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဟု တုံ့ပြန်လာခြင်းဖြစ်သည်။

YCW ကိုယ်ပိုင်အထက်ကျောင်းပိုင်ရှင် ဦးဂျိမ်းဒါရ်ရိုထန်း၏ လွှဲအပ်ညွန်းကြားချက်အရ တရားလွှတ်တော်ရှေ့နေ ဒေါ်လှိုင်းဇာမှ ထုတ်ပြန်သော အဆိုပါအသိပေးကြေညာချက်ထဲတွင် “ YCW ကိုယ်ပိုင်အထက်တန်းကျောင်း နဲ့ ကျောင်းပိုင်ရှင် ဆရာကြီးတို့အား ဂုဏ်သိက္ခာကျဆင်းကာ အသေရေပျက်စေသော ထိခိုက်နစ်နာစေသော မမှန်သတင်းများအား လူမှုကွန် ယက်အသက်သုံးပြု၍ဖြစ်စေ၊ လူမှုပတ်ဝန်းကျင်၌ဖြစ်စေပြောဆိုခြင်း၊ ရေးသားခြင်း၊ ဖြန့်ဝေခြင်း၊ ယင်းဖြန့်ဝေမှုများကို တုန့်ပြန်ခြင်း၊ မှတ်ချက်ပေးခြင်းများ လုံးဝမပြုလုပ်ရန်တားမြစ်ကြောင်း၊ ထိုသို့ပြုလုပ်ထားပါက ပြန်လည်ရုပ်သိမ်း၊ ဖျက်သိမ်းပေးပါရန်နှင့် လိုက်နာမှုမရှိပါက တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုအရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သက်ဆိုင်သူများနှင့် အများသိစေရန်ကြေညာအပ်ပါသည်” ဟု ဖော်ပြထားသည်။

ထို့အပြင် ယင်းသို့ ပြုလုပ်သူများကို ပြည်တွင်း၌ တည်ဆဲဥပဒေဖြင့်လည်းကောင်း၊ ပြည်ပရောက်နေသူများကို သက်ဆိုင်ရာ သံရုံးများမှတစ်ဆင့်လည်းကောင်း တရားစွဲဆို အရေးယူမည်ဟု အသိပေးထားပြီး၊ ကျောင်းပိုင်ရှင်ကိုယ်တိုင်ကလည်း ကျောင်းသားအစည်းအဝေး (Assembly Hall) တွင် ယင်းဖြစ်စဉ်မှာ မိမိ၏ အမှားမဟုတ်ဘဲ မနာလိုသူများ၏ နာမည် ဖျက်မှုသာဖြစ်ကြောင်းနှင့် သက်သေမရှိသဖြင့် ဥပဒေအရ ပြန်လည်အရေးယူမည်ဟု ပြောဆိုခဲ့ကြောင်း YCW ကိုယ်ပိုင် အထက်တန်းကျောင်းလူမှုကွန်ယက်စာမျက်နှာတွေင်ဖော်ပြထားသည်။

အဆိုပါလိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုများကို စတင်ဖော်ထုတ်ခဲ့သော ASV Team တာဝန်ခံ ကိုအောင်ဇမ္ဗူကျော်ဟိန်း က မုဒိမ်းမှုကျူးလွန်ခံရသောကျောင်းသူ ၂ ဦး အပါအဝင် အသက် ၁၄/၁၅ နှစ်အရွယ် ကျောင်းသူ ၂၀ ကျော်၏ ထွက်ဆိုချက်များနှင့် ခိုင်လုံသော သက်သေအထောက်အထားများ ရရှိထားပြီးဖြစ်ကာ နောက်ဆုတ်မည်မဟုတ်ဘဲ ဆက်လက်ရင်ဆိုင်သွားမည်ဟု ပြောသည်။

“ Rape Case အနေနဲ့ ဖြစ်စဉ်ပါ ကျောင်းသူနှစ်ဦး။ Sexual harassment /Abuse ခံရသူ ၁၄/၁၅ နှစ်အရွယ် အယောက် ၂၀ ကျော်ရဲ့ ထွက်ဆိုချက်တွေပါ။ တရားစွဲမယ်စာထုတ်ရုံနဲ့ ဒီထွက်ဆိုချက်တွေ ဒီကျူးလွန်မှုတွေဟာ ပပျောက်မသွားပါဘူး။ ကျနော်တို့ ပိုပြီး အသံထွက်ပါမယ်… နစ်နာသူတွေထဲက တချို့ဆို ရှေ့ထွက်လာကြပါပြီ။ Evidence ပြလို့ရတာ ဘာရှိလဲ အမေးရှိလာရင် ကာယကံရှင် ကျောင်းသူ လူသက်သေပေါင်းများစွာရှိနေတာက ခိုင်မာတဲ့ လူသက်သေတွေပဲ။ ASV အနေနဲ့ Social punishment အရှိန်မြှင့်ပါမယ်။” ဟု အောင်ဇမ္ဗူကျော်ဟိန်းကပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်၊ စနေနေ့က ASV Team အနေဖြင့် မီဒီယာများနှင့် အွန်လိုင်း Zoom မှတစ်ဆင့် သတင်းစာရှင်း လင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ယင်းသတင်းစာရှင်းလင်းပွဲတွင် ကျူးလွန်သူမှာ ကျောင်းပိုင်ရှင်ကိုယ်တိုင် ဖြစ်သည့်အတွက် ကျောင်း၏ အခြားတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများအနေဖြင့် နစ်နာသူ ကျောင်းသူများနှင့်အတူ တရားမျှတမှု ရှာဖွေရာ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တောင်းဆိုခဲ့ကြောင်း လည်း သိရသည်။

YCW ကျောင်းဘက်မှ အွန်လိုင်းကနေတစ်ဆင့် ဝေဖန်သူများနှင့် မှတ်ချက်ပေးသူများကိုပါ တရားစွဲမည်ဟု ထုတ်ပြန်ခဲ့သည့် အပေါ် အမျိုးသမီးတစ်ဦးက အာဏာသိမ်းခါစတွင် စစ်တပ်က ၎င်းတို့အပေါ် ဝေဖန်သူများနှင့် မှတ်ချက်ရေးသူ၊ ရှယ်သူများကို ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည့်ဖြစ်စဉ် နှင့် ဆင်တူနေပြီး YCW ကျောင်းအုပ် ဆရာကြီးအနေဖြင့် ပြဿနာကို ယခုကဲ့သို့သော နည်းလမ်းဖြင့်သာ ဖြေရှင်းနေခြင်းမှာ မေးခွန်းထုတ်စရာဖြစ်သည်ဟု ပြော ဆိုသည်။

တစ်ဖက်တွင်လည်း YCW ဆရာကြီးက ကျန်းမာရေးဆိုင်ရာ စေတနာဖြင့် ပြောကြားခဲ့သည်များကို အချို့ကအထင်လွဲသွားကြခြင်းဖြစ်နိုင်သကဲ့သို့၊ ကျောင်း၏ နာမည်ကို တမင်ဖျက်လိုသည့်သဘောဖြင့် ဖန်တီးရေးသားခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်သူများလည်းရှိနေသည်။

ယခုကဲ့သို့ YCW ကျောင်း နာမည်ထွက်ပေါ်လာသည့်အပေါ် လက်ရှိ စာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် စိတ်ဓာတ်မကျဘဲ မိမိတို့၏ ပညာရေးကိုသာ အဓိကထား ကြိုးစားကြရန် ပြည်သူအချို့က အားပေးပြော ဆိုမှုများလည်းရှိနေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.