(04SS)
တမူးမြို့နယ်၊ ခါမ်းပါတ်မြို့နှင့် အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ပြည်သူအချို့ မှာ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိလာကြပြီဟု ဒေသခံများထံမှ သိရသည်။
ကလေး-တမူးကားလမ်းမပေါ်တွင်တည်ရှိသော ခါမ်းပါတ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့မှုကြောင့် ခါမ်းပါတ်မြို့ အပါအ၀◌င် အနီးနားကကျေးရွာများသည် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။
ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေစဉ်အတွင်း ခမ်းပါတ်မြို့ထဲတွင် သူခိုးများကျင်လည်နေခဲ့ပြီး နေအိမ် ဖောက်ထွင်းခံရမှု၊ ဆိုင်ခန်းများ ဖောက်ထွင်းမှုများပြားခဲ့သည့်အပြင် စပါးစိုက်ပျိုးချိန်ဖြစ်သည့်အတွက် ဒေသခံ ပြည်သူများတောင်ယာလုပ်ငန်းများလုပ်ကိုင်နိုင်ရန်အတွက် ဩဂုတ်လ ၂ ရက်နေ့က ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဘက်မှ အိမ်ပြန်နိုင်ပြီ အကြောင်းကြားခဲ့ခြင်းကြောင့် ဒေသခံတော်တော်များများ မိမိနေရပ်သို့ ပြန်သွား ကြသည်ဟု စစ်ဘေးတိမ်းရှောင်ရာမှ ပြန်လည်ရောက်ရှိလာသူ တစ်ဦးက ပြောသည်။
“အဓိကတော့ ကျွန်တော်တို့မရှိတဲ့ချိန်အတွင်း မြို့ထဲမှာ သူခိုးတွေပေါတယ်။ အိမ်ဖောက်တာ၊ ဆိုင်ခန်း တေဖောက်ထွင်းတာတွေများခဲ့တယ်၊ အခု လောလောဆယ်မှာလဲ တိုက်ပွဲက ငြိမ်နေပြီပေါ့နော်။ ပြီးတော့ စပါးမစိုက်ရသေးတဲ့သူတွေလဲ များတယ်ဆိုတော့ စပါးစိုက်နိုင်ဖို့ အချိန်ပေးနိုင်ဖို့ ဒေသခံတွေက ကာကွယ်ရေး တပ်ဖွဲ့တေစီမှာ တောင်းဆိုထားတာလဲရှိတယ်ပေါ့နော်။ ဒါကြောင့်လဲ ဒေသကာကွယ်ရေးဘက်ကနေ ဒေသခံတွေ အထူးသဖြင့် အမျိုးသားတွေပေါ့နော် အိမ်ပြန်လာဖို့ အကြောင်းကြားတော့ ကျွန်တော်တို့ဆို ကလေးတွေနဲ့ ဒီနေ့ပြန်လာရဲကြတာပေါ့။ အားလုံးတော့ ပြန်မလာကြသေးဘူး ဒါပေမဲ့ အခုက အိမ်ပြန် လာတဲ့သူေတွ များပါတယ်” ဟု ၎င်းကပြောသည်။
ခါမ်းပါတ်မြို့ခံများ စစ်ဘေးတိမ်းရှောင်နေစဉ်အတွင်း အိမ်ဖောက်ထွင်းမှု ဆိုင်ခန်းဖောက်ထွင်းမှု များပြားခဲ့ပြီး ပျောက်ဆုံးသည့် ပမာဏကိုတော့ အတိအကျ မသိရသေးကြောင်း ဆိုင်ဖောက်ထွင်းခံရသူတစ်ဦးကပြောသည်။
“ကျန်တော်တို့ ပြန်လာတော့ အိမ်ဖော်ခံရတာ တော်တော်များပါတယ်။ ကျွန်တော်ဆို ဖုန်းဆာဗစ်ပေးတဲ့ ဆိုင်ခန်း အဖောက် ခံရတယ်။ သူတို့ အသကုန်မွေထားတာနေမှာ တော်တော်ရှုပ်ပွတယ်။ ပျောက်တာကတော့ ကျွန်ရောင်း ဖို့ ထားထားတဲ့ဟာေတွအကုန်ယူသွားကြတယ်။ ပြီးတော့ ကျွန်တော့် လက်ပ်တောပ့် တစ်လုံးပျောက်တယ် ပေါ့နော်။ တခြားကတော့ အကုန်မစစ်ရသေးဘူး” ဟု ၎င်းကပြောသည်။
ခါမ်းပါတ်မြို့ တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အကြားတိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်ဘက်မှ ၂ ရက် ဆက်တိုက် လေယာဉ်ဖြင့် တိုက်ခိုက်လာ ချိန်တွင် မြို့ထဲ၌ မည်သူမျှ မနေရဲကြတော့ဘဲ မြို့ခံအားလုံး တမူး၊ ကလေးမြို့နယ်တို့တွင် ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရပြီး အိန္ဒိယ-မြန်မာနယ်စပ်ဘက်တွင်လည်း စစ်ေဘးတိမ်းရှောင်ခဲ့ကြသည်။
ထိုကဲ့သို့ စစ်ဘေးတိမ်းရှောင်နေကြသည့်အချိန်တွင် ခါမ်းပါတ်မြို့ အမှတ် ၁ ရပ်ကွက်ထဲက ဒေသခံပြည်သူများ၏နေအိမ် ၁၅ လုံးခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။