• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ချင်းဒုက္ခသည်အရေး UNHCR နှင့် ဆွေးနွေးမှု အောင်မြင်မှုမရှိဟုဆို

ချင်းဒုက္ခသည်အရေး UNHCR နှင့် ဆွေးနွေးမှု အောင်မြင်မှုမရှိဟုဆို

0
By Editor on January 23, 2019 Khonumthung

By မိုးကျော် – အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ UN ရုံးတွင် ချင်းဒုက္ခသည်အရေးနှင့်ပတ်သက်၍ UNHCR တာဝန်ရှိသူများနှင့် ချင်းဒုက္ခသည် ခေါင်းဆောင်များ ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ဆွေးနွေးပွဲမှာ အောင်မြင်မှုမရှိကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဒုက္ခသည်များ မျှောလင့်ထားသော ရလဒ်များထွက်ပေါ်လာခြင်းမရှိသည့်အတွက် အောင်မြင်မှုမရှိဟု တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်သူ Chin Human Right Organization (CHRO) ရုံးတာဝန်ခံ Salai Cung Dawt က ပြောသည်။

“ကျနော်တို့တောင်းဆိုတဲ့အပေါ် အောင်မြင်မှုမရှိဘူးလို့ဘဲပြောရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တောင်းတာက တစ်ချက် အနေနဲ့ international protections continue လုပ်ပါဆိုတဲ့အရာ၊ ဒီအချက်အပေါ်မှာ ပေါ်လစီကိုအမြဲတမ်း review လုပ်လို့ ရပါတယ်။ ဒါပေမယ့် အဓိကအရေးကြီးတာက ချင်းပြည်နယ်ရဲ့အခြေအနေကို သိဖို့လိုတယ်။ သေချာမသိဘဲ ပေါ်လစီကို ပြောင်းလို့မရဘူးလို့ UN ဘက်က ပြောတယ်” ဟုပြောသည်။

ဆက်လက်၍ “ကျနော်တို့တောင်းဆိုထားတဲ့ UN card ကို သက်တမ်းတိုးပေးဖို့ဆိုတဲ့ဟာလည်း ဘာမှတုန့်ပြန်မှုမရှိဘူး။ တောင်းဆိုထားတဲ့အရာ အကုန်လုံးက ပေါ်လစီနဲ့ဆိုင်တယ်ဆိုတော့လေ။ ဒါကြောင့် ဒီနေ့ ဆွေးနွေးပွဲက မအောင်မြင်ဘူးလို့ဘဲ ပြောရမယ်။” ဟု Salai Cung Dawt က ပြောသည်။

အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခသည်များသည် UNHCR ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဇန်န၀ါရီ ၁၆ မှ ၁၇ ရက်နေ့အထိ နယူးဒေလီ UN ရုံးရှေ့တွင် ၃ ရက်ဆက်တိုက်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ၎င်းတို့ ၏ တောင်းဆိုချက်မရမချင်း ဆက်လက်ပြီး ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.