• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းအမျိုးသားပိုင်နက်နယ်မြေအတွင်း တိုက်ပွဲများချက်ချင်းရပ်တန့်ရန် CNF တောင်းဆို

ချင်းအမျိုးသားပိုင်နက်နယ်မြေအတွင်း တိုက်ပွဲများချက်ချင်းရပ်တန့်ရန် CNF တောင်းဆို

0
By Editor on March 20, 2020 Headline

#Zawgyi

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ချင်းအမျိုးသားပိုင်နက်နယ်မြေအတွင်းဖြစ်ပွားနေသော တိုက်ပွဲများကို ချက်ချင်းရပ်တန့်ရန် ချင်းအမျိုးသားတပ်ဦး (CNF) က တောင်းဆိုလိုက်သည်။

မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့အကြား ဖြစ်ပွားသော စစ်ရေးပဋိက္ခသည် ချင်းအမျိုးသားများအပေါ် စစ်ရာဇ၀တ်မှုကျူးလွန်မှုများရှိနေခြင်းကြောင့် ချင်းအမျိုးသားများအတွက် အရေးပေါ်အခြေအနေရောက်နေပြီး ချင်းအမျိုးသားပိုင်နက်နယ်မြေအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများကို ချက်ချင်းရပ်တန့်ရန် တပ်မတော်နှင့် AA ကို ချင်းအမျိုးသားတပ်ဦး၏ သတ္တမအကြိမ်မြောက်ညီလာခံက တောင်းဆိုလိုက်သည်။

ထို့အပြင် AA တပ်ဖွဲ့အနေဖြင့် ချင်းပြည်နယ်နှင့် ချင်းလူမျိုးများနေထိုင်ရာဒေသများတွင် စစ်ရေးအရ အခြေချလှုပ်ရှားနေထိုင်ခြင်း လုံးဝမပြုလုပ်ရန် အလေးအနက်တောင်းဆိုသည်ဟု CNF ညီလာခံကြေညာချက်တွင် ဖော်ပြထားသည်။

ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေအတွင်းရေးမှူး Salai Thla Hei က “ကျနော်တို့ညီလာခံမှာလည်းဘဲ အဲဒီကိစ္စအချိန်ယူပြီးဆွေးနွေးကြတယ်၊ ချင်းအမျိုးသားတပ်ဦးနဲ့ အစိုးရတို့နှစ်ဖက်သဘောတူညီစာချူပ်မှာလည်းပဲ ချင်းပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ချင်းအမျိုးသားတပ်မတော်ဘဲရှိရမယ်လို့ပါတာကိုး၊ အဲဒါကြောင့် ပထမအကြိမ် Bilateral ကတည်းက ပလက်ဝမြို့နယ်မှာ (CNF) အခြေချဖို့ ဆွေးနွေးခဲ့ကြတယ်၊ ဒါပေမယ့် အစိုးရဘက်က လက်မခံခဲ့ဘူး ဒီကနေ့ထိဆွေးနွေးနေဆဲပဲ၊ အစိုးရဘက်ကတော့ တာဝန်ယူပါလိမ့်မယ်လို့ပြောတယ် ဒါပေမယ့် ဒီကနေ့ထိ ကျနော်တို့ချင်းပြည်သူလူထုတွေ လုံခြုံမှုမရှိတော့ဘူး ဒါကြောင့် Bilateral Ceasefire Agreement (ပဏာမ အပစ်အခတ်ရပ်စဲရေးစာချူပ်) ကို အကောင်အထည်ဖော်ဖို့လိုအပ်တယ် လုံခြုံမှုမပေးနိုင်ဘူးဆိုလို့ရှိရင် ကျနော်တို့ကို နေရာချပေးပါလို့ ကျနော်တို့ကြိုးစားနေဆဲဖြစ်ပါတယ်၊ ဒါကြောင့် ပြည်သူလူထုရဲ့တောင်းဆိုချက်အရသော်လည်းကောင်း၊ ညီလာခံတက်ရောက် လာတဲ့ကိုယ်စားလှယ်အားလုံးရဲ့ ဆွေးနွေးချက်အရသော်လည်းကောင်း စစ်ပွဲတွေလည်းချက်ချင်းရပ်တန့်ပြီးတော့ စစ်ရာဇ၀တ်မှုတွေလည်းရပ်တန့်ပြီးတော့ ချင်းပြည်နယ်ကနေထွက်ခွါပေးဖို့ ညီလာခံကနေတောင်းဆိုရခြင်းဖြစ်ပါတယ်’’ ဟု ပြောသည်။


ချင်းအမျိုးသားတပ်ဦး (CNF) အနေဖြင့် ပလက်ဝ စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ တပ်မတော်နှင့် AA တပ်ဖွဲ့အား စစ်ပွဲများရပ်တန့်ရန် ကြေညာချက်ထုတ်ပြီးတောင်းဆိုမည့်အစား ပိုမိုထိရောက်နိုင်မည့်အခြားသောနည်းလမ်းဖြင့် လုပ်ဆောင်သင့်သည်ဟု ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC) ညှိနှိုင်းရေးမှူး ဦးစောမြကပြောသည်။

“ဒီထက် လက်တွေ့ကျတဲ့ တုန့်ပြန်မှုမျိုးတော့လုပ်သင့်တယ်ထင်တယ်၊ ဒီလိုမျိုးကြေညာချက်ထုတ်တာကတော့ ကြာလှပြီလေ လွန်ခဲ့တဲ့ ၂၀၁၇/၁၈ ကတည်းက ကြေညာချက်ထုတ်နေတာပဲလေ ဘာမှပြောင်းလဲမလာတာ ဒီထက်ပိုထိရောက်တဲ့ Action တွေလုပ်သင့်တယ် စစ်ဘေးရှောင်တွေကူညီတာတို့ အစိုးရနဲ့ ညှိနှိုင်းတာ၊ AA နဲ့ ညှိနှိုင်းတာမျိုးတွေလည်းလုပ်ပေးရတာပဲလေ’’ ဟု ဦးစောမြကပြောသည်။



ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ချင်းလူမျိုးများနေထိုင်ရာဒေသများတွင် တိုက်ပွဲများကြောင့် လူမှုဒုက္ခအတိ ခံစားနေကြရသော ဒေသခံချင်းပြည်နယ်သူများအတွက် လိုအပ်သော လူမှုကူညီထောက်ပံ့ရေးနှင့် ပြန်လည်နေရာချထားရေးကို ပြည်တွင်းပြည်ပရှိချင်းအမျိုးသားများ၊ ချင်းပြည်နယ်အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့များမှ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆက်လက်တာဝန်ယူ ဆောင်ရွက်ပေးကြရန်နှင့် ချင်းအမျိုးသားတပ်ဦးအနေဖြင့် နည်းလမ်းပေါင်းစုံအသုံးပြု၍ ကမကထပြုအကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဟု CNF ၏ သတ္တမအကြိမ်မြောက် ညီလာခံကြေညာချက်တွင် ဖော်ပြထားသည်။

#Unicode

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ချင်းအမျိူးသားပိုင်နက်နယ်မြေအတွင်းဖြစ်ပွားနေသော တိုက်ပွဲများကို ချက်ချင်းရပ်တန့်ရန် ချင်းအမျိူးသားတပ်ဦး (CNF) က တောင်းဆိုလိုက်သည်။

မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့အကြား ဖြစ်ပွားသော စစ်ရေးပဋိက္ခသည် ချင်းအမျိူးသားများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်မှုများရှိနေခြင်းကြောင့် ချင်းအမျိူးသားများအတွက် အရေးပေါ်အခြေအနေရောက်နေပြီး ချင်းအမျိူးသားပိုင်နက်နယ်မြေအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများကို ချက်ချင်းရပ်တန့်ရန် တပ်မတော်နှင့် AA ကို ချင်းအမျိူးသားတပ်ဦး၏ သတ္တမအကြိမ်မြောက်ညီလာခံက တောင်းဆိုလိုက်သည်။

ထို့အပြင် AA တပ်ဖွဲ့အနေဖြင့် ချင်းပြည်နယ်နှင့် ချင်းလူမျိူးများနေထိုင်ရာဒေသများတွင် စစ်ရေးအရ အခြေချလှုပ်ရှားနေထိုင်ခြင်း လုံးဝမပြုလုပ်ရန် အလေးအနက်တောင်းဆိုသည်ဟု CNF ညီလာခံကြေညာချက်တွင် ဖော်ပြထားသည်။

ချင်းအမျိူးသားတပ်ဦး (CNF) အထွေထွေအတွင်းရေးမှူး Salai Thla Hei က “ကျနော်တို့ညီလာခံမှာလည်းဘဲ အဲဒီကိစ္စအချိန်ယူပြီးဆွေးနွေးကြတယ်၊ ချင်းအမျိူးသားတပ်ဦးနဲ့ အစိုးရတို့နှစ်ဖက်သဘောတူညီစာချူပ်မှာလည်းပဲ ချင်းပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ချင်းအမျိူးသားတပ်မတော်ဘဲရှိရမယ်လို့ပါတာကိုး၊ အဲဒါကြောင့် ပထမအကြိမ် Bilateral ကတည်းက ပလက်ဝမြို့နယ်မှာ (CNF) အခြေချဖို့ ဆွေးနွေးခဲ့ကြတယ်၊ ဒါပေမယ့် အစိုးရဘက်က လက်မခံခဲ့ဘူး ဒီကနေ့ထိဆွေးနွေးနေဆဲပဲ၊ အစိုးရဘက်ကတော့ တာဝန်ယူပါလိမ့်မယ်လို့ပြောတယ် ဒါပေမယ့် ဒီကနေ့ထိ ကျနော်တို့ချင်းပြည်သူလူထုတွေ လုံခြုံမှုမရှိတော့ဘူး ဒါကြောင့် Bilateral Ceasefire Agreement (ပဏာမ အပစ်အခတ်ရပ်စဲရေးစာချူပ်) ကို အကောင်အထည်ဖော်ဖို့လိုအပ်တယ် လုံခြုံမှုမပေးနိုင်ဘူးဆိုလို့ရှိရင် ကျနော်တို့ကို နေရာချပေးပါလို့ ကျနော်တို့ကြိုးစားနေဆဲဖြစ်ပါတယ်၊ ဒါကြောင့် ပြည်သူလူထုရဲ့တောင်းဆိုချက်အရသော်လည်းကောင်း၊ ညီလာခံတက်ရောက် လာတဲ့ကိုယ်စားလှယ်အားလုံးရဲ့ ဆွေးနွေးချက်အရသော်လည်းကောင်း စစ်ပွဲတွေလည်းချက်ချင်းရပ်တန့်ပြီးတော့ စစ်ရာဇဝတ်မှုတွေလည်းရပ်တန့်ပြီးတော့ ချင်းပြည်နယ်ကနေထွက်ခွါပေးဖို့ ညီလာခံကနေတောင်းဆိုရခြင်းဖြစ်ပါတယ်’’ ဟု ပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA အကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ ယခင်က ရေငုံနှုတ်ပိတ်နေခဲ့သည့် CNF သည် ၎င်းတို့၏ ဗဟိုဌာနချူပ် ဝိတိုရိယစခန်းတွင် ယခုလ ၁၆ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်သော သတ္တမအကြိမ်မြောက် ညီလာခံအပြီးတွင် ယခုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။

ချင်းအမျိူးသားတပ်ဦး (CNF) အနေဖြင့် ပလက်ဝ စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ တပ်မတော်နှင့် AA တပ်ဖွဲ့အား စစ်ပွဲများရပ်တန့်ရန် ကြေညာချက်ထုတ်ပြီးတောင်းဆိုမည့်အစား ပိုမိုထိရောက်နိုင်မည့်အခြားသောနည်းလမ်းဖြင့် လုပ်ဆောင်သင့်သည်ဟု ခူမီးချင်းမျိူးနွယ်စုများပေါင်းစပ်ညှိနှိ်ုင်းရေးကောင်စီ(KACC) ညှိနှိုင်းရေးမှူး ဦးစောမြကပြောသည်။

“ဒီထက် လက်တွေ့ကျတဲ့ တုန့်ပြန်မှုမျိူးတော့လုပ်သင့်တယ်ထင်တယ်၊ ဒီလိုမျိူးကြေညာချက်ထုတ်တာကတော့ ကြာလှပြီလေ လွန်ခဲ့တဲ့ ၂၀၁၇/၁၈ ကတည်းက ကြေညာချက်ထုတ်နေတာပဲလေ ဘာမှပြောင်းလဲမလာတာ ဒီထက်ပိုထိရောက်တဲ့ Action တွေလုပ်သင့်တယ် စစ်ဘေးရှောင်တွေကူညီတာတို့ အစိုးရနဲ့ ညှိနှိုင်းတာ၊ AA နဲ့ ညှိနှိုင်းတာမျိူးတွေလည်းလုပ်ပေးရတာပဲလေ’’ ဟု ဦးစောမြကပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် AA အကြားတိုက်ပွဲပိုမိုပြင်းထန်လာပြီး တပ်မတော်ဘက်မှ လေကြောင်းအသုံးပြုလာသည့်အတွက် ပြီးခဲ့သည့် မတ်လ ၁၄ နှင့် ၁၅ ရက်နေ့က ကျေးရွာ ၅ ရွာတွင် ဗုံးကြဲတိုက်ခို က်ကြောင့် အရပ်သားပြည်သူ ၂၁ ဦးသေဆုံးကာ ၂၈ ဦးဒဏ်ရာရှိခဲ့သည်။

အဆိုပါလေကြောင်းအသုံးပြုတိုက်ခိုက်မှုများကြောင့် ပလက်ဝမြို့ – ဆမီးမြို့အကြားတွင်တည်ရှိသည့် ကျေးရွာ ၁၀ ရွာမှ ပြည်သူ နှစ်ထောင်ကျော်တို့သည် ကျေးရွာတွင် မနေရဲ့တော့ဘဲ ဆမီးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ချင်းလူမျိူးများနေထိုင်ရာဒေသများတွင် တိုက်ပွဲများကြောင့် လူမှုဒုက္ခအတိ ခံစားနေကြရသော ဒေသခံချင်းပြည်နယ်သူများအတွက် လိုအပ်သော လူမှုကူညီထောက်ပံ့ရေးနှင့် ပြန်လည်နေရာချထားရေးကို ပြည်တွင်းပြည်ပရှိချင်းအမျိူးသားများ၊ ချင်းပြည်နယ်အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့များမှ အမျိူးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆက်လက်တာဝန်ယူ ဆောင်ရွက်ပေးကြရန်နှင့် ချင်းအမျိူးသားတပ်ဦးအနေဖြင့် နည်းလမ်းပေါင်းစုံအသုံးပြု၍ ကမကထပြုအကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဟု CNF ၏ သတ္တမအကြိမ်မြောက် ညီလာခံကြေညာချက်တွင် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.