Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခ်င္းျပည္နယ္တြင္ NLD ပါတီက မဲဆႏၵနယ္ေျမ ၃၆ ေနရာတြင္ အႏိုင္ရရွိ

ခ်င္းျပည္နယ္တြင္ NLD ပါတီက မဲဆႏၵနယ္ေျမ ၃၆ ေနရာတြင္ အႏိုင္ရရွိ

0
By Editor on November 9, 2020 Headline

#Unicode

By Benezer – နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ၃၉ နေရာရှိသည့် ချင်းပြည်နယ်တွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီက မဲဆန္ဒနယ်မြေ ၃၆ နေရာတွင် အနိုင်ရရှိသည်ဟု သိရသည်။

ချင်းပြည်နယ် NLD ဉက္ကဌ ဉီးဇိုဘွေ့က “တော်လှန်ရေးကာလမှာဘဲဖြစ်ဖြစ် အစိုးရတက်လာပြီးနောက်ပိုင်းဘဲဖြစ်ဖြစ် တိုင်းနဲ့ပြည်နယ်မှာ ချင်းပြည်နယ်က စီးပွားရေးပိုင်း ကျန်ရစ်ခဲ့တာကို အခုအတိုင်ပင်ခံ အနေနဲ့ ချင်းပြည်နယ်မှာ ထားတဲ့စေတနာကို ပြည်သူတွေကတုံ့ပြန်တဲ့အတွက် ဒီလောက်ရာခိုင်နှုန်း ရရှိခြင်းဖြစ်ပါတယ်၊ ကျနော်တို့ ပြည်သူတွေရဲ့ ထောက်ခံမှုကိုအလေးထားပြီးတော့ ကိုယ့်ပြည်နယ်ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု အကောင်အထည်ဖော်နိုင်ဖို့ကတော့ တာဝန်တွေအများကြီး ပြည်သူတွေက ကျနော်တို့ကို ပေးထားတဲ့အတွက် အလေးထားပြီးလုပ်ဆောင်သွားမှာပါ” ဟုပြောသည်။

NLD ပါတီအနေဖြင့် ချင်းပြည်နယ် ပလက်ဝ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း၊ ထန်လတန်၊ တီးတိန် စသည့် မြို့နယ် ၇ မြို့နယ်ရှိ မဲဆန္ဒနယ်မြေအားလုံးတွင် အနိုင်ရရှိခဲ့သည့်အပြင် ဟားခါးမြို့နယ်တွင် ၄ နေရာနှင့် တွန်းဇံမြို့နယ်တွင် ၂ နေရာစုစုပေါင်း ၃၆ နေရာအနိုင်ရရှိကာ မဲဆန္ဒနယ်မြေ ၃ နေရာသာ ရှုံးနိမ့်သည်ဟု လက်ရှိရရှိထား သည့် အချက်အလက်အရသိရသည်။

အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ်မြေ ၃ ခုမှာ ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်-၁ တွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) မှ Pu Siang Mang၊ တွန်းဇံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေတွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်မှ ဒေါ်ကျန်ငိုက်မာန် နှင့် တွန်းဇန်မြို့နယ် ပြည်နယ်လွှတ်တော်အမှတ်-၂ မှ လက်ရှိလူမှုရေးဝန်ကြီး ဉီးပေါင်လွန်မင်းထန်တို့ဖြစ်သည်။

ချင်းပြည်နယ်တွင် ကျင်းပခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လက်ရှိ အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် လွှတ်တော်အမတ်အား လုံးနီးပါးပြန်လည် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ၎င်းတို့အထဲမှ လက်ရှိချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဖြစ်သည့် ဉီးရွှေထီးအိုတစ်ဉီးထဲသာ ရှုံးနိမ့်ကြောင်းသိရသည်။

၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်များအရ မဲဆန္ဒနယ်အများစုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အဓိက အားပြိုင်ခဲ့ရပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဟားခါးမြို့နယ် ပြည်နယ်မဲဆန္ဒနယ် ၁ တွင်သာ အနိုင်ရရှိခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ CNLD ပါတီ၏ အတွင်းရေးမှူး တစ်ဉီးဖြစ်သူ ဆလိုင်းပီပီမှ “ပထမ မျော်လင့်တာကတော့ လွှတ်တော်မှာ အနည်းဆုံး ၁၁ နေရာလောက်တော့ ရမယ်လို့ မျှော်လင့်တာပေါ့၊ ဒါပေမယ့် ၁ နေရာပဲရတော့ ကျနော်တို့လည်း အံ့ဩမိတယ်၊ ဒီအပေါ်မှာ ကျနော်တို့အနေနဲ့ အတွင်းနဲ့အပြင်ကို ကြည့်ဖို့လိုမယ်၊ အပြင်ဖြစ်တဲ့ ချင်းပြည်နယ်ရဲ့ ပြင်ပကိုကြည့်မယ်ဆိုရင် ဒေါ်စုကျန်းမာလျက်ရှိတုန်းမှာတော့ နိုင်ငံတစ်နိုင်ငံလုံး လွှမ်းမိုးမှုတော့ရှိနေတယ်၊ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းတွေကြောင့်လဲပါမယ်၊ ပြီးတော့ ဒီပွဲက ပြည်သူက အဆုံးအဖြတ်ပေးတဲ့ပွဲဆိုတော့ ပြည်သူတွေရဲ့စိတ်ထဲမှာ ကျနော်တို့ CNLD က မရှိသေးဘူးလို့ အလွယ်သုံးသပ်ပါတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတုန်းက ချင်းပြည်နယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၇၈.၇ ရာခိုင်နှုန်းဖြင့် ၂၈ နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ၆ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၅ နေရာ အနိုင်ရရှိခဲ့သည်။

#Zawgyi

ႏို၀င္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့ေသာ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ မဲဆႏၵနယ္ေျမ ၃၉ ေနရာရွိသည့္ ခ်င္းျပည္နယ္တြင္ အမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္(NLD) ပါတီက မဲဆႏၵနယ္ေျမ ၃၆ ေနရာတြင္ အႏိုင္ရရွိသည္ဟု သိရသည္။ 

ခ်င္းျပည္နယ္ NLD ဉကၠဌ ဉီးဇိုေဘြ႔က “ေတာ္လွန္ေရးကာလမွာဘဲျဖစ္ျဖစ္ အစိုးရတက္လာၿပီးေနာက္ပိုင္းဘဲျဖစ္ျဖစ္ တိုင္းနဲ႔ျပည္နယ္မွာ ခ်င္းျပည္နယ္က စီးပြားေရးပိုင္း က်န္ရစ္ခဲ့တာကို အခုအတိုင္ပင္ခံ အေနနဲ႔ ခ်င္းျပည္နယ္မွာ ထားတဲ့ေစတနာကို ျပည္သူေတြကတုံ႔ျပန္တဲ့အတြက္ ဒီေလာက္ရာခိုင္ႏႈန္း ရရွိျခင္းျဖစ္ပါတယ္၊ က်ေနာ္တို႔ ျပည္သူေတြရဲ့ ေထာက္ခံမႈကိုအေလးထားၿပီးေတာ့ ကိုယ့္ျပည္နယ္ကိုယ့္နိုင္ငံ ဖြံ့ၿဖိဳးတိုးတက္ေရးႏွင့္ ဖက္ဒရယ္ျပည္ေထာင္စု အေကာင္အထည္ေဖာ္နိုင္ဖို႔ကေတာ့ တာဝန္ေတြအမ်ားႀကီး ျပည္သူေတြက က်ေနာ္တို႔ကို ေပးထားတဲ့အတြက္ အေလးထားၿပီးလုပ္ေဆာင္သြားမွာပါ” ဟုေျပာသည္။

NLD ပါတီအေနျဖင့္ ခ်င္းျပည္နယ္ ပလက္၀၊ မတူပီ၊ မင္းတပ္၊ ကန္ပက္လက္၊ ဖလမ္း၊ ထန္လတန္၊ တီးတိန္ စသည့္ ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္ရွိ မဲဆႏၵနယ္ေျမအားလံုးတြင္ အႏိုင္ရရွိခဲ့သည့္အျပင္ ဟားခါးၿမိဳ႕နယ္တြင္ ၄ ေနရာႏွင့္ တြန္းဇံၿမိဳ႕နယ္တြင္ ၂ ေနရာစုစုေပါင္း ၃၆ ေနရာအႏိုင္ရရွိကာ မဲဆႏၵနယ္ေျမ ၃ ေနရာသာ ရႈံးနိမ့္သည္ဟု လက္ရွိရရွိထား သည့္ အခ်က္အလက္အရသိရသည္။

အမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္ NLD ပါတီရႈံးနိမ့္ခဲ့သည့္ မဲဆႏၵနယ္ေျမ ၃ ခုမွာ ဟားခါးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္အမွတ္-၁ တြင္ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (CNLD) မွ Pu Siang Mang၊ တြန္းဇံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ေျမတြင္ ဇိုမီးဒီမိုကေရစီအဖြဲ႔ခ်ဴပ္မွ ေဒၚက်န္ငိုက္မာန္ ႏွင့္ တြန္းဇန္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္အမွတ္-၂ မွ လက္ရွိလူမႈေရး၀န္ႀကီး ဉီးေပါင္လြန္မင္းထန္တို႔ျဖစ္သည္။ 

ခ်င္းျပည္နယ္တြင္ က်င္းပခဲ့သည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ လက္ရွိ အစိုးရအဖြဲ႕မွ ဝန္ႀကီးမ်ားႏွင့္ လႊတ္ေတာ္အမတ္အား လုံးနီးပါးျပန္လည္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ၎တို႔အထဲမွ လက္ရွိခ်င္းျပည္နယ္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးျဖစ္သည့္ ဉီးေရႊထီးအိုတစ္ဉီးထဲသာ ရႈံးနိမ့္ေၾကာင္းသိရသည္။

၂၀၂၀ ေရြးေကာက္ပြဲ မဲရလဒ္မ်ားအရ မဲဆႏၵနယ္အမ်ားစုတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ႏွင့္ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္တို႔ အဓိက အားၿပိဳင္ခဲ့ရၿပီး ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ဟားခါးၿမိဳ႕နယ္ ျပည္နယ္မဲဆႏၵနယ္ ၁ တြင္သာ အနိုင္ရရွိခဲ့သည္။

ယင္းကိစၥႏွင့္ပတ္သက္၍ CNLD ပါတီ၏ အတြင္းေရးမႉး တစ္ဉီးျဖစ္သူ ဆလိုင္းပီပီမွ “ပထမ ေမ်ာ္လင့္တာကေတာ့ လႊတ္ေတာ္မွာ အနည္းဆုံး ၁၁ ေနရာေလာက္ေတာ့ ရမယ္လို႔ ေမၽွာ္လင့္တာေပါ့၊ ဒါေပမယ့္ ၁ ေနရာပဲရေတာ့ က်ေနာ္တို႔လည္း အံ့ဩမိတယ္၊ ဒီအေပၚမွာ က်ေနာ္တို႔အေနနဲ႔ အတြင္းနဲ႔အျပင္ကို ၾကည့္ဖို႔လိုမယ္၊ အျပင္ျဖစ္တဲ့ ခ်င္းျပည္နယ္ရဲ့ ျပင္ပကိုၾကည့္မယ္ဆိုရင္ ေဒၚစုက်န္းမာလ်က္ရွိတုန္းမွာေတာ့ နိုင္ငံတစ္နိုင္ငံလုံး လႊမ္းမိုးမႈေတာ့ရွိေနတယ္၊ က်ေနာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ့ အရည္အခ်င္းေတြေၾကာင့္လဲပါမယ္၊ ၿပီးေတာ့ ဒီပြဲက ျပည္သူက အဆုံးအျဖတ္ေပးတဲ့ပြဲဆိုေတာ့ ျပည္သူေတြရဲ့စိတ္ထဲမွာ က်ေနာ္တို႔ CNLD က မရွိေသးဘူးလို႔ အလြယ္သုံးသပ္ပါတယ္” ဟုေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္တြင္က်င္းပခဲ့သည့္ အေထြေထြေရြးေကာက္ပြဲတုန္းက ခ်င္းျပည္နယ္တြင္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က ၇၈.၇ ရာခိုင္ႏႈန္းျဖင့္ ၂၈ ေနရာ၊ ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ၆ ေနရာ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီက ၅ ေနရာ အနိုင္ရရွိခဲ့သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.