• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်ဝန်ကြီးချူပ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ မဟုတ်မမှန်တိုင်ကြားသည်ဟုဆိုကာ တိုင်ကြားသူများနှင့် သတင်းရေသားသည့် ချင်းဝေါလ်သတင်းဌာနကို တရားစွဲမည်ဟုဆို

ချင်းပြည်နယ်ဝန်ကြီးချူပ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ မဟုတ်မမှန်တိုင်ကြားသည်ဟုဆိုကာ တိုင်ကြားသူများနှင့် သတင်းရေသားသည့် ချင်းဝေါလ်သတင်းဌာနကို တရားစွဲမည်ဟုဆို

0
By Editor on April 11, 2019 Headline

ချင်းပြည်နယ် ဖလမ်းမြို့တွင် ၂၀၁၇ ခုနှစ်က ကျင်းပခဲ့သော (၆၉) နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော်အတွက် လှူဒါန်းသည့် ရံပုံငွေကိစ္စနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံသို့ တိုင်းကြားသူများနှင့် အဆိုပါတိုင်ကြားသည့်သတင်းကို ရေးသားသည့် ချင်းဝေါလ်သတင်းဌာနကို ဥပဒေကြောင်းအရ တရားစွဲဆိုမည်ဟု ချင်းပြည်နယ် အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးစိုးထက်က ပြောဆိုကြောင်း ဧပြီလ (၈) ရက်နေ့ထုတ် ဟားခါးပိုစ့်သတင်းတွင်ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးစိုးထက်ကို ခိုနူမ်းသုန်သတင်းဌာနမှ မေးမြန်းရာ “အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်တယ် ဒီဖြစ်စဉ်က မှန်တာလည်းမဟုတ်ဘူး မှားနေတာတစ်ခုကို ချင်းပြ ည်နယ်မှာအကြီးဆုံးဖြစ်တဲ့ ၀န်ကြီးချူပ်ကို တိုင်တာမျိုးကြ တော့ ကာယကံရှင်က ဘယ်လိုလို့လက်ခံမလဲ၊ ၀န်ကြီးချူပ်ကို ယ်တိုင်က မကျေနပ်ဘူးဖြစ်နေတယ် မကျေနပ်လို့ တရားစွဲမယ်ဆိုရင်လည်း သူစွဲခွင့်ရှိတာပဲ’’ ဟုပြောသည်။

ဖလမ်းမြို့တွင်ကျင်းပခဲ့သည့် (၆၉) နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ထွဋ်ခေါင်ကြီးကုမ္ပဏီပိုင်ရှင် ဦးထန်းရှင်းမှ လှူဒါန်းခဲ့သည့် ကျပ်ငွေ သိန်း (၂၀၀) ပျောက်ဆုံးသွားသည်ဟုဆိုကာ ယင်းကိစ္စကို စုံစမ်းစစ်ဆေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံသို့ မတ်လ (၃၀) နေ့ရက်စွဲဖြင့် မင်းတပ်မြို့အရပ်ဖက်အဖွဲ့အစည်းများက တိုင်ကြားခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့၏ တိုင်ကြားစာတွင် ဖလမ်းမြို့တွင် ပြည်နယ်အဆင့် ကျင်းပသည့် ချင်းအမျိုးသားနေ့အတွက် အလှူငွေကို ထွဋ်ခေါင်ကြီးကုမ္ပဏီပိုင်ရှင် ဦးထန်းရှိန်းမှ ဟားခါးရိပ်သာတွင် အစိုးရအဖွဲ့အကြီး အကဲများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်တွေ့ဆုံစဉ် အလှူငွေကျပ်သိန်း (၂၀၀ ) အားထည့်ဝင်မည့်အကြောင်း ပြောကြားခဲ့ပြီး နေရပ်ပြန်ရောက်ချိန်တွင် ဖားကန့်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ တစ်ဆင့် ယခုကရင်ပြည်နယ်သို့ပြောင်းရွှေ့သွားပြီဖြစ်သည့် ချင်းပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှုးဟောင်း ဦးစန်းမောင်ဦး ထံသို့ ကုမ္ပဏီဝန်ထမ်းမှ တစ်ဆင့်လှမ်းပို့စေခဲ့သော်လည်း ချင်းအမျိုးသားနေ့ ပွဲဖြစ်မြောက်ရေးကော်မတီထံ မရောက်ရှိဘဲ ချင်းပြည်နယ် ၀န်ကြီးချုပ်ထံ ရောက်ရှိသည်ဟု သတင်းသိရှိရကြောင်း ဦးထန်းရှိန်းကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဖြေကြားခဲ့သည်ဟု ပါရှိသည်။

ယခုကိစ္စနှင့်ပတ်သက်၍ တိုင်ကြားသည့် မင်းတပ်အရပ်ဖက်အဖွဲ့အစည်းမှ ကို Mangom က “ငွေစာရင်းရှင်းတမ်းစာရွက်တွေမှာ ထွဋ်ခေါင်ကြီးကုမ္ပဏီအနေနဲ့လည်း မပါလာဘူး၊ ဦးထန်းရှင်းအနေနဲ့လည်းမပါဘူး၊ ဦးထိတ်တန်းအမည်နဲ့လည်းမပါသလို ထွဋ်ခေါင်ကြီးကုမ္ပဏီက ပေးတယ်ဆိုတဲ့ဟာက တစ်သိန်းလည်းမဟုတ်ဘူး နှစ်သိန်းလည်းမဟုတ်ဘူး သိန်း ၂၀၀ ဆိုတော့ ဘာပဲဖြစ်ဖြစ် ပွဲဖြစ်မြောက်ရေးကော်မတီကလည်း သိကိုသိသင့်တယ် ကျနော်တို့လုံးဝမသိရပါဘူးဆိုတဲ့ဟာတွေရှိတယ် အဲဒါကြောင့် ပွဲဖြစ်မြောက်ရေးကော်မတီနဲ့အစိုးရကြားထဲမှာ ဒီသိန်း ၂၀၀ ဟာ ဘာဖြစ်နေတာလဲပေါ့ သေချာတာကတော့ ပွဲဖြစ်မြောက်ကော်မတီကနေ ငွေစာရင်းလက်ခံထားရှိခြင်းမရှိဘူး ငွေစာရင်းရှင်းတန်းတွေမှာလည်း စာရင်းသွင်းထားခြင်းမရှိတဲ့ကိစ္စဆိုတော့ အစိုးရဘက်ကလိုအပ်နေတာ ဒီဟာ ခြစားမှုမဖြစ်ခဲ့ရင်တောင်မှ သတင်းအချက်အလက်ကွာဟမှု(Gap Information) ဖြစ်ကိုဖြစ်နေပြီ ဆိုတော့ ဒီ (၂၀၀) ပျောက်နေတဲ့ကိစ္စကို ဖြေရှင်းပေးဖို့ ကျနော်တို့လိုချင်တယ်’’ ဟု ခိုနူမ်းသုန်ကိုပြောသည်။

ထွဋ်ခေါင်ကြီးကုမ္ပဏီပိုင်ရှင် ဦးထန်းရှိန်းမှ လှူဒါန်းသည့် သိန်း (၂၀၀) ကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့သည် မတ်လ (၂၈) ရက်နေ့က ချင်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမတွင် ဟားခါးမြို့အခြေစိုက်သတင်းမီဒီယာများနှင့် တွေဆုံရှင်းလင်းခဲ့သည်ဟု သိရသည်။

ယင်းတွေ့ဆုံပွဲတွင် ချင်းပြည်နယ် ၀န်ကြီးချူပ် ဆလိုင်းဦးလျန်လွယ်က ယခုကဲ့သို့ ရှင်းလင်းပြောကြားခဲ့ကြောင်း ဟားခါးပိုစ့်သတင်းစာမျက်နှာတွင်ဖော်ပြထားသည်။

“ငွေကို ကျွန်တော့်ဆီမပေးဘူး။ ကျွန်တော့်နာမည်နဲ့ပို့တာလည်းမဟုတ်ဘူး။ လှူတာကလည်း ဦးထန်းရှိန်းနာမည်နဲ့မဟုတ်ပဲ ကုမ္ပဏီနာမည်ဖြစ်တဲ့ ထွဋ်ခေါင်ကြီးကုမ္ပဏီနာမည်နဲ့လှူတာဖြစ်တယ်။ ဒါကို ချင်းပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှုး နာမည်နဲ့ပို့တာဖြစ်တယ်။ ပွဲအတွက်လှူဒါန်းတဲ့ သူတွေနဲ့စာရင်း တွေလည်း အားလုံးရှိတယ်။ သူတို့အတွက် ဂုဏ်ပြုလွှာကိုလည်းပေးခဲ့ပေမယ့် ဦးထန်းရှိန်းက သူနေထိုင်တဲ့နေရာဝေးတာဖြစ်တဲ့အတွက် ဟားခါးမှာပဲ ဂုဏ်ပြုလွှာကိုထားတယ်။ နောက်ပိုင်းမှာ သူ့အဖေဖြစ်တဲ့ ဦးတိတ်ထန်းဆီမှာ ပြန်ပေးပေမယ့် သူ့အချိန်အခါမှာမဟုတ်ပဲ ပေးတာဖြစ်တဲ့အတွက် သူ့သားပြန်လာမှပေးပါဆိုလို့ အခုထိထားတာဖြစ်တယ်။ ချင်းအမျိုးသားနေ့ အတွက် အသုံးအပြုတဲ့ ငွေစာရင်းတွေလည်း ပြည်နယ်စာရင်းစစ်ချုပ်ကိုယ်တိုင် စစ်ဆေးပြီး လက်မှတ်ထိုးထားပြီးသားလည်းဖြစ်တယ်”ဟု ၀န်ကြီးချူပ်က ပြန်လည်ရှင်းလင်းခဲ့သည်ဟု သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ချင်းဝေါလ်အယ်ဒီတာ ဆလိုင်းဟုန်းထွန်းဂေက “၀န်ကြီးချုပ်က မတ်လ ၂၈ ရက်နေ့မှာ ဒီကိစ္စကို ဟားခါးပို့စ်ကိုခေါ်ပြီးရှင်းလင်းချက်လုပ်တယ်လို့ကြားရတယ်။ အဲဒါကို ဟားခါးပို့စ်ကလည်း ထုတ်ခဲ့တယ်။ အဲဒီနောက် မတ်လ ၃၀ ရက်နေ့ နေ့စွဲနဲ့ ဒီ သိန်း ၂၀၀ ကိစ္စကို စုံစမ်းအရေးယူဖို့ဆိုပြီး မင်းတပ်အရပ်ဖက်အဖွဲ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားစာပို့တာပေါ့။ အဲဒီစာကို ကျွန်တော်တို့ဆီလည်းရလို့ တိုင်ကြားစာကိုအခြေခံပြီး သတင်းရေးတာဖြစ်တယ်။ အဲဒီကိစ္စ ဆိုရှယ်မီဒီယာမှာ ပြန့်လာတော့ ၀န်ကြီးချုပ်က ဖြေရှင်းပြီးသားကို ဘာလို့ဒီလို သတင်းထပ်ပြန့်လာရတာလဲဆိုပြီး ဖြစ်တယ်လို့ထင်တာပဲ။ ၀န်ကြီးချုပ်ဖြေရှင်းချက်ကလည်း ဟားခါးပို့စ်မှာ ဟားခါးလိုပဲထုတ်တာဆိုတော့ ဘယ်သူကမှ သိတာမဟုတ်ဘူး။ ဟားခါးစာဖတ်တတ်တဲ့သူတွေပဲသိတာ။ ဘယ်လိုဖြေရှင်းထားလဲဆိုတာ ကော်မရှင်ကိုတိုင်တဲ့သူတွေကလည်း သိတာမဟုတ်ဘူး။ အမှန်ဆိုရင် အရင်ကလို အစိုးရအဖွဲ့ရဲ့ အွန်လိုင်းစာမျက်နှာရှိပြီး အဲဒီနေရာမျိုးကနေ ရှင်းလင်းချက်ရေးရင် လူတိုင်းသိမှာ။ ဒီကိစ္စကလည်း အွန်လိုင်းကနေပဲ စပြီးပြန့်လာတာကိုး။ ကျွန်တော်တို့သတင်းဌာနကို တရားစွဲမယ်ဆိုပြီး ဟားခါးပို့စ်မှာ သတင်းတက်လာတာနဲ့ပတ်သက်ပြီးလို့တော့ ၀န်ကြီး အဲလိုတကယ်ပြောမပြောတော့မသိဘူး။ သတင်းမှာတက်လာလို့ပဲ ကျွန်တော်တို့လည်းတွေ့ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ဖက်က ရေးထားတဲ့သတင်းကတော့ ဘက်မျှအောင်လည်းရေးထားတယ်။ တိုင်တဲ့စာကို သတင်းအဖြစ်ပြန်ရေးတာဖြစ်သလို ၀န်ကြီးချုပ်ဖြေရှင်းထားတဲ့ဟာကိုတောင် ထည့်ရေးပေးထားသေးတာဖြစ်တယ်။ ၀န်ကြီးချုပ်ဖြေရှင်းထားတဲ့ကိစ္စဆိုရင် ကျွန်တော်တို့ကပဲ အများသိအောင် ဗမာလိုပထမဆုံးဖော်ပြထားပေးတာဖြစ်တယ်” ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.