Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းညီနောင်အဖွဲ့ဝင်အားလုံးကို ULA/AA က စစ်ရေးထောက်ပံ့ပေးနေဟု ISP – မြန်မာ ပြော

ချင်းညီနောင်အဖွဲ့ဝင်အားလုံးကို ULA/AA က စစ်ရေးထောက်ပံ့ပေးနေဟု ISP – မြန်မာ ပြော

0
By Editor on July 11, 2025 Headline

CDF- အရှိုနှင့် ACDF တို့လည်း AA ၏ စစ်ရေးကွပ်ကဲမှု စနစ်နှင့် ချိတ်ဆက်ထားသော မဟာမိတ်များဟုဆို

(006SV)

ချင်းပြည်အတွင်းက ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ချင်းညီနောင် (CB) အဖွဲ့ဝင် ၆ ဖွဲ့ အားလုံးကို အာရက္ခတပ်တော် ULA/ AA က စစ်ရေးအရင်းအမြစ်များကို တစိတ်တပိုင်း သို့မဟုတ် အပြည့်အဝ ထောက်ပံ့ပေးထားသည်ဟု ISP – Myanmar ကဖော်ပြသည်။

ဇူလိုင်လ ၉ ရက်က “ဒုတ်ဒုတ်ထိ မျက်တွေ့ ထီးပြိုင် နန်းပြိုင်ရခိုင်ပြည်” ဆိုသည့် သုတေသနစာတမ်းတွင် မြန်မာ့မဟာ ဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP – Myanmar) ပြောဆိုခြင်းဖြစ်သည်။

အာရက္ခတပ်တော်သည် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော လက်နက်ကိုင်တပ်ဖွဲ့များအနက် အနည်းဆုံး ၂၃ ဖွဲ့ကို လက်နက်ရိက္ခာနှင့် စစ်သင်တန်း အရင်းအမြစ်များကို တစိတ်တပိုင်း သို့မဟုတ် အပြည့်အဝ ထောက်ပံ့လျက်ရှိ သည်ဟု သိရသည်။

ယင်းတပ်ဖွဲ့များသည် နိုင်ငံတဝန်းက မြို့နယ်ပေါင်း ၆၀ ကျော်တွင် စစ်ရေးလှုပ်ရှားနေပြီး ယင်းအနက် ၁၈ ဖွဲ့သည် ရခိုင်နှင့် ထိစပ်နေသော ချင်း၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတို့တွင် ULA/ AA နှင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည်ဟု ISP – Myanmar က ဆိုသည်။

ULA/ AA ၏ စစ်ရေးကွပ်ကဲမှု စနစ်အတွင်း ချိတ်ဆက် ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်နေသည့် မဟာမိတ်အဖွဲ့ဝင် ၈ ဖွဲ့တွင်လည်း ရခိုင်- မကွေးအစပ်က အရှိုချင်းဒေသများတွင် စစ်ရေးလှုပ်ရှားကြသော CDF – Asho နှင့် ACDF တို့လည်း ပါဝင်နေသည်ဟု ISP – မြန်မာ စာတမ်းတွင် ဖော်ပြထားသည်။

ULA/ AA က စစ်ရေးအရင်းအမြစ်များကို တစိတ်တပိုင်း သို့မဟုတ် အပြည့်အဝ ထောက်ပံ့ပေးထားသော မဟာမိတ် ၁၅ ဖွဲ့ထဲတွင် ချင်းပြည်နယ်မှ ချင်းညီနောင်အဖွဲ့ဝင် (CB) များဖြစ်သော CDF – ကန်ပက်လက်၊ CDF – မတူပီ၊ CDF – မင်းတပ်၊ PDF – Zoland ၊ CNDF နှင့် MDF စသဖြင့် ၆ ဖွဲ့လုံး ပါဝင်သည်ဟု သိရသည်။

မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ဖလမ်းမြို့တို့မှ ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ မြို့သိမ်းတိုက်ပွဲများနှင့် စစ်ရေးတွင် ULA/AA က ကူညီထောက်ပံ့သည်ဟု ချင်းညီနောင်အဖွဲ့ဝင်များက တရားဝင်ပြောဆိုထားသည်။

တဖက်မှာလည်း ပလက်ဝမြို့နယ်ကို ULA/ AA က သိမ်းထားပြီး ရခိုင်ပြည်နယ်၏ ၈ ခုမြောက်ခရိုင်အဖြစ် ထည့်သွင်း လာမှုကြောင့် ချင်းလဲန်းကောင်စီအဖွဲ့ဝင်များအပါအဝင် ချင်းတော်လှန်ရေးအင်အားစုများက ULA/ AA ကို ဝေဖန်မှုများ မြင့်တက်လာနေသည်ဟု သိရသည်။

“ချင်းပြည်က အင်အားစုတွေအကြား ဒီမေးခွန်းနဲ့ပတ်သက်တဲ့ အချေအတင်ဖြစ်မှုတွေ ရှိနေပါပြီ။ တကယ်လို့ ချင်း EAOs/PDFs တွေအနေနဲ့ ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးအရ အချက်အချာကျတဲ့ ပလက်၀အရေးကို AA နဲ့ သဘောမျှ ညီအောင် အဖြေမထုတ်နိုင်ဘူးဆိုရင်၊ ချင်းလက်နက်ကိုင်တွေ အချင်းချင်း အကွဲအပြဲတွေကို အင်အားသုံးဖြေရှင်း နေကြတဲ့ ဟင်္သာကိုးသောင်းဇာတ်ကို ကိုယ်ရှိန်မသတ်နိုင်ဘူးဆိုရင် ဒီအနောက်ဘက်စင်္ကြံတကြောက ပဋိပက္ခမှာ (အမှန်အမှား၊ တရားမျှတမှုစတဲ့ အာဏာရှင်ဆန့်ကျင်ရေး၊ တန်းတူရေးတိုက်ပွဲ တွေက ဆက်ရှိနိုင်ကောင်းပေမဲ့) ချင်းရဲ့ မဟာဗျူဟာမြောက် အရေးပါမှုက အကန့်အသတ်နဲ့သာ ရှိတော့မှာ ဖြစ်ပါတယ်။ အခုထိတော့ AA ဟာ သူ့ရဲ့ အန္တိမ နိုင်ငံရေးရည်မှန်းချက်နဲ့ပတ်သက်ရင် မဟာဗျူဟာမြောက် မရေမရာဝါးတားတား (strategic ambiguity) တမင်လုပ်ထားပုံရပါတယ်။ ‘အပြောနည်းနည်း၊ အလုပ်များများလုပ်ကြ’ဆိုတဲ့လမ်းစဉ်နဲ့ အကြီးဆုံး လက်နက်ကိုင် မဟာမိတ်ကွန်ရက်ကို ထိန်းထားနိုင်တုန်း၊ နိုင်ငံရေးနိဂုံးချုပ်ချက်ကို အဖြေမပေးဘဲ ကြိုးရှည်ရှည်နဲ့ လှန်ထားနိုင်တုန်းပါပဲ” ဟု ISP – မြန်မာက ၎င်း၏ စာတမ်းတွင် ဖော်ပြထားသည်။

ပလက်ဝမြို့နယ်ထဲက ကုလာတန်းမြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် ပလက်ဝ- မီဇိုရမ်ကားလမ်းတို့ကိုလည်း ULA/ AA ထိန်းချုပ်ထားသည်ဟု သိရသည်။

၂၀၂၅ နှစ်ဆန်းပိုင်းမှစတင်၍ အာရက္ခတပ်တော်သည် စစ်ဆင်ရေးများကို ရခိုင်ပြည်နယ် ပြင်ပ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင်ပါ တိုးချဲ့ဖော်ဆောင်လာသည်ဟု သိရသည်။

ULA/AA သည် ရခိုင်ပြည်နယ်၏ နယ်မြေ ၉၃ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီး ပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ ၄၀ ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်းများ ဖမ်းမိဟု CB ထုတ်ပြန်

စစ်ရေးအချက်အချာ ကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ် ပြန်ထိန်းချုပ်

အကျဉ်းသား ၁၀၀ ကျော်အပါအဝင် လူနာပေါင်း ၂၇၀ ကျော်ကို တစ်လအတွင်း ဆေးဝါးကုသပေးနိုင်ခဲ့ဟု CDF-Asho ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.