Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတောင်တက်လာသော စစ်ကောင်စီစစ်ကြောင်း ကလေး-ဖလမ်းကြားတွင် အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး အနည်းဆုံး ၃၀ ကျော်သေဆုံးဟုဆို

ချင်းတောင်တက်လာသော စစ်ကောင်စီစစ်ကြောင်း ကလေး-ဖလမ်းကြားတွင် အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး အနည်းဆုံး ၃၀ ကျော်သေဆုံးဟုဆို

0
By Editor on March 23, 2023 Headline

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့ တက်လာသော စစ်ကောင်စီယာဉ်တန်းသည် ကလေး-ဖလမ်းကားလမ်းမပေါ်တွင် အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အနည်းဆုံး စစ်ကောင်စီတပ်သား အယောက် (၃၀) ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

သံချပ်ကာကား ၂ စီးအပါအဝင် ကုန်တင်ကားအစီး ၃၀၊ အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် မတ်လ ၇ ရက်နှင့် ၉ ရက်နေ့က ကလေးမြို့မှ ချင်းတောင်သို့ချီတက်လာကြပြီး ဖလမ်းမြို့မဝင်ခင် လမ်းခရီးတစ်လျှောက်လုံးတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အပြင် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး ၃၀ ခန့်သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တပ်မဟာမှုး ကို Lian No က ပြောသည်။

“ဖလမ်းမြို့နယ်မဝင်ခင်တုန်းက တပ်ဖွဲ့ ၄ ခုပေါင်းပြီး သိုင်းငင်းနဲ့ဗားလုံကြားထဲမှာ သူတို့တိုက်ပွဲဖြစ်ကြတယ်။ အဲ့မှာ သေချာပေါက် ခြောက်ယောက်သေတယ်။ ဗားလုံကနေ ထင်းရှုးစခန်းကြားထဲမှာ သုံးရက်ဆက်တိုက် တိုက်ခိုက်တာပေါ့ မိုင်အားဖြင့် ရှစ်မိုင်လောက်ဝေးပေမယ့် အဲ့မှာတင် သုံးညဆက်တိုက်အိပ်တယ်လေ ကျွန်တော်တို့ တိုက်ခိုက်လွန်းလို့။ အဲ့မှာတော့ အယောက် (၃၀) ထိခိုက်ကျဆုံးတာ။ ဒါပေမယ့် ကျန်တဲ့ထိခိုက်မှုကိုတော့ ကျွန်တော်တို့ အတိအကျမပြောနိုင်ခဲ့ဘူး။ လူကိုယ်တိုင်လမ်းလျှောက်ပြီး မိုင်းရှာနေတဲ့ ရှေ့ပြေးဖွဲ့တွေကို မိုင်းထောင်ထားတဲ့ အပေါ်တည့်တည့်မှာရပ်နေလို့ မိုင်းဆွဲလိုက်တာ လူပါပျေက်သွားတဲ့ဟာတွေနဲ့” ဟု CNDF တပ်မဟာမှုး ကို Lian No က ပြောသည်။

စစ်ကောင်စီယာဉ်တန်းသည် ကလေး-ဖလမ်းကားလမ်းမပေါ်ရှိ ဘဲကမ်နှင့် နယူးစွမ်ပီးကျေးရွာကြား၊ ဗားလုံးနှင့် ထင်းရှှုးစခန်းအကြား၊ စီဇာမွလ်နှင့် ကြောင်ဟဲကျေးရွာတို့တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုများတွင် CNA ၊ CNDF၊ CDM-Siyin၊ EMDF၊ KKG-Kalay ၊ PDF-Zoland တို့ ပါဝင်သည်ဟု သိရသည်။

“လမ်းမှာ CNA တွေနဲ့ကျွန်တော်တို့တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ ဖလမ်းမဝင်ခင်ကတည်းက တောက်လျှောက်တနေ ကုန်တိုက်ပွဲဖြစ်တယ်၊ ဆွဲမိုင်းတွေ၊ ခြေဖြုတ်မိုင်းတွေနဲ့ ဆွဲလိုက်တာ ဘယ်လောက် သေလဲဆိုတာအတိအကျတော့ ပြောလို့မ ရသေးဘူး” CNDF တပ်မဟာမှုး ကို Lian No ကပြောသည်။

စစ်ကောင်စီဘက်က ကျဆုံးမှုအရေအတွက်ပမာဏနှင့်ပတ်သက်ပြီး ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

ဖလမ်းမြို့သည် ကလေးမြို့နှင့်မိုင် ၈၀ ခန့်ကွာဝေးပြီး ကောင်စီတပ်ဖွဲ့များသည် ယခင်စစ်ကြောင်းထိုးရာတွင် ကလေး- ဖလမ်းကြားကို ၅ ရက်ခန့်ကြန့်ကြာလေ့ရှိသော်လည်း ယခုတကြိမ်တွင် စစ်ကောင်စီယာဉ်တန်းသည် ချင်းကာကွယ်ရေး တပ်ဖွဲ့ များ၏ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့မှုကြောင့် ၂ ပတ်ခန့်ကြန့်ကြာခဲ့ပြီး မတ်လ ၁၉ ရက်နေ့ကျမှသာ ဖလမ်းမြို့ကို ဝင်ရောက်နိုင်ခဲ့ကြသည်ဟု သိရသည်။

စစ်ကောင်စီကြောင်းသည် ဖလမ်းမြို့သို့ရောက်ရှိခဲ့ကြပြီးနောက် ဟားခါးမြို့ဘက်သို့ ဆက်လက်ချီတက်နိုင်မည်ဟု ယူဆရသည်။

ယခုလက်ရှိတွင် ဖလမ်း-ဟားခါးလမ်းမကြီး တစ်လျှောက် စစ်ရေးတင်းမာနေပြီး တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်ခြင်းကြောင့် မိဘပြည်သူများအနေဖြင့် ဖလမ်း-ဟားခါး လမ်းမကြီးအား မတ်လ ၁၉ ရက်နေ့မှစတင်ကာ ခရီးသွားလာခြင်းမပြုကြရန်နှင့် တစ်စုံတစ်ရာ အသိပေးထုတ်ပြန်မှုမရှိမခြင်း ခရီးသွားလာခြင်း မပြုလုပ်ကြရန် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) မှ အသိပေးထုန်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.