• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းတောင်သို့ ရိက္ခာသယ်ဆောင်လာသော စစ်ကောင်စီတပ်ဖွဲ့ ခြုံခိုမိုင်းဆွဲခံရပြီး ၄ ဦး ပွဲချင်းသေဆုံးကာ ၄ ဦး ဒါဏ်ရာရ

ချင်းတောင်သို့ ရိက္ခာသယ်ဆောင်လာသော စစ်ကောင်စီတပ်ဖွဲ့ ခြုံခိုမိုင်းဆွဲခံရပြီး ၄ ဦး ပွဲချင်းသေဆုံးကာ ၄ ဦး ဒါဏ်ရာရ

0
By Editor on April 25, 2023 Headline

ကလေးမြို့မှ ချင်းတောင်သို့ ရိက္ခာသယ်ဆောင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ကား ၄ စီးကို CDM Siyin တပ်ဖွဲ့မှ ဟိန်ဇိန်ရွာအနီးတစ်နေရာတွင် ဧပြီ ၂၄ ရက် ယမန်နေ့ မနက်ပိုင်းက ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက် ၄ ဦး ပွဲချင်းပြီးသေဆုံးကာ ၄ ဦးဒါဏ်ရာရရှိပြီး အရပ်သားတစ်ဦးလည်း ထိခိုက်မှုရှိကြောင်း CDM Siyin မှ CS ပြောပြချက်အရ သိရသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ CDM-Siyin သည် လမ်းတစ်လျှောက်တွင် ပဒေသာမိုင်းကွင်းများ ထောင်ထားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်များ ၎င်းမိုင်းကွင်းအတွင်း ရောက်ရှိနေချိန် ဖောက်ခွဲခဲ့ခြင်းဟု CDM-Siyin မှ Chief Stuff ပြောသည်။

“ကျွန်တော်တို့မိုင်းကွင်းနံပါ (၂) ကိုခွဲလိုက်တော့ အလောင်းတော့မတွေ့ဘူး လေးယောက်တော့ ဒါဏ်ရာရတယ်တဲ့၊ စစ်သားတွေကလဲ ရှေ့လာလာတိုးတာလေဆိုတော့ နောက်ထပ်မိုင်းကွင်းကို ကောင်းကောင်းမြင်ရတဲ့နေရာကနေ ထပ်ခွဲလိုက်တာလေ ပဒေသာမိုင်းဆိုတော့ တစ်ခါနှိပ်လိုက်ရင် အကုန်လုံး ကွဲတဲ့ဟာဆိုတော့လေ ဝိုင်ယာကုတ်ဆွဲထားတာနှိ ပ်လိုက်တာ အဲမှာ ပွဲချင်းပြီး ၄ ယောက်ကျသွားတယ်၊ အတိအကျက အဲလောက်ပဲ ရတယ်” ဟု ပြောသည်။

ဧပြီလ ၁၉ ရက်နေ့တွင် ကလေးမြို့မှ ချင်းတောင် သိုင်ငင်း၊ ကနေဒီစခန်းနှင့် တီးတိန်မြို့ပေါ် အခြေချသည့် စစ်တပ်စခန်းများသို့ ရိက္ခာများပို့ဆောင်ရန် အင်အား ၆၀ မှ ၈၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်သားများ ကား ၄ စီးဖြင့် စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ကာ လမ်းတစ်လျှောက်တွင် CDM-Siyin မှ ခြုံခို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကနေဒီတောင်နှင့် လေထန်ကုန်းအကြား စစ်ကောင်စီတပ်ဖွဲ့နှင့် CDM-Siyin တို့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက် ၉ ဦးသေဆုံးသောကြောင့် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ညအိပ်ခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသည့် လမ်းတစ်လျှောက်တွင် သိုင်ငင်းရွာသားများနှင့် ဟိန်ဇိန်ရွာသားများ အမျိုးသမီးအပါအဝင် အယောက် ၂၀ ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ တိုက်ပွဲအတွင်း သေဆုံးသော စစ်ကောင်စီအလောင်းများ သယ်ခိုင်းသည်ဟု သိရသည်။

ထိုအပြင် ဧပြီလ ၂၃ ရက်နေ့တွင်လည်း ကနေဒီတောင်ဘက်မှ ကလေးမြို့သို့ ဆင်းလာနေသည့် စစ်ကောင်စီတပ်များအား ဟိန်ဇိန်နှင့် ကလေးမြို့အကြားတစ်နေရာတွင် CDM-Siyin မှ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ၆ ဦးသေဆုံးကာ ဒါဏ်ရာရရှိသူများကြောင်း သိရသည့်အပြင် စစ်ကောင်စီတပ်ကား တစ်စီးလည်း မိုင်းပေါက်ကွဲမှုကြောင့် ပျက်ဆီးခဲ့ကာ စစ်သားများမှ ပြန်လည်ပြုပြင်နေရကြောင်း သိရသည်။

ယမန်နေ့တွင်လည်း ကလေးမြို့မှ စစ်ကောင်စီတပ်ဖွဲ့များ ကား (၄) စီးဖြင့် ကလေးတက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး တောလမ်းအတိုင်း ခြေလျင်တက်လာကာ ယမန်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် တီးတိန်မြို့နယ်၊ မွောလ်ပီးရွာသို့ ရောက်ရှိပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် ကလေးမြို့ ကိုးမိုင်မှလည်း ၁၂၀ မမအမြောက်ဖြင့် ပစ်ကူပေးခဲ့သောကြောင့် အမျိုးသမီးနှစ်ဦး ဒါဏ်ရာရရှိကာ နေအိမ်များ ပျက်ဆီးမှုရှိခြင်း၊ လမ်းပြအဖြစ် ရွာသား ၇ ဦး ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း CDM-Siyin ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ချင်းတောင်ဘက်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာနေချိန်အတွင်း ပြည်သူများအနေဖြင့် ကလေး-တီးတိန် လမ်းပိုင်းအား အသုံးပြုသွားလာခြင်း မပြုကြရန်နှင့် ပြည်သူများ အန္ဒရယ်ကင်းနိုင်ရန် ဒေသကာကွယ်ရေးဘက်မှ သတိပေးထုတ်ပြန်ချက်များအား ပူးပေါင်းလိုက်နာပေးကြရန် ဒေသကာကွယ်ရေးမှ တာဝန်ရှိသူက ဆိုသည်။

“ဒီတော်လှန်ရေးမပြီးမချင်းတော့ တိုက်နေမှာပဲ ကျွန်တော်တို့ ကားလမ်းကို မသုံးပါနဲ့ဆိုတဲ့ချိန်မှာ မသုံးပဲနေရင်တော့ အကောင်းဆုံးပေါ့နော်။ ကျွန်တော်တို့လဲ အသက်နဲ့ရင်းပြီးမှ တိုက်နေတာ။ ပြည်သူတွေက သွားလို့ရပါတယ်ဆိုတဲ့စိတ်နဲ့ လာလာနေရင်တော့ ကျွန်တော်တို့ မိုင်းကွင်းနဲ့ မိသွားရင် သူတို့ အန္ဒရယ်ဖြစ်နိုင်တယ်လေ၊ တစ်ချို့က ကျွန်တော်တို့ ပြည်သူဘက်က ပြောတဲ့ဟာကျတော့ ဂရုမစိုက်သလို လာကြတာ။ ဖြစ်နိုင်ရင်တော့ စစ်သားတွေ တက်လာတယ်၊ စစ်ကြောင်းထိုးလာရင် ပြည်သူတွေ ခရီးသွားတာ၊ မလုပ်ရင် ကောင်းတာပေါ့နော်” ဟု CDM -Siyin မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ ချင်းတောင်ဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်တောင်ပိုင်း မတူပီမြို့နယ်တွင် စကစ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုရှိ၊ မင်းတပ်-မတူပီလမ်းကို အသုံးမပြုရန် ထုတ်ပြန်

ချင်းပြည်နယ်သို့ ပြင်ပမှ ခရီးသည်များဝင်ရောက်ခွင့် CNF တားမြစ်

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.