Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတော်လှန်ရေးအင်အားစု ၂ ခုကို NUG အစိုးရက တော်လှန်ရန်ပုံငွေ ခွဲဝေပေးမည်

ချင်းတော်လှန်ရေးအင်အားစု ၂ ခုကို NUG အစိုးရက တော်လှန်ရန်ပုံငွေ ခွဲဝေပေးမည်

0
By Editor on January 20, 2025 Headline

(006SV)

ချင်းပြည်နယ်က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေသော ချင်းလဲန်းကောင်စီ (Chinland Council) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG က တော်လှန်ရေးရန်ပုံငွေ ပထမဆုံးအကြိမ် ခွဲဝေပေးမည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ရရှိထားသည့် တော်လှန်ရေးရန်ပုံငွေများ မျှဝေခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၈ ရက်က အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့သည်။

“မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကို ရန်ပုံငွေ မျှဝေပေးတဲ့ အစီအစဉ်လေးပေါ့နော်။ ကျနော်တို့အနေနဲ့ ဒီလို ချင်းတော်လှန်ရေးအဖွဲ့အစည်းတွေကို မျှဝေသုံးစွဲနိုင်တဲ့အတွက်လည်း ဝမ်းမြှောက်ဝမ်းသာ ဖြစ်ရပါတယ်။ ကျနော်တို့ အစိုးရအနေနဲ့လည်း ဒီတော်လှန်ရေးကာလမှာ မဟာမိတ်တွေနဲ့ အတူတကွ တိုက်ပွဲဝင်နေတဲ့အချိန်မှာ ကျနော်တို့မှာလည်း ငွေကြေးအခက်အခဲတွေ ကြားထဲကနေပြီး တတ်နိုင်သလောက် မျှဝေသုံးစွဲတဲ့ အစီအစဉ်လေးဖြစ်ပါတယ်” ဟု NUG အစိုးရ၊သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။

ပြည်သူထံမှ ရရှိသည့် တော်လှန်ရန်ပုံငွေကို NUG အစိုးရအနေဖြင့် မဟာမိတ်များနှင့် မျှဝေသုံးစွဲသော ပေါ်လစီရှိပြီး ချင်းတော်လှန်ရေးအဖွဲ့အစည်း ၂ ခုကို တွေ့ဆုံကာ ရန်ပုံငွေ မျှဝေခြင်းအခမ်းအနားကို ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

ချင်းတော်လှန်ရေးအင်အားစုများထံ ပေးအပ်သည် ရန်ပုံငွေပမာဏကို ပြောခွင့်မရှိသေး၍ မဖြေကြားနိုင်ကြောင်း ဦးကျော်ဇောက ပြောသည်။

သို့သော်လည်း ချင်းညီနောင်အဖွဲ့ဝင် PDF Zoland တာဝန်ရှိသူကတော့ NUG အစိုးရက ချင်းအင်အားစု ၂ ခုကို ဒေါ်လာတသိန်းစီ ရန်ပုံငွေပေးမည်ဟု ချင်းမီဒီယာတခုမှာ ဖြေဆိုထားသည်။

ချင်းလဲန်းကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလ်က “ခွဲဝေပေးတယ်ဆိုတဲ့ဟာနဲ့ပဲ လက်ခံတာရှိတယ်။ အရေအတွက်ကိုတော့ မသိရဘူး။ ကျနော်တို့ လက်ထဲကိုလည်း မရောက်သေးဘူး။ သူတို့အနေနဲ့ ခွဲဝေပေးတယ်ဆိုတာကို ကျင်းပနိုင်ခဲ့ပါတယ်။ ဘယ်လောက်ပမာဏဆိုတာကို မသိရသေးလို့ ကျနော်တို့လက်ထဲ ရောက်မှပဲ ပြောလို့ရပါမယ်” ဟု ပြောသည်။

၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားရာတွင် NUG အစိုးရဖွဲ့စည်းပြီးနောက် စစ်အာဏာရှင်တော်လှန်ရေးအတွက် ချင်းအမျိုးသားတပ်ဦး CNF နှင့် သဘောတူညီချက် လက်မှတ်ရေးထားခဲ့ပြီး ရန်ပုံငွေ မျှဝေသုံးစွဲမှုရှိခဲ့သည်ဟု ဦးကျော်ဇောက ပြောသည်။

“အရင်တုန်းက မျှဝေ သုံးစွဲတာတွေ ရှိခဲ့ပါတယ်။ ပမာဏက အများကြီး မဟုတ်ပါဘူး။ အခုချိန်မှာ တော်လှန်ရေးကာလ ICNCC ဆိုရင်လည်း NUG နဲ့ ပူးပေါင်းလုပ်လာတဲ့ မဟာမိတ်အဖွဲ့ပေါနော်။ အခုချိန်မှာ ဒီ ၂ ဖွဲ့ လုံးကို မျှဝေသုံးစွဲတာက ဒီအစဉ်အစဉ်က ပထမဆုံးအကြိမ် ဖြစ်ပါတယ်” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။

ရန်ပုံငွေ မျှဝေခြင်းပွဲကို NUG အစိုးရက ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် NUG အစိုးရ တာဝန်ရှိသူများ၊ Chinland Council (CC) ၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၊ တို့မှ ချင်းခေါင်းဆောင်များ တက်ရောက်ကြသည်။

ယင်းပွဲမှာ ချင်းတော်လှန်ရေးအဖွဲ့ ၂ ခုမှ ခေါင်းဆောင်များ အတူတကွ တက်ရောက်နိုင်ခြင်းကို အင်မတန် ဝမ်းသာမိပြီး ချင်းအမျိုးသား ပေါင်းစည်းညီညွတ်ရေးကို အထောက်အကူပြုမည်ဟု ယုံကြည်မျှော်လင့်ကြောင်း ဦးကျော်ဇောက ပြောသည်။

“အစဉ်အလာကောင်းတဲ့ ချင်းအမျိုးသားတွေရဲ့ စည်းလုံးညီညွတ်ရေးကို ကျနော်တို့တွေ မကြာခင် မြင်တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့က ချင်းအမျိုးသားတွေ ပေါင်းစည်းညီညွတ်ရေးအဖြစ်နဲ့ ချင်းပြည်နယ် လွတ်မြောက်ဖို့ NUG အစိုးရအနေနဲ့ အမြဲထောက်ခံ ကူညီသွားမှာ ဖြစ်ပါတယ်” ဟု NUG အစိုးရ၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

NUG အစိုးရတာဝန်ရှိသူများနှင့် ချင်းနှစ်ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များသည် ယင်းအခမ်းအနားတွင် ချင်းစည်းလုံးညီညွတ်ရေးအတွက် နှစ်ဖက်ခေါင်းဆောင်များအကြား အတူတကွ နည်းလမ်းရှာ၍ ကြိုးပမ်းဆောင်ရွက်သွားမည်အကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ်တွင် မြို့ ၄ မြို့သာ စစ်ကောင်စီက စခန်းချထားနိုင်ပြီး ကျန်နေရာအားလုံးကို ချင်းအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.