• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်တွင် ကျောင်းသား/သူ သုံးထောင်ဝန်းကျင်က တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည်

ချင်းပြည်နယ်တွင် ကျောင်းသား/သူ သုံးထောင်ဝန်းကျင်က တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည်

0
By Editor on March 11, 2022 Headline

စစ်ကောင်စီက တစ်နိုင်ငံလုံးမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပရန်စီစဉ်နေပြီး ချင်းပြည်နယ်မှာလည်း ကျောင်းသား/ ကျောင်းသူ ၃ ထောင်ဝန်းကျင်ခန့်က ဝင်ရောက်ဖြေ ဆိုကြမည်ဟု သိရသည်။

မြို့နယ် ၉ မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ ပလက်ဝမြို့နယ်နှင့် ကျီခါးမြို့နယ်ခွဲတို့ရှိ စာစစ်ဌာန ၉ ခုတွင် ကျောင်းသားကျောင်းသူ ၂၉၅၀ ယောက်က ဖြေဆိုကြမည်ဟု ချင်းပြည်နယ်၊ ပညာရေးမှုဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“စာစစ်ဌာနကတော့ တွန်းဇံ ၂ခု၊ တီးတိန် ၁ ခု၊ ဖလမ်း ၁ခု၊ မတူပီ ၁ ခု၊ ပလက်ဝ ၄ ခုဆိုတော့ စုစုပေါင်း ကြတော့ ကျွန်တော်တို့မှာ ကိုးခုရှိတယ် စာစစ်ဌာနက။ ဖြေဆိုသူစုစုပေါင်းတော့ ၂၉၅၀ ပေါ့ စာရင်းတင်ထားတာ” ဟု ပညာရေးမှုဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် မြို့နယ်အလိုက်စာရင်းမှာ ဖလမ်းမြို့နယ်တွင် ကျောင်းသူ၊ ကျောင်း သား ၃၀၉ ဦး၊ တွန်းဇံမြို့နယ်တွင် ၂၂၉ ဦး၊ ကျီခါးမြို့နယ်တွင် ၂၀၈ ဦး၊ တီးတိန်းမြို့နယ်တွင် ၂၈၆ ဦး၊ မတူပီမြို့နယ်တွင် ၁၀၇ ဦး၊ ပလက်ဝမြို့နယ်တွင် ၁၈၁၁ ဦး တို့ဖြစ်ကြသည်။

ချင်းပြည်နယ် ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ်တို့တွင် စာမေးပွဲဖြေဆိုရန် လျှောက်လွှာတင်ထားသူ မရှိသည့်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည်မဟုတ်ကြောင်း ၎င်းကပြောသည်။

“ကျောင်းလည်းမဖွင့်ဘူး လျှောက်လွာတင်တဲ့သူမရှိလို့လေ၊ ကလေးတွေလျှောက်လွှာတင်မှ ဖြေလို့ရတာလေ ကျောင်းက မဖွင့်ရင်လည်း လျှောက်လွှာတင်ခွင့်တော့ရှိတယ်။ ဒါပေမယ့် အဲဒီမှာပညာရေးမှုးတွေမရှိတဲ့ အခါ ကျတော့ လျှောက်လွှာ မတင်ကြတာနေမှာ။ အခုက တယောက်မှ တင်ကြဘူး။” ဟု မြို့နယ်ပညာရေးမှုဌာနမှ တာဝန်ရှိသူက ပြောသည်။

စစ်အာဏာမသိမ်းခင် ယခင်ပညာသင်နှစ်များတွင် ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ တစ်သောင်းကျော်ပုံမှန်ရှိခဲ့သော်လည်း လက်ရှိ စစ်ကောင်စီလက်ထက်တွင် ကျောင်းသူ၊ ကျောင်းသား ၂၉၅၀ ဦးသာ ဖြေဆိုကြမည်ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၁၂၂၉၉ တို့က ဖြေဆိုကြမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.