စစ်ကောင်စီလက်အောက် ပညာရေးဝန်ကြီးဌာနက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ယနေ့ဇွန်လ ၁၁ ရက်နေ့မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ရာတွင် ချင်းပြည်နယ်တွင် အောင်မြင်သူ ၃၃၈ ဦးရှိခဲ့သည်ဟု သိရသည်။
ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အထူးအစီစဉ်ဖြင့်ထပ်မံဖြေဆိုသူအပါအဝင် ကျောင်းသား/ ကျောင်းသူ ၄၃၅ ဦးက ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ယင်းအနက် ၃၃၈ ဦး အောင်မြင်ခဲ့ခြင်းဖြစ်သည်။
မြို့နယ်အလိုက်အောင်စာရင်းများမှာ ဟားခါးမြို့နယ်တွင် ၂၇ ဦး၊ ဖလမ်းမြို့နယ်တွင် ၈၃ ဦး၊ တီးတိန်မြို့နယ်တွင် ၁၁၁ ဦး၊ တွန်းဇံမြို့နယ်တွင် ၁၁ ဦး၊ ကျီခါးမြို့နယ်တွင် ၆၈ ဦး၊ မင်းတပ်မြို့နယ်တွင် တစ်ဦးနှင့် မတူပီမြို့နယ်တွင် ၃၇ ဦးတို့ အောင်မြင်ခဲ့ကြသည်။
ယမန်နှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား/ကျောင်းသူ ၂၈၂၄ ဦးက ဖြေဆိုခဲ့ကြရာ ၂၀၄၅ ဦးက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့ကြပြီး တစ်နိုင်ငံလုံးတွင် အောင်ချက် ၇၂.၄၂ ရာခိုင်နှုန်းဖြင့် စတုတ္ထမြောက်အဆင့်ရှိခဲ့သည်။