• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦး Terrance San Mawi Nikhuai က ဘယ်သူလဲ?

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦး Terrance San Mawi Nikhuai က ဘယ်သူလဲ?

0
By Editor on February 10, 2021 Khonumthung

#Unicode

By Benezer- မြန်မာ့တပ်မတော်က NLD အစိုးရထံမှ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းယူလိုက်ပြီးနောက် ပြည်ထောင်စုအဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းလိုက်ပြီး တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌများကိုလည်း ဖေဖော်ဝါရီလ ၂ ရက်နေ့က အသီးသီးခန့်အပ်ခဲ့သည်။
ထိုကဲ့သို့ ခန့်အပ်ရာတွင် ချင်းပြည်နယ် စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဌအဖြစ် လက်ရှိ ချင်းပြည်နယ် တရားလွှတ်တော်ချူပ် တရားသူကြီး Pu Terrance San Mawi Nikhuai (ဦးတဲ့ရင့်စ်စမွိုင်းနီခွဲ) ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ခန့်အပ်ကြောင်း ကြေညာခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ထားချက်အရ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌအသီးသီးတို့သည် ဝန်ကြီးချုပ်အဆင့်ကဲ့သို့ ပြည်နယ်တွင် အာဏာအမြင့်ဆုံးရရှိမည်ဖြစ်သည်။
Pu Terrance San Mawi Nikhuai သည် ဝဏ္ဏကျော်ထင် Dr. NiKhuai (ဒေါက်တာနီခွဲ)၏ သားဖြစ်သည်။ ​ဒေါက်တာနီခွဲ၏ အမျိုးသမီးမှာ အင်္ဂလန်လူမျိုး Jasmine ဖြစ်ကာ သားသမီး ကိုးဦးထဲတွင် Pu Terrance သည် အကြီးဆုံးသား ဖြစ် ကြောင်းသိရသည်။
ဖလမ်းမြို့နယ် Lumte ကျေးရွာဇာတိဖြစ်သည့် ဒေါက်တာနီခွဲသည် ၁၉၄၇ ခုနှစ်တွင် MBBS ဘွဲ့ရရှိခဲ့ပြီး ချင်းလူမျိုးများ ထဲတွင် ပထမဆုံး ဒေါက်တာဘွဲ့ ရရှိခဲ့သူဖြစ်သည်။ ထို့ပြင် ပညာတော်သင်အနေဖြင့် ဗြိတိန်နိုင်ငံသို့သွားရောက်ကာ F.R.C.S (Fellow of the Royal College of Surgery) ကို ပထမဆင့်ဖြင့် အောင်မြင်ပြီးနောက် ဝန်ကြီးချုပ် ဦးနုမှ ရန်ကုန်တွင် အလုပ်လုပ်ရန်ကမ်းလှမ်းသော်လည်း ချင်းတောင်တန်းတွင် အလုပ်လုပ်ချင်သည့်အတွက် ဖလမ်းဆေးရုံတွင် ဆရာဝန်ကြီးအနေနဲ့ ပေးဆပ်ခဲ့သူဖြစ်သည်။
ယခုချိန်မှာ အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်သော Pu Terrance San Mawi Nikhuai သည် ငယ်စဉ်က ဖလမ်းမြို့တွင် ပညာစတင်သင်ကြားခဲ့ပြီး မိထ္ထီလာမြို့တွင် ဆယ်တန်းအောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာဘွဲ့ ရရှိခဲ့သည်။ ဘွဲ့ရရှိပြီးနောက် တရားရုံးတွင် အလုပ်ဝင်ရောက်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်နဲ့ ဖလမ်းမြို့တို့တွင်အ လုပ်လုပ်ကိုင်ခဲ့သည်။
Pu Terrance San Mawi Nikhuai ၏ အဖိုး(ဒေါက်တာနီခွဲ၏ ဖခင်) ဖြစ်သူမှာ ဗြိတိသျှစစ်တပ်ကို ဝင်ရောက်ခဲ့ပြီး ချင်းလူမျိုးထဲတွင် ပထမဆုံး ဗိုလ်မှူးအဆင့်ရရှိနိုင်ခဲ့သူ Major Kap Cong ဖြစ်သည်။ Major Kap Cong သည် တိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့သူဖြစ်ပြီး Burma Rebellion Medal, World War 2 Burma Star War Medal, Member of British Empire (MBE) များ ရရှိခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်ခြင်း ခံခဲ့ရသူဖြစ်သည်။
#Zawgyi

By Benezer- ျမန္မာ့တပ္မေတာ္က NLD အစိုးရထံမွ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က အာဏာသိမ္းယူလိုက္ၿပီးေနာက္ ျပည္ေထာင္စုအဆင့္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဖြဲ႕စည္းလိုက္ၿပီး တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠဌမ်ားကိုလည္း ေဖေဖာ္ဝါရီလ ၂ ရက္ေန႔က အသီးသီးခန႔္အပ္ခဲ့သည္။

ထိုကဲ့သို႔ ခန႔္အပ္ရာတြင္ ခ်င္းျပည္နယ္ စီမံအုပ္ခ်ဴပ္ေရးေကာင္စီဥကၠဌအျဖစ္ လက္ရွိ ခ်င္းျပည္နယ္ တရားလႊတ္ေတာ္ခ်ဴပ္ တရားသူႀကီး Pu Terrance San Mawi Nikhuai (ဦးတဲ့ရင့္စ္စမြိဳင္းနီခြဲ) ကို ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၁၉ အရ ခန႔္အပ္ေၾကာင္း ေၾကညာခဲ့သည္။

နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ထားခ်က္အရ တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠဌအသီးသီးတို႔သည္ ဝန္ႀကီးခ်ဳပ္အဆင့္ကဲ့သို႔ ျပည္နယ္တြင္ အာဏာအျမင့္ဆုံးရရွိမည္ျဖစ္သည္။

Pu Terrance San Mawi Nikhuai သည္ ဝဏၰေက်ာ္ထင္ Dr. NiKhuai (ေဒါက္တာနီခြဲ)၏ သားျဖစ္သည္။ ​ေဒါက္တာနီခြဲ၏ အမ်ိဳးသမီးမွာ အဂၤလန္လူမ်ိဳး Jasmine ျဖစ္ကာ သားသမီး ကိုးဦးထဲတြင္ Pu Terrance သည္ အႀကီးဆုံးသား ျဖစ္ ေၾကာင္းသိရသည္။

ဖလမ္းၿမိဳ႕နယ္ Lumte ေက်းရြာဇာတိျဖစ္သည့္ ေဒါက္တာနီခြဲသည္ ၁၉၄၇ ခုႏွစ္တြင္ MBBS ဘြဲ႕ရရွိခဲ့ၿပီး ခ်င္းလူမ်ိဳးမ်ား ထဲတြင္ ပထမဆုံး ေဒါက္တာဘြဲ႕ ရရွိခဲ့သူျဖစ္သည္။ ထို႔ျပင္ ပညာေတာ္သင္အေနျဖင့္ ၿဗိတိန္နိုင္ငံသို႔သြားေရာက္ကာ F.R.C.S (Fellow of the Royal College of Surgery) ကို ပထမဆင့္ျဖင့္ ေအာင္ျမင္ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ ဦးႏုမွ ရန္ကုန္တြင္ အလုပ္လုပ္ရန္ကမ္းလွမ္းေသာ္လည္း ခ်င္းေတာင္တန္းတြင္ အလုပ္လုပ္ခ်င္သည့္အတြက္ ဖလမ္းေဆး႐ုံတြင္ ဆရာဝန္ႀကီးအေနနဲ႔ ေပးဆပ္ခဲ့သူျဖစ္သည္။

ယခုခ်ိန္မွာ အသက္ ၆၅ ႏွစ္အရြယ္ရွိၿပီျဖစ္ေသာ Pu Terrance San Mawi Nikhuai သည္ ငယ္စဥ္က ဖလမ္းၿမိဳ႕တြင္ ပညာစတင္သင္ၾကားခဲ့ၿပီး မိထၳီလာၿမိဳ႕တြင္ ဆယ္တန္းေအာင္ျမင္ၿပီးေနာက္ ရန္ကုန္တကၠသိုလ္မွ ဥပေဒပညာဘြဲ႕ ရရွိခဲ့သည္။ ဘြဲ႕ရရွိၿပီးေနာက္ တရား႐ုံးတြင္ အလုပ္ဝင္ေရာက္ခဲ့ၿပီး ရန္ကုန္၊ မႏၲေလး၊ ရွမ္းျပည္နယ္နဲ႔ ဖလမ္းၿမိဳ႕တို႔တြင္အ လုပ္လုပ္ကိုင္ခဲ့သည္။

Pu Terrance San Mawi Nikhuai ၏ အဖိုး(ေဒါက္တာနီခြဲ၏ ဖခင္) ျဖစ္သူမွာ ၿဗိတိသၽွစစ္တပ္ကို ဝင္ေရာက္ခဲ့ၿပီး ခ်င္းလူမ်ိဳးထဲတြင္ ပထမဆုံး ဗိုလ္မႉးအဆင့္ရရွိနိုင္ခဲ့သူ Major Kap Cong ျဖစ္သည္။ Major Kap Cong သည္ တိုက္ပြဲမ်ားတြင္ ရြပ္ရြပ္ခၽြံခၽြံ ပါဝင္ခဲ့သူျဖစ္ၿပီး Burma Rebellion Medal, World War 2 Burma Star War Medal, Member of British Empire (MBE) မ်ား ရရွိခဲ့ၿပီး ၁၉၇၆ ခုႏွစ္တြင္ ဝဏၰေက်ာ္ထင္ဘြဲ႕ခ်ီးျမႇင့္ျခင္း ခံခဲ့ရသူျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.