#Unicode
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဦးတဲရင့်စ်စမွိုင်းနီခွဲသည် ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းတွင် နေအိမ်၌ကွယ်လွန်သွားသည်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
၎င်းသည် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌရာထူးကို ဖေဖော်ဝါရီ ၃ရက်တွင် လက်ခံရယူပြီး ၈ ရက်မြောက်နေ့ မနက်ပိုင်းတွင် နှလုံးရောဂါဖြင့်ကွယ်လွန်သွားခြင်းဖြစ်သည်။
ဦးတဲရင့်စ်စမွိုင်းနီခွဲသည် ပြည်နယ်စီမံအုပ်ချုပ်ကောင်စီ မထမ်းဆောင်ခင် ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ထမ်းဆောင်ခဲ့သေးသည်။
အသက် ၆၅ နှစ်အရွယ်ရှိပြီသည့် ဦးတဲရင့်စမွိုင်းနီခွဲသည် ငယ်စဉ်က ဖလမ်းမြို့တွင် ပညာစတင်သင်ကြားခဲ့ပြီး မိထ္ထီလာမြို့တွင် ဆယ်တန်းအောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာဘွဲ့ ရရှိခဲ့သည်။ ဘွဲ့ရရှိပြီးနောက် တရားရုံးတွင် အလုပ်ဝင်ရောက်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်နဲ့ ဖလမ်းမြို့တို့တွင်အ လုပ်လုပ်ကိုင်ခဲ့သည်။
#Zawgyi
ခ်င္းျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠဌဦးတဲရင့္စ္စမြိဳင္းနီခြဲသည္ ေဖေဖာ္ဝါရီ ၁၁ ရက္ မနက္ပိုင္းတြင္ ေနအိမ္၌ကြယ္လြန္သြားသည္ျဖစ္ေၾကာင္း မိသားစုႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
၎သည္ ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠဌရာထူးကို ေဖေဖာ္ဝါရီ ၃ရက္တြင္ လက္ခံရယူၿပီး ၈ ရက္ေျမာက္ေန႔ မနက္ပိုင္းတြင္ ႏွလုံးေရာဂါျဖင့္ကြယ္လြန္သြားျခင္းျဖစ္သည္။
ဦးတဲရင့္စ္စမြိဳင္းနီခြဲသည္ ျပည္နယ္စီမံအုပ္ခ်ဳပ္ေကာင္စီ မထမ္းေဆာင္ခင္ ခ်င္းျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီး ထမ္းေဆာင္ခဲ့ေသးသည္။
အသက္ ၆၅ ႏွစ္အရြယ္ရွိၿပီသည့္ ဦးတဲရင့္စမြိဳင္းနီခြဲသည္ ငယ္စဥ္က ဖလမ္းၿမိဳ႕တြင္ ပညာစတင္သင္ၾကားခဲ့ၿပီး မိထၳီလာၿမိဳ႕တြင္ ဆယ္တန္းေအာင္ျမင္ၿပီးေနာက္ ရန္ကုန္တကၠသိုလ္မွ ဥပေဒပညာဘြဲ႕ ရရွိခဲ့သည္။ ဘြဲ႕ရရွိၿပီးေနာက္ တရား႐ုံးတြင္ အလုပ္ဝင္ေရာက္ခဲ့ၿပီး ရန္ကုန္၊ မႏၲေလး၊ ရွမ္းျပည္နယ္နဲ႔ ဖလမ္းၿမိဳ႕တို႔တြင္အ လုပ္လုပ္ကိုင္ခဲ့သည္။