Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ် ၃ နေရာတွင် တစ်ရက်ထဲ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက် ၆ ဦးခန့်သေဆုံး

ချင်းပြည်နယ် ၃ နေရာတွင် တစ်ရက်ထဲ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက် ၆ ဦးခန့်သေဆုံး

0
By Editor on November 7, 2021 Headline

ချင်းပြည်နယ်တွင် နိုဝင်ဘာလ ၅ ရက်နေ့တစ်ရက်ထဲ မြို့နယ် ၃ နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များနှင့် ချင်းပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၆ ယောက်သေဆုံးပြီး သေနတ် ၃ လက် သိိမ်းဆည်းရမိသည်ဟု ချင်းအမျိူးသားတပ်မတော် CNA ပြောခွင့်ရသူ ဆလိုင်း ထက်နီ ကပြောသည်။

“ရေဇွာတပ်စခန်းကို ကွျွန်တော်တို့ CNA နဲ့ CDF- Zotung ပူးပေါင်းတပ်ဖွဲ့ကပစ်တယ်။ အဲ့ဒီမှာ စစ် ကောင်စီဖက်က ၄ ယောက်သေပြီးမှ သေနတ် ၁လက်ရတယ်။ နောက်ကနေဒီတောင်မှာ ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်တယ်၊ အထိခိုက်တော့ သေချာ မသိဘူး ။ ဒီနေ့ထဲမှာပဲ ထန်တလန်မြို့မှာ တိုက်ပွဲဖြစ်တယ်။ ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့ ဖက်က ဒဏ်ရာ ၂ ယောက်ရတယ် ဒါပေမယ့်ဒဏ်ရာ အကြီးအကျယ်ရရှိတာတော့ မဟုတ်ဘူး။” ဟု CNA ပြောခွင့်ရသူ ဆလိုင်းထက်နီ ကပြောသည်။

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို CDF-Zotung နှင့် CNA ပူးပေါင်းတပ်ဖွဲ့ဝင်များက နိုင်ဝင်ဘာလ ၅ ရက်နေ့ မနက် ၉နာရီခွဲခန့်က ဝင်ရောက်တိုက်ခိုက်ကာ မိနစ် ၃၀ ခန့် အပြန်အလှန်ပစ်ခတ်ကြပြီး စကစ တပ်သား ၄ ဦးသေဆုံးခဲ့သည်။

တီးတိန်မြို့နယ်၊ အာလွယ်ရွာနှင့် ဆိုဇံရွာကြားရှိ ကနေဒီတောင်ခြေနားတွင်းလည်း နိုဝင်ဘာလ ၅ ရက်နေ့ ယနေ့မွန်း လွဲပိုင်းက ကလေး- ဂန့်ဂေါ-CDF (KKG)၊ (CDM Siyin)၊ PDF-Zoland ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားကာ စကစတပ်သား ၂ ယောက်သေဆုံးကာ သေနတ် ၂ လက်သိမ်းဆည်းရမိသည်ဟု သိရသည်။

အလားတူ ထန်တလန်မြို့တွင်လည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ပူးပေါင်း တပ်ဖွဲ့ဖက်မှ ၂ ဦး ဒဏ်ရာရရှိသော်လည်း မစိုးရိမ်ရဟု သိရသည်။

စစ်ကောင်စီသည် ချင်းပြည်နယ်သို့ စစ်အင်အားအလုံးအရင်းတိုးမြင့်လာသည့်နောက်ပိုင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် တိုက်ပွဲဖြစ်ပွားမှု ခတ်စိတ်စိတ်ဖြစ်လာပြီး တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့ နယ်တို့တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွား မှုမှာ ၉ ကြိမ်ထက်မနည်းဖြစ်ပွားကာ စစ်ကောင်စီက ချင်းပြည်နယ်တွင် အနော်ရထာစစ်ကြောင်း စစ်ဆင်ရေးကို စတင်နေပြီဖြစ်ကြောင်း CNA ပြောခွင့်ရသူ ဆလိုင်း ထက်နီ ကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရိခေါဒါရ်မြို့မှ CNO/CNDF တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွါပြီဟုဆို

ချင်းညီနောင်အဖွဲ့ဝင်အားလုံးကို ULA/AA က စစ်ရေးထောက်ပံ့ပေးနေဟု ISP – မြန်မာ ပြော

CYMA က မြန်မာစစ်ဘေးရှောင်များအတွက် ရူပီးငွေ ၆ သိန်းခန့်တန်းဖိုးရှိသော စားနပ်ရိက္ခာများ ထောက်ပံ့

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.