Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်အစိုးရ၊ ပညာရေးဌာန ကျောင်းများတွင် ကျောင်းသူကျောင်းသား ၅၆၀၀၀ ပညာသင်ယူနေ

ချင်းပြည်အစိုးရ၊ ပညာရေးဌာန ကျောင်းများတွင် ကျောင်းသူကျောင်းသား ၅၆၀၀၀ ပညာသင်ယူနေ

0
By Editor on February 7, 2025 Headline

(006SV)

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၏ ပညာရေးဝန်ကြီးဌာနလက်အောက်တွင် ပြည်တွင်းပြည်ပ ကျောင်းပေါင်း ၆၆၀ ဝန်းကျင်ဖွင့်လှစ်ထားပြီး ကျောင်းသူကျောင်းသား ၅၆၀၀၀ ကျော် ပညာသင်ယူနေကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း ကျောင်းပေါင်း ၆၁၉ ကျောင်းကို ဖွင့်လှစ်ထားပြီး ကျောင်းသူကျောင်းသားပေါင်း ၅၃၂၀၀ ကျော် ပညာဆည်းပူးလျက်ရှိသည်ဟု ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန ဝန်ကြီး Salai Cross Thang က ပြောသည်။

ချင်းပြည်နယ်ပြင်ပ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ဒုက္ခသည်ကျောင်းများအနေဖြင့် ကျောင်းပေါင်း ၄၀ ကျော် ဖွင့်လှစ်ထားပြီး ကျောင်းသားကျောင်းသူပေါင်း ၃၃၀၀ ကျော် တက်ရောက်လျက်ရှိသည်ဟု သိရသည်။

ချင်ပြည်ပညာရေးနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၆ ရက်တွင် အွန်လိုင်းက ပြုလုပ်သည့် ချင်းပြည်ကောင်စီ ၁ နှစ်ပြည့် သတင်း စာရှင်းလင်းပွဲတွင် ချင်းပညာရေးဝန်ကြီးက အသိပေးလာခြင်းဖြစ်သည်။

“ရှေ့ဆက်လုပ်ငန်းက ချင်းပြည်ပညာရေးကောင်စီအစည်းအဝေး လုပ်ဖို့ ရှိပါသေးတယ်။ ဆရာ/မတွေအတွက် ဘာသာရပ် ကျွမ်းကျင်မှု သင်တန်း ဆက်လုပ်ဖို့ ရှိတယ်။ ဆရာအတတ်ပညာသင်တန်းလည်း လုပ်ဖို့ရှိပါမယ်။ မြို့နယ်/ဒေသ ပညာရေး ကောင်စီ၊ ဌာနတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို စီမံခန့်ခွဲမှုနဲ့ သတင်း ၊ သတင်းအချက်အလက် နည်းပညာကို စနစ်တကျ ဆက်လက် ဆောင်ရွက်ဖို့ ရှိပါတယ်။ မြို့နယ်‌ဒေသ ပညာရေးတွေကို ထောက်ပံ့ကြေးပေးနိုင်ဖို့ နဲ့ ကျောင်းအဆောက်အဦးတွေ ဆောက်လုပ် ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ချင်းအမျိုးသားတက္ကသိုလ်ကိုတော့ စတင်ဖွင့်လှစ်နေပါပြီ” ဟု Salai Cross Thang က ပြောသည်။

ချင်းပြည်နယ်အတွင်း ကျောင်းဆရာ/ဆရာမ ပေါင်းမှာ ၄၁၀၀ ဦးအထိ ရှိပြီး မီဇိုရမ်ပြည်နယ်တွင် ဆရာ/မ ပေါင်းမှာ ၃၀၀ ကျော်ရှိသည်ဟု သိရသည်။

ချင်းပြည်ပညာရေးဝန်ကြီးဌာနသည် ပညာရေးဝန်ဆောင်မှုများကို CDM ပြုလုပ်ထားသော ဆရာ/မ ၃၃ ရာခိုင်နှုန်းဖြင့် လည်ပတ်နေပြီး ကျန် ၆၇ ရာခိုင်နှုန်းမှာ စေတနာ့ဝန်ထမ်း ဆရာ/မ များဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရသည်။

မိတ်ဖတ်အဖွဲ့အစည်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ကြားကာလဖက်ဒရယ် ပညာရေး ကောင်စီ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ချင်းပြည်ပညာရေးဝန်ကြီးဌာန ဖွဲ့စည်းတည်ထောင်ပြီးနောက် ချင်းပြည် ဒီမိုကရေစီဖက်ဒရယ်ပညာရေး မူဝါဒကို ရေးဆွဲအတည် ပြုခြင်း၊ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်ကို ချမှတ်နိုင်ခြင်း၊ အဆင့်မြင့်ပညာကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲများ လုပ်ဆောင်ခြင်း၊ အကြို ကော်လိပ် သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်း၊ ချင်းပြည်ပညာရေး မဟာဗျူဟာ စီမံကိန်း ၂၀၂၅ – ၂၀၃၀ ကို ရေးဆွဲအတည်ပြုခြင်း၊ ဆရာအတတ်ပညာ ရက်တိုသင်တန်းများ ဖွင့်လှစ်နိုင်ခြင်း၊ ဘာသာရပ်ကျွမ်းကျင်မှု အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းတို့ လုပ်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.