Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်အစိုးရ၊ ပညာရေးဌာန ကျောင်းများတွင် ကျောင်းသူကျောင်းသား ၅၆၀၀၀ ပညာသင်ယူနေ

ချင်းပြည်အစိုးရ၊ ပညာရေးဌာန ကျောင်းများတွင် ကျောင်းသူကျောင်းသား ၅၆၀၀၀ ပညာသင်ယူနေ

0
By Editor on February 7, 2025 Headline

(006SV)

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၏ ပညာရေးဝန်ကြီးဌာနလက်အောက်တွင် ပြည်တွင်းပြည်ပ ကျောင်းပေါင်း ၆၆၀ ဝန်းကျင်ဖွင့်လှစ်ထားပြီး ကျောင်းသူကျောင်းသား ၅၆၀၀၀ ကျော် ပညာသင်ယူနေကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း ကျောင်းပေါင်း ၆၁၉ ကျောင်းကို ဖွင့်လှစ်ထားပြီး ကျောင်းသူကျောင်းသားပေါင်း ၅၃၂၀၀ ကျော် ပညာဆည်းပူးလျက်ရှိသည်ဟု ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန ဝန်ကြီး Salai Cross Thang က ပြောသည်။

ချင်းပြည်နယ်ပြင်ပ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ဒုက္ခသည်ကျောင်းများအနေဖြင့် ကျောင်းပေါင်း ၄၀ ကျော် ဖွင့်လှစ်ထားပြီး ကျောင်းသားကျောင်းသူပေါင်း ၃၃၀၀ ကျော် တက်ရောက်လျက်ရှိသည်ဟု သိရသည်။

ချင်ပြည်ပညာရေးနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၆ ရက်တွင် အွန်လိုင်းက ပြုလုပ်သည့် ချင်းပြည်ကောင်စီ ၁ နှစ်ပြည့် သတင်း စာရှင်းလင်းပွဲတွင် ချင်းပညာရေးဝန်ကြီးက အသိပေးလာခြင်းဖြစ်သည်။

“ရှေ့ဆက်လုပ်ငန်းက ချင်းပြည်ပညာရေးကောင်စီအစည်းအဝေး လုပ်ဖို့ ရှိပါသေးတယ်။ ဆရာ/မတွေအတွက် ဘာသာရပ် ကျွမ်းကျင်မှု သင်တန်း ဆက်လုပ်ဖို့ ရှိတယ်။ ဆရာအတတ်ပညာသင်တန်းလည်း လုပ်ဖို့ရှိပါမယ်။ မြို့နယ်/ဒေသ ပညာရေး ကောင်စီ၊ ဌာနတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို စီမံခန့်ခွဲမှုနဲ့ သတင်း ၊ သတင်းအချက်အလက် နည်းပညာကို စနစ်တကျ ဆက်လက် ဆောင်ရွက်ဖို့ ရှိပါတယ်။ မြို့နယ်‌ဒေသ ပညာရေးတွေကို ထောက်ပံ့ကြေးပေးနိုင်ဖို့ နဲ့ ကျောင်းအဆောက်အဦးတွေ ဆောက်လုပ် ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ချင်းအမျိုးသားတက္ကသိုလ်ကိုတော့ စတင်ဖွင့်လှစ်နေပါပြီ” ဟု Salai Cross Thang က ပြောသည်။

ချင်းပြည်နယ်အတွင်း ကျောင်းဆရာ/ဆရာမ ပေါင်းမှာ ၄၁၀၀ ဦးအထိ ရှိပြီး မီဇိုရမ်ပြည်နယ်တွင် ဆရာ/မ ပေါင်းမှာ ၃၀၀ ကျော်ရှိသည်ဟု သိရသည်။

ချင်းပြည်ပညာရေးဝန်ကြီးဌာနသည် ပညာရေးဝန်ဆောင်မှုများကို CDM ပြုလုပ်ထားသော ဆရာ/မ ၃၃ ရာခိုင်နှုန်းဖြင့် လည်ပတ်နေပြီး ကျန် ၆၇ ရာခိုင်နှုန်းမှာ စေတနာ့ဝန်ထမ်း ဆရာ/မ များဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရသည်။

မိတ်ဖတ်အဖွဲ့အစည်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ကြားကာလဖက်ဒရယ် ပညာရေး ကောင်စီ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ချင်းပြည်ပညာရေးဝန်ကြီးဌာန ဖွဲ့စည်းတည်ထောင်ပြီးနောက် ချင်းပြည် ဒီမိုကရေစီဖက်ဒရယ်ပညာရေး မူဝါဒကို ရေးဆွဲအတည် ပြုခြင်း၊ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်ကို ချမှတ်နိုင်ခြင်း၊ အဆင့်မြင့်ပညာကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲများ လုပ်ဆောင်ခြင်း၊ အကြို ကော်လိပ် သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်း၊ ချင်းပြည်ပညာရေး မဟာဗျူဟာ စီမံကိန်း ၂၀၂၅ – ၂၀၃၀ ကို ရေးဆွဲအတည်ပြုခြင်း၊ ဆရာအတတ်ပညာ ရက်တိုသင်တန်းများ ဖွင့်လှစ်နိုင်ခြင်း၊ ဘာသာရပ်ကျွမ်းကျင်မှု အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းတို့ လုပ်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.