Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခြေလျင်တပ်ရင်းအမှတ် – ၂၇၄ ကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မင်းတပ်မြို့နယ် စစ်ကောင်စီကင်းစင်ပြီ

ခြေလျင်တပ်ရင်းအမှတ် – ၂၇၄ ကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မင်းတပ်မြို့နယ် စစ်ကောင်စီကင်းစင်ပြီ

0
By Editor on December 22, 2024 Headline

စစ်ဆင်ရေးကာလအတွင်း နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့

ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့က စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် ခြေလျင်တပ်ရင်း အမှတ် – ၂၇၄ ကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မင်းတပ်မြို့နယ်သည် စစ်ကောင်စီကင်းစင်သည့် မြို့နယ်တစ်ခုဖြစ်လာပြီဟု ချင်းညီနောင်အဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို နိုဝင်ဘာလ ၉ ရက်နေ့က စတင်ခဲ့ကြပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မင်းတပ်မြို့က စစ်ကောင်စီနောက်ဆုံးလက်ကျန်စခန်း ခလရ ၂၇၄ ကို အပြီးတိုင် တိုက်ခိုက်သိမ်းခဲ့ကြသည်ဟု သိရသည်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသော Yaw Defense Force (YDF)၊ Yaw Army (YA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်တပ်ရင်း (၃) တို့မှာ ဟန်ချက်ညီညီဆင်နွဲခဲ့ကြပြီး မဆုတ်မနစ်သော စိတ်ဓာတ်တို့ဖြင့် တိုက်ပွဲဝင်နိုင်ခဲ့ကြသောကြောင့် မင်းတပ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ၂၇၄ ကို သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်သည်ဟု ချင်းညီနောင်က ဆိုသည်။

မြို့သိမ်းစစ်ဆင်ရေးတွင် အာရက္ခတပ်တော် AA ၏ စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများအပြင် စစ်ရေးဆိုင်ရာအကြံညဏ်များနှင့် လိုအပ်သောအကူအညီများကို ပံ့ပိုးခဲ့မှုကြောင့် မင်းတပ်မြို့နယ်တစ်ခုလုံးအား အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ပြီး မင်းတပ်မြို့နယ်သည်လည်း စစ်ကောင်စီကင်းစင်သော မြို့နယ်တစ်ခုဖြစ်လာခဲ့ပြီဟု ချင်းညီနောင်က ဆိုသည်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီက ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးအကျဉ်းချထားသည့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကိုလည်း အောင်မြင်စွာကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ချင်းညီနောင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ဖော်ဆောင်ခဲ့သည့် မင်းတပ်မြို့သိမ်းစစ်ဆင်ရေးအတွင်း အသက်ပေးသွားကြသော အာဇာနည်သူရဲကောင်းများ၊ ကိုယ်လက်အဂ်ါပေးဆပ်ခဲ့ကြသည့်ရဲဘော်များ၊ အောင်ပွဲရသည်အထိ စွမ်းစွမ်းတမံ ချီတက်တိုက်ပွဲဝင်ခဲ့ကြသော တပ်မှူးများ၊ တပ်သားများ၏ အမိန့်နာခံမှု၊ တိုက်ရည်ခိုက်ရည်၊ ရဲစွမ်းသတ္တိ၊ ဇွဲလုံ့လရှိမှုတို့ကို လှိုက်လှဲစွာလေးစားဂုဏ်ယူကြောင်းနှင့် ချင်းပြည်ရှိ မြို့နယ်များတွင် ကျန်ရှိ နေသေးသည့် စစ်ကောင် စီတပ်စခန်းများအား သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရိခေါဒါရ်မြို့မှ CNO/CNDF တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွါပြီဟုဆို

ချင်းညီနောင်အဖွဲ့ဝင်အားလုံးကို ULA/AA က စစ်ရေးထောက်ပံ့ပေးနေဟု ISP – မြန်မာ ပြော

CYMA က မြန်မာစစ်ဘေးရှောင်များအတွက် ရူပီးငွေ ၆ သိန်းခန့်တန်းဖိုးရှိသော စားနပ်ရိက္ခာများ ထောက်ပံ့

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.