• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဂန့်ဂေါ်မြို့နယ်သာကောင်းကျေးရွာအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက်မပြည့်သူ လူငယ်တစ်ဦးအား စစ်ကောင်စီမှပစ်သတ်ခဲ့

ဂန့်ဂေါ်မြို့နယ်သာကောင်းကျေးရွာအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက်မပြည့်သူ လူငယ်တစ်ဦးအား စစ်ကောင်စီမှပစ်သတ်ခဲ့

0
By Editor on May 5, 2021 Headline
#Unicode
By လားနွန် – မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကံနှင့် လက်ပံကြား သာကောင်းကျေးရွာတွင် မတ်လ (၃) ရက်နေ့မှစတင်ကာ ယနေ့ နေ့လည်ပိုင်းထိ အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်​ရေးတပ်တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ အသက်မပြည့် လူငယ်တစ်ဦးအား ပစ်သတ်ခဲ့ပြီး အနီးနားရှိပြည်သူများလည်း ထွက်ပြေးတိုင်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးကပြောသည်။
“သူတို့ကရွာထဲကို အတင်းဝင်လာပြီးပစ်တာ၊ ဒီနေ့လည်း မနက် ၁၁ နာရီလောက်မှာ စပစ်တော့ အပစ်ခဏရပ်တဲ့အချိန်မှာ ပစ်ခတ်တာ မရှိတော့ဘူး ထင်ပြီး အသက် ၁၇ လောက်ဘဲရှိတဲ့ လူငယ်တစ်ယောက်က ရွာထဲကိုဝင်တဲ့အချိန်မှာ သူတို့ပစ်သတ်သွားတယ်၊ ကျနော်တို့က မခံချင်စိတ်နဲ့သာ တူမီးနဲ့ပြန်ခံပစ်နေရတာ ဘာမှမလုပ်နိုင်ဘူ၊ သူတို့ဘက်က ထိခိုက်မှုရှိမရှိတော့မသိရသေးဘူး”ဟု ဒေသခံတစ်ဦးမှပြောသည်။
သာကောင်းကျေးရွာရှိ ပြည်သူများနှင့် ဝန်ထမ်းများသည် တစ်ရွာလုံး CDM လုပ်ထားကြပြီး အာဏာသိမ်းစစ်ကောင်စီမှ အတင်းအဓမ္မကျောင်းဖွင့်ရန် ကျောင်းအုပ်ကြီးနှင့် ဂန့်ဂေါမြို့မှ ကျောင်းဆရာမတစ်ဦးတို့ရောက်ရှိလာကာ ရွာသားများမှ မောင်းထုတ်ခြင်းကြောင့် ရဲများရောက်ရှိလာ၍ သေနတ်ပစ်ဖောက်ခြိမ်းခြောက်မှုများပြုလုပ်ပြီး ပြည်သူ့ကာကွယ်​ရေးတပ်က အခြေအနေအရလိုအပ်ချက်အပေါ် ပြန်လည်တုံ့ပြန်ကြောင်း ယမန်နေ့မနက်ပိုင်း ၁၁ နာရီမှ ၁ နာရီနီးပါးထိပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
“ကျနော်တို့ ပြေးနိုင်တဲ့လူအားလုံးကတော့ ထွက်ပြေးနေကြတယ် အသက်ကြီးပိုင်းတွေတော့မပါဘူးပေါ့နော် ရွာသားတွေကတော့ အိမ်ကိုမရောက်ကြသေးဘူး တောထဲတောင်ထဲပြေးနေကြတယ် ကိုယ်လွတ်ပြေးလာခဲ့ရတဲ့အတွက် အစာငတ်ရေငတ်နဲ့ နေရတဲ့အနေအထားမျိုးမှာရှိနေတယ် နီးစပ်ရာနီးစပ်ရာကနေပြီးတော့ ရေတိုက်တာဘာညာလောက်ပဲဖြစ်တယ် အစားအသောက်ပေးတဲ့အနေအထားကတော့ ကျနော်တို့လုပ်ပေးနိုင်တဲ့အနေအထားမျိုးကိုတော့မရှိသေးပါဘူး ထိုနည်းတူပဲ ထီးလင်းဘက်မှာလည်း တိုက်ပွဲဖြစ်ပါတယ် ဟံသာဝတီဘက်မှာလည်း မနေ့က မြောင်းချောင်းတံတားဆိုတာရှိတယ် မြောင်းချောင်းတံတားနားမှာဖြစ်တဲ့အတွက် ဟံသာဝတီရွာသားတွေမဲပြီးတော့မှ သူတို့က ဟံသာဝတီရွာထဲမှာ တစ်အိမ်တက်ဆင်း လိုက်မွှေတာတွေဖြစ်နေလို့ ရွာသားတွေထွက်ပြေးတိုင်းရှောင်နေရတဲ့အနေအထားမှာရှိတယ် ကျနော်တို့တိတိကျကျတော့ စာရင်းမရှိသေးဘူး ဖမ်းဆီးသွားတာတော့ မနေ့ညနေတစ်ယောက်ဖမ်းတယ်လို့လည်းကြားရတယ် ဒါပေမဲ့အခုချိန်ထိတော့ အတည်ပြုလို့မရသေးပါဘူး” ဟု ဂန့်ဂေါမြို့နယ် ဒေသခံတစ်ဦးကပြောသည်။
သာကောင်းကျေးရွာအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်​ရေးတပ်အကြားပစ်ခတ်မှု​ကြောင့် ရွာသားတစ်ဦး ကျည်ထိမှန်ပြီး ကျဆုံးပြီး လက်ရှိအချိန်ထိ အနီးအနားရှိရွာသားများမှာ နေအိမ်သို့ မပြန်ရဲသေးကြောင်းသိရသည်။
#Zawgyi
By လားႏြန္ – မေကြးတိုင္းေဒသႀကီး ဂန႔္ေဂါၿမိဳ့နယ္ ကံႏွင့္ လက္ပံၾကား သာေကာင္းေက်းရြာတြင္ မတ္လ (၃) ရက္ေန႔မွစတင္ကာ ယေန႔ ေန႔လည္ပိုင္းထိ အာဏာသိမ္းစစ္ေကာင္စီႏွင့္ ျပည္သူ႔ကာကြယ္​ေရးတပ္တို့ၾကား ပစ္ခတ္မႈျဖစ္ပြားခဲ့ရာ စစ္ေကာင္စီမွ အသက္မျပည့္ လူငယ္တစ္ဦးအား ပစ္သတ္ခဲ့ျပီး အနီးနားရွိျပည္သူမ်ားလည္း ထြက္ေျပးတိုင္းေရွာင္ေနရသည္ဟု ေဒသခံတစ္ဦးကေျပာသည္။
“သူတို့ကရြာထဲကို အတင္းဝင္လာၿပီးပစ္တာ၊ ဒီေန႔လည္း မနက္ ၁၁ နာရီေလာက္မွာ စပစ္ေတာ့ အပစ္ခဏရပ္တဲ့အခ်ိန္မွာ ပစ္ခတ္တာ မရွိေတာ့ဘူး ထင္ၿပီး အသက္ ၁၇ ေလာက္ဘဲရွိတဲ့ လူငယ္တစ္ေယာက္က ရြာထဲကိုဝင္တဲ့အခ်ိန္မွာ သူတို့ပစ္သတ္သြားတယ္၊ က်ေနာ္တို့က မခံခ်င္စိတ္နဲ႔သာ တူမီးနဲ႔ျပန္ခံပစ္ေနရတာ ဘာမွမလုပ္နိုင္ဘူ၊ သူတို့ဘက္က ထိခိုက္မွုရွိမရွိေတာ့မသိရေသးဘူး”ဟု ေဒသခံတစ္ဦးမွေျပာသည္။
သာေကာင္းေက်းရြာရွိ ျပည္သူမ်ားႏွင့္ ဝန္ထမ္းမ်ားသည္ တစ္ရြာလုံး CDM လုပ္ထားၾကၿပီး အာဏာသိမ္းစစ္ေကာင္စီမွ အတင္းအဓမၼေက်ာင္းဖြင့္ရန္ ေက်ာင္းအုပ္ႀကီးႏွင့္ ဂန႔္ေဂါၿမိဳ့မွ ေက်ာင္းဆရာမတစ္ဦးတို့ေရာက္ရွိလာကာ ရြာသားမ်ားမွ ေမာင္းထုတ္ျခင္းေၾကာင့္ ရဲမ်ားေရာက္ရွိလာ၍ ေသနတ္ပစ္ေဖာက္ၿခိမ္းေျခာက္မွုမ်ားျပဳလုပ္ၿပီး ျပည္သူ႔ကာကြယ္​ေရးတပ္က အေျခအေနအရလိုအပ္ခ်က္အေပၚ ျပန္လည္တုံ႔ျပန္ေၾကာင္း ယမန္ေန႔မနက္ပိုင္း ၁၁ နာရီမွ ၁ နာရီနီးပါးထိပစ္ခတ္မွုျဖစ္ပြားခဲ့သည္ဟု သိရသည္။
“က်ေနာ္တို့ ေျပးနိုင္တဲ့လူအားလုံးကေတာ့ ထြက္ေျပးေနၾကတယ္ အသက္ႀကီးပိုင္းေတြေတာ့မပါဘူးေပါ့ေနာ္ ရြာသားေတြကေတာ့ အိမ္ကိုမေရာက္ၾကေသးဘူး ေတာထဲေတာင္ထဲေျပးေနၾကတယ္ ကိုယ္လြတ္ေျပးလာခဲ့ရတဲ့အတြက္ အစာငတ္ေရငတ္နဲ႔ ေနရတဲ့အေနအထားမ်ိဳးမွာရွိေနတယ္ နီးစပ္ရာနီးစပ္ရာကေနၿပီးေတာ့ ေရတိုက္တာဘာညာေလာက္ပဲျဖစ္တယ္ အစားအေသာက္ေပးတဲ့အေနအထားကေတာ့ က်ေနာ္တို့လုပ္ေပးနိုင္တဲ့အေနအထားမ်ိဳးကိုေတာ့မရွိေသးပါဘူး ထိုနည္းတူပဲ ထီးလင္းဘက္မွာလည္း တိုက္ပြဲျဖစ္ပါတယ္ ဟံသာဝတီဘက္မွာလည္း မေန႔က ေျမာင္းေခ်ာင္းတံတားဆိုတာရွိတယ္ ေျမာင္းေခ်ာင္းတံတားနားမွာျဖစ္တဲ့အတြက္ ဟံသာဝတီရြာသားေတြမဲၿပီးေတာ့မွ သူတို့က ဟံသာဝတီရြာထဲမွာ တစ္အိမ္တက္ဆင္း လိုက္ေမႊတာေတြျဖစ္ေနလို့ ရြာသားေတြထြက္ေျပးတိုင္းေရွာင္ေနရတဲ့အေနအထားမွာရွိတယ္ က်ေနာ္တို့တိတိက်က်ေတာ့ စာရင္းမရွိေသးဘူး ဖမ္းဆီးသြားတာေတာ့ မေန႔ညေနတစ္ေယာက္ဖမ္းတယ္လို့လည္းၾကားရတယ္ ဒါေပမဲ့အခုခ်ိန္ထိေတာ့ အတည္ျပဳလို့မရေသးပါဘူး” ဟု ဂန႔္ေဂါၿမိဳ့နယ္ ေဒသခံတစ္ဦးကေျပာသည္။
သာေကာင္းေက်းရြာအတြင္း အာဏာသိမ္းစစ္ေကာင္စီတပ္ႏွင့္ ျပည္သူ႔ကာကြယ္​ေရးတပ္အၾကားပစ္ခတ္မွု​ေၾကာင့္ ရြာသားတစ္ဦး က်ည္ထိမွန္ၿပီး က်ဆုံးၿပီး လက္ရွိအခ်ိန္ထိ အနီးအနားရွိရြာသားမ်ားမွာ ေနအိမ္သို့ မျပန္ရဲေသးေၾကာင္းသိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.