Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စကစ လက်နက်ကြီးကြောင့် ဖလမ်းမြို့နယ်က အသက် ၁၀၀ ကျော်အရွယ် အဖွားအိုတစ်ဦး သေဆုံး

စကစ လက်နက်ကြီးကြောင့် ဖလမ်းမြို့နယ်က အသက် ၁၀၀ ကျော်အရွယ် အဖွားအိုတစ်ဦး သေဆုံး

0
By Editor on November 27, 2023 Khonumthung

(003PT)

ချင်းပြည်နယ် ဖလမ်းမြို့နယ် စီဇာမွာလ်ကျေးရွာက အသက် ၁၀၀ ကျော်အရွယ်ရှိပြီဖြစ်သော အဖွားအိုသည် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယနေ့မနက်ပိုင်းက သေဆုံးခဲ့သည်ဟု သိရသည်။

ဖလမ်းမြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ် ခလရ ၂၆၈ တပ်ကုန်းမှ ယနေ့မနက်ပိုင်း ၂ နာရီ၀န်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖလမ်းမြို့အနီးရှိ စီဇာမွာလ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ဒီမနက် ၂ နာရီဝန်းကျင်မှာ သူတို့လက်နက်ကြီးကျပြီးတော့ အဖွားအိုတစ်‌ယောက် သေသွားတယ်ပေါ့နော်။ ပြီးတော့ သူ့သူမီးတစ်ယောက်ကလည်း ဒဏ်ရာရတယ်၊ အခု ဖလမ်းပြည်သူ့ဆေးရုံမှာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးထိခိုက်မှုကြောင့် သေဆုံးသူမှာ အသက် ၁၀၅ နှစ်အရွယ်ရှိ Pi Ram Tlung ဖြစ်ပြီး သူမီးဖြစ်သူ အသက် ၆၄ အရွယ်ရှိ Pi Zo Htwe မှာလည်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဖလမ်းမြို့ ပြည်သူ့ဆေးရုံတွင် အရေးပေါ် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

စီဇာမွာလ် ကျေးရွာသည် ဖလမ်းမြို့အောက်ဘက် ၂ မိုင်ခန့်အကွာတွင်တည်ရှိပြီး ဖလမ်း-ကလေး လမ်းမကြီးအနီးရှိ ရွာတစ်ရွာဖြစ်သည်။

Photo crd- Rihli Voice

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.