• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက ကလေး-ရိ ယာဉ်လိုင်းများ ငွေကြေးအဆမတန် ကောက်ခံနေ

စစ်ကောင်စီက ကလေး-ရိ ယာဉ်လိုင်းများ ငွေကြေးအဆမတန် ကောက်ခံနေ

0
By Editor on November 10, 2021 Headline

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့သို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းများကို ရဲနှင့် စစ်သားများက ငွေကြေးအဆမတန် ကောက်ခံနေသည့်အတွက် ကားသမားများ အခက်ကြုံနေရသည်ဟု သိရသည်။

ကလေးမြို့မှ ချင်းတောင်တက်သည့် ကလေး-ခိုင်ကမ်း-တီးတိန်-ရိ ကားလမ်းတစ်လျှောက်ရှိ လုံခြုံရေးနှင့် စစ်ဆေးရေးဂိတ်များတွင် ရဲနှင့် စစ်သားများကို ကားတစ်စီးလျှင် အနည်းဆုံး ကျပ်ငွေ ၅၀၀၀ ပေးဆောင်ရပြီး ရိခေါဒါရ်မြို့အထိ စုစုပေါင်း ကျပ်ငွေ ၃၀၀၀၀ ကျော်ခန့် ပေးဆောင်နေရသည်ဟု အမည်မဖော်လိုသည့် ကားသမားတစ်ဦးက ပြောသည်။

“ကျနော်တို့အရင်တစ်ခါလိုပေးတာထက် နည်းနည်းများသွားပြီ အခုလည်း ၅၀၀၀ ပဲကောက်တော့တာ ရိ ထိသွားမယ်ဆိုရင် ၅၀၀၀ ပေးပေးနေရင်း ၃၀၀၀၀ ကျော်လောက်ကျသွားတယ် ခိုင်ကမ်းဂိတ်ဆိုရင် လက်မှတ်ထိုးပြီး ပိုက်ဆံထည့်တာ တောင်သူတို့ရဲတွေက ဘယ်လောက်ထည့်လဲမေးတယ် ၁ ထောင်ထည့်တယ်ပြောရင် ၄ ထောင်ထပ်ထည့် မရဘူးဆိုပြီး အတင်းကိုထည့်ခိုင်းနေတာ သူတို့ပြောတာတော့ ငါတို့ကိုနောက်တစ်ခါပြန်လာပစ်ရင် နောက်ထပ် ၅၀၀၀ ထပ်တိုး ကောက်မယ်လို့ ကျနော်တို့ ကားသမားတွေဆီပြောတာ အဆင်မပြေဘူး ပေးရတာများလို့ကားသမားတွေအတွက်” ဟု ကလေး-ရိယာဉ်လိုင်းပြေးဆွဲနေသည့် ကားဆရာတစ်ဦးက ပြောသည်။

ယခင် စက်တင်ဘာလက ခိုင်ကမ်း (၉) မိုင် ယာဉ်အသွားအလာစစ်ဆေးရေးဂိတ်နှင့် ရဲစခန်းကို PDF-Zoland၊ CDF-KKG၊ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးရဲဝန်ထမ်း (၅) ဦးသေဆုံးမှုရှိခဲ့ပြီးနောက် လုံခြုံရေးတင်းကြပ်မှုရှိလာသည့်အပြင် ကလေး-တီးတိန်-ရိ လမ်းတစ်လျှောက်တွင်လည်း စစ်ကောင်စီတပ်သားများ စခန်းချတပ်စွဲမှုများရှိလာခဲ့သည်။

ယခုကဲ့သို့ လမ်းခရီးတစ်လျှောက်တွင် ရဲနှင့်စစ်သားများအား ငွေကြေးပေးဆောင်နေရသည့်အတွက် ကလေး-ရိအကြား ကားခမှာလည်း ယခင်က လူတစ်ဦးလျှင်ကျပ်ငွေ ၁၅၀၀၀ ခွဲခန့်ရှိရာမှ ၅၀၀၀၀ ခန့်အထိမြင့်တက်သွားပြီး ခရီးသွားပြည်သူ များလည်း အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

“လမ်းမှာ ရဲနဲ့ စစ်သားကို ပိုက်ဆံပေးရတာအရမ်းများတော့ ကုန်ပစ္စည်းသယ်ယူခနဲ့ ကားခတွေက မတက်လို့မရဘူးလေ” ဟု အမည်မဖော်လိုသည့် ကားဂိတ်မှူးတစ်ဦးကပြောသည်။

ကလေး-ရိခေါဒါရ်မြို့အကြား နေ့စဉ်ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်း လူစီးကားနှင့် ကုန်တင်ကား အစီး ၂၀ ခန့်ရှိပြီး ယခုရက်ပိုင်းအတွင်း လုံခြုံရေးအခြေအနေကြောင့် ပြေးဆွဲမှု ရပ်နားထားသူများလည်းရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးသွားသူနှစ်ဦး၏ မီးရှို့ခံထားရသော အလောင်းတွေ့ရှိ

ဟားခါးမြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦးဓားထိုးခံရ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.