(004SS)
နိုင်ငံတစ်ဝန်းရှိ တိုင်းနှင့် ပြည်နယ်အချို့တွင် အထူးအစီအစဉ်တစ်ရပ်ဟုဆိုကာ စစ်ကောင်စီက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ပြန်လည်ကျင်းပရန် စီစဉ်လျှက်ရှိပြီး ချင်းပြည်နယ်တွင်လည်း မတူပီစာစစ်ဌာနတွင် ပြန်လည်ကျင်းပမည်ဟု သိရသည်။
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ မှ ၁၉ ရက်နေ့အတွင်း ကျင်းပပြီးစီးခဲ့ပြီးဖြစ်သော်လည်း အချို့ေဒသများတွင် လုံခြုံရေးအရ စာမေးပွဲဖြေဆိုခွင့်မရရှိခဲ့သည့် ကျောင်းသူ/ကျောင်းသားများအတွက် အထူးအစီအစဉ်ဖြင့် ပြန်လည် ကျင်းပပေးမည်ဟု စစ်ေကာင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါ အထူးအစီအစဉ်တစ်ရပ်အဖြစ် ကျင်းပဆောင်ရွက်မည့် စာမေးပွဲအား လာမည့် ဧပြီလ ၂၉ ရက်နေ့မှ စတင်ကာ မေလ ၆ ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး ကျောင်းသူကျောင်းသားများအနေဖြင့် ဧပြီလ ၁၂ ရက်နေ့နောက်ဆုံးထား၍ မိမိဖြေဆိုလို သော စာစစ်ဌာနများသို့စာရင်းပေးသွင်းရမည်ဟု သိရသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ချင်းပြည်နယ်အတွင်း စာမေးပွဲဖြေဆိုရန် လျှောက်ထားသူဦးရေ ၁၇၂၃ ရှိသည့်အနက် အမှန်တကယ် လာရောက်ဖြေဆိုသူမှာ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူ အယောက် ၁၃၂၂ ဦးရှိခဲ့သည်။
ထိုသို့ပျက်ကွက်သူများရခြင်းမှာ လုံခြုံေရးအရ စာမေးပွဲဖြေဆိုရန် ေနရာသို့ ကျောင်းသူကျောင်းသားများ မသွားရောက် နိုင်ခြင်းကြောင့်ဖြစ်သည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ခိုနူမ်းသုန်ကိုပြောသည်။
စာစစ်ဌာန ၁၀ ခုရှိသည့် ချင်းပြည်နယ်တွင် ယခုနှစ်တက္ကသိုလ်၀◌င်တန်းစာမေးပွဲကို အထက(၁) ဟားခါး၊ အထက(၂) ဖလမ်း၊ အထက(၁) တီးတိန်၊ အထက- တွန်းဇံ၊ အထက- ကျီခါး၊ အထက (၁) မင်းတပ်၊ အထက (၂) မတူပီ စသည့် စာစစ်ဌာန ၇ ခုမှာသာ ကျင်းပနိုင်ခဲ့ကြသည်။
အထက (၁) ပလက်ဝ၊ အထက (၂) ပလက်ဝ၊ အထက-ဆမီး စသည့်စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ အများဆုံးဖြစ်သော်လည်း ကျင်းပပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ။
မြို့နယ် ၉ ခုရှိသည့် ချင်းပြည်နယ်တွင် ထန်တလန်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့သည် စစ်အာဏာသိမ်းမှုဖြစ်ပွား သည့်နောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုနှင့် နေရပ်စွန်ခွာထွက်ပြေးနေရခြင်းကြောင့် စာစစ်ဌာန ဖွင့်လှစ်နိုင်ခြင်း မရှိပေ။