• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်ဖွဲ့က နတ်ချောင်းကျေးရွာရှိ လူနေအိမ် ၂၀ လုံးခန့် ထပ်မံမီးရှို့

စစ်ကောင်စီတပ်ဖွဲ့က နတ်ချောင်းကျေးရွာရှိ လူနေအိမ် ၂၀ လုံးခန့် ထပ်မံမီးရှို့

0
By Editor on April 12, 2022 Headline

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကေလး-ဂန့်ဂေါလမ်းမပေါ်ရှိ နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ ဧျပီလ ၁၀ ရက်ညနှင့် ယနေ့မနက်ပိုင်းတွင် ထပ်မံမီးရှိုှု့ကာ ပညာ့ဗိမာန် ကိုယ်ပိုင်အထက်တန်းကျောင်း (၃) ထပ်အဆောက်အအုံအပါအဝင် လူနေအိမ် အလုံး ၂၀ ခန့် ပျက်စီးသွားသည်ဟုသိရသည်။

“မီးရှို့တာက မနေ့ညနေကတည်းက နတ်ချောင်း၊ ချောင်းခွကို ရှို့တယ်။ အေရအတြက္က အသိအက်မသိရေသး ဘူး။ နယ်မြေရှင်းလင်းရေးလုပ်တာမပြီးသေးလို့။ အခုက ခန့်မှန်းတာတော့ အလုံး ၂၀ လောက်တော့ အရှို့ခံရမယ်လို့ပြောကြတယ်။ အခုဆိုရင် ကြီးကြီးမားမားမီးရှို့တာ တတိယအကြိမ်ဖြစ်သွားပြီ” ဟု PDF-Kalay တာဝန်ခံတစ်ဦးက ပြောသည်။

ကလေးမြို့နယ်၊ ရန်ကြီးအောင်ကျေးရွာမှ ကလေးမြို့သို့တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ကြားဖြတ်ချုံခို အနီးကပ်ပစ်ခတ်တိုက်ခိုက်ပြီးတွင် စစ်ကောင်စီတပ်မှ နတ်ချောင်း၊ ချောင်းခွရွာအတွင်း ဝင်ရောက်ခဲ့ကြပြီး လူနေအိမ်များ ဖောက်ထွင်း မီးရှိုှုှု့ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဖက်က ဟဲ့လုပ်ရွာအနီးတွင် ၄ ဦး၊ ပန်းမွန်ချောင်းအနီးတွင် ၂ ဦး၊ နတ်ချောင်းရွာအနီးတွင် ၄ ဦးသေဆုံးခဲ့ပြီး ဧျပီလ ၁၁ ရက် ယနေ့ မနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် PDF-Kalay/ CNDF/ CDF- KKG/ ပ.က.ဖ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့နယ််တောင်ပိုင်း၊ နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ ကျေးရွာများမှ လူနေအိမ်းများကို မီးရှို့ခဲ့ပြီး ပထမအကြိမ်နှင့်ဒုတိယအကြိမ်မီးလောင်မှုတွင် အိမ်ခြေ (၇၀) ဝန်းကျင်ခန့် ဖျက်ဆီးခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် စစ်ကားအပါအဝင် ရိက္ခာတင်ဆောင်သည့်ကား ၃၀ စီးသည် ယမန်နေ့ည နတ်ချောင်းကျေးရွာတွင် ညအိပ်ခဲ့ပြီး ယနေ့တွင် ကလေးမြို့သို့ ဆက်လက်ဦးတည်ထွက်ခွာနိုင်သည်ဟု သိရသည်။

PDF-Kalay/ RKDF နှင့် CDF-KKG တပ်ဖွဲ့မှ စစ်ရေးတင်းမာမှုများကြောင့် ဧျပီလ ၉ ရက်နေ့ကစတင်ပြီး ရက်သတ္တပတ်အတွင်း ကေလး-ဂန့်ဂေါလမ်းပိုင်းအား အသုံးမပြုကြရန် ပြည်သူများထံ မေတ္တာရပ်ခံထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.