• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်ဖွဲ့က သာယာကုန်းကျေးရွာသား ၃ ဦးကိုသတ်ဖြတ်ပြီး ရွာသား ၃၀ ခန့်ကို ဆက်လက်ဖမ်းဆီးထားဟုဆို

စစ်ကောင်စီတပ်ဖွဲ့က သာယာကုန်းကျေးရွာသား ၃ ဦးကိုသတ်ဖြတ်ပြီး ရွာသား ၃၀ ခန့်ကို ဆက်လက်ဖမ်းဆီးထားဟုဆို

0
By Editor on August 8, 2022 Headline

တိုက်ပွဲပြင်းထန်နေသော ကလေးမြို့နယ်တောင်ပိုင်း သာယာကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က ဒေသခံရွာသား ၃ ဦးသတ်ဖြတ်ပြီး အယောက် ၃၀ ခန့်ကို ဆက်လက်ဖမ်းဆီးထားသည်ဟု PDF (Kalay) တပ်ဖွဲ့က ထုတ်ပြန်သည်။

ကလေးနည်းပညာတက္ကသိုလ်ကျောင်းအနီး သာယာကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ သြဂုတ်လ ၂ ရက်နေ့ မှ သြဂုတ်လ ၄ ရက်နေ့အထိ တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က သာယာကုန်းကျေးရွာက လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ရွာသားအယောက် ၃၀ ကို ဆက်လက်ဖမ်းဆီးထားသည်ဟု PDF (Kalay) တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရွာသားအယောက် ၃၀ ဖမ်းထားတယ် အဲဒီက ၃ ယောက်ကိုသတ်လိုက်တယ် အခု ရွာသား ၂၇ ယောက်ကို ဆက်ပြီးဖမ်းထားတုန်းပဲ” ဟု ၎င်းကပြောသည်။

အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိသော သာယာကုန်းကျေးရွာတွင် လူဦးရေ ၁၅၀၀ ခန့်နေထိုင်ကြပြီး ချင်းလူမျိူးအများစုနေထိုင်ကြသည့် ကျေးရွာဖြစ်သည်။

ယခုဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ရွာသားအားလုံးနီးပါးသည် နီးစပ်ရွာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယခုအဖမ်းခံရသူများသည် စစ်ကောင်စီတပ်ဖွဲ့များရွာထဲသို့ ဝင်လာစဉ် ပိတ်မိနေသည့် ရွာသားများဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် ယနေ့ သြဂုတ်လ ၅ ရက်နေ့တွင်လည်း ကလေးမြို့တွင်း တောင်ဖီလာရပ်ကွက် ဝန်ထမ်းအိမ်ရာအနီးတွင် ထိတွေ့မှုထပ်မံဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သားများပါလာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၆ ဦး အခင်းဖြစ်ရာနေတွင် သေဆုံးကာ ကျန် ၄ ဦးမှာလည်း စစ်ဆေးရုံသို့ပို့ဆောင်စဉ် ထပ်မံသေဆုံးခဲ့သည်ဟု PDF (Kalay) ထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အထိနာသော စစ်ကောင်စီတပ်ဖွဲ့သည် သေနတ်များရမ်းသမ်းပစ်ခတ်မှုကြောင့် အနီးနားရှိ ပြည်သူတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ကလေးတောင်ပိုင်းဒေသ ကမ်းပါးနီတံတား၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် မြောင်းချောင်းတံတာဘက်သို့ ဦးတည်ထွက်ခွါလာစဉ် PDF (Kalay) က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

ထို့နောက် ရဟတ်ယာဉ်တစ်စီးရောက်ရှိလာပြီး မိုင်းထိသေဆုံးသည့် စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများအား သယ်ယူသွားကြသည်ဟု PDF (Kalay) က ဆိုသည်။

အလားတူ ကလေးမြို့မြောက်ပိုင်း ရာဇဂြိုလ်ရွာသို့ သြဂုတ်လ ၄ ရက်နေ့က ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့သည့် ယနေ့နံနက်ပိုင်းက ကျေးရွာအတွင်း လူနေအိမ်များအား မီးရှို့ခဲ့ကြပြီး ပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု PDF (Kalay) က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.