ချင်းပြည်နယ် မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော တပ်သား မျိုးသက်ပိုင်သည် ယမန်နေ့ ဒီဇင်ဘာ ၁၆ ရက်နေ့က CDM ပြုလုပ်ခဲ့ပြီး CDF-Mindat ထံ ဝင်ရောက်ခိုလှုံခဲ့သည်ဟု သိရသည်။
တပ်သား မျိုးသက်ပိုင်သည် ၎င်းနှင့်အတူ MA 1 တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံ ၆၅ တောင့်၊ ကျည်ကာဝတ်စုံ တစ်စုံတို့ဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခဲ့ခြင်းဖြစ်သည်ဟု CDF-Mindat က ထုတ်ပြန်သည်။