ချင်းပြည်နယ် တီးတိန်မြို့နယ် Zimte ကျေးရွာရှိ ချင်းအမျိုးသားတပ်မတော် CNA တပ်မဟာ ၄ စခန်းငယ်တစ်ခုကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက် ခိုက်မှုကြောင့် CNA ရဲဘော် ၂ ဦးကျဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယနေ့နေ့လယ်ပိုင်း ၁၁ နာရီ ၄၅ မိနစ် ဝန်းကျင်ခန့်က Zimte ကျေးရွာအနီးက CNA တပ်မဟာ ၄ တပ်စခန်းကို စစ်ကောင်စီက တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CNA ရဲဘော်တစ်ဦး ထိုနေရာတွင် ပွဲချင်းပြီးကျဆုံးကာ ၅ ဦးဒဏ်ရာ ရရှိခဲ့သည်ဟု CNA နီးစပ်သော မြေပြင်သတင်းရင်းမြစ်က ဆိုသည်။
ထို့နောက် ဒဏ်ရာရရှိသူထဲမှ ဆေးတပ်ဖွဲ့က ရဲမေတစ်ဦးလည်း ပြင်းထန်ဒဏ်ရာကြောင့် ထပ်မံကျဆုံးခဲ့ရသည်ဟု သိရသည်။
ယခုလက်ရှိတွင် ဒဏ်ရာရရှိသူ ရဲဘော် ၄ ဦးထဲမှ ၂ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။