Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်မှုတွင် ပါဝင်သော Non-CDM များကို စစ်ကောင်စီလိုသဘောထား၍ ပစ်ခတ်မည်ဟု CDF-Hakha သတိပေး
ပုံစာ - ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းမြို့နယ်အဆင့်စာရင်းစစ်/စာရင်းကောက်သင်တန်းအခမ်းအနား

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်မှုတွင် ပါဝင်သော Non-CDM များကို စစ်ကောင်စီလိုသဘောထား၍ ပစ်ခတ်မည်ဟု CDF-Hakha သတိပေး

0
By Editor on September 24, 2024 Headline

(004SS)

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမည့်အစီအစဉ်၌ပါဝင်သည့် Non-CDM ဝန်ထမ်းများကို စစ်ကောင်စီကဲ့သို့ သဘောထားပြီး ပစ်ခတ်မှုပြုလုပ်တော့မည်ဟု CDF-Hakha က ယမန်နေ့ ညနေပိုင်းတွင် သတိပေးချက် ထုတ်ပြန်သည်။

ချင်းပြည်နယ် ဟားခါမြို့က ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းများကို စစ်ကောင်စီက စက်တင်ဘာလ ၂၃ ရက်နေ့တွင် ခေါ်ယူကာ ရွေးကောက်ပွဲနှင့်ပတ်သက်သော သန်းခေါင်စာရင်းကောက်ယူနည်း သင်တန်းများကို ပို့ချခဲ့သည်ဟု သိရသည်။

CDF- Hakha အနေဖြင့် လွန်ခဲ့သော ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီနှင့်အတူလက်တွဲကာ အလုပ်လုပ်ကိုင်သူများအား စစ်ကောင်စီကဲ့သို့ သဘောထားမည့်အကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့အား အသက်အန္တရာယ်ထိခိုက်သည့်အထိ ပစ်ခတ်ခြင်းမပြုခဲ့ကြောင်းဆိုသည်။

သို့သော် ယခုအခါ စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်တွင် သန်းခေါင်စာရင်းကောက်ယူရာ၌ ပါဝင်ကူညီသူ Non-CDM များအပါအဝင် မည်သူမဆို စစ်ကောင်စီသဖွယ်သဘောထားကာ တွေ့ရာအရပ်၌ ပစ်ခတ်တော့မည့်အကြောင်း CDF-Hakha က အတိအလင်း သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက နိုင်ငံတစ်ဝန်း တိုင်းနှင့် ပြည်နယ် အသီးသီးတွင် မြို့နယ်အဆင့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူနည်းသင်တန်းပြုလုပ်လျက်ရှိနေပြီး ဟားခါးမြို့အပါအဝင် ချင်းပြည်နယ်ရှိ အချို့သော မြို့များတွင်လည်း ကျင်းပခဲ့ပြီးဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်ကောက်ယူသွားမည်ဟု သိရသည်။

ချင်းပြည်နယ်မှာတော့ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်းက ၂၀၂၄ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူ ရေး လုပ်ငန်းစဉ်အတွက် လူဦးရေနှင့် အိမ်အကြောင်းအရာဆိုင်ရာ လှုံ့ဆော်ရေးမြေစိုက်ပိုစတာစိုက်ထူခြင်း ဆိုင်းဘုတ်တင် အခမ်းအနားကို ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ ပြည်နယ် အစိုးရရုံးရှေ့တွင် ဖွင့်လှစ်ကျင်းပခဲ့ပြီးနောက် လမ်းသွားလမ်းလာ ပြည်သူများအား လက်ကမ်းစာဆောင်များကို ဖြန့်ဝေခဲ့ပြီး ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.